၂၀၂၁ အကုန်မှာ ဖျက်သိမ်းတော့မယ့် iTunes U

Apple ဟာ ၂၀၂၁အကုန်မှာ iTunes U ကိုဖျက်သိမ်းမယ်လို့ support စာရွက်စာတမ်းအသစ်နဲ့ ကြေညာလိုက်ပါတယ်။ iTunes U tool တွေနေရာမှာ Classroom နဲ့ Schoolwork အပြင် Apple School Manager tool ပါဝင်တဲ့ ဆရာနဲ့ ကျောင်းသားအတွက် မျိုးဆက်သစ် app ကိုအစားထိုးသွားပါမယ်။

iTunes U ဟာသင်ရိုးညွှန်းတမ်းပေါင်း များစွာရှိတဲ့ ဝန်ဆောင်မှုဖြစ်ပြီး ဆရာနဲ့ ကျောင်းသားတွေအတွက် အလွန်အသုံးဝင်ပါတယ်။ Apple အနေနဲ့ ၂၀၂၀ ကနေ ၂၀၂၁ ပညာသင်နှစ်အတွင်း iTunes U ကိုထားရှိပေးပါမယ်။ iTunes U ပေါ်က content တွေကို အများအတွက် ဖြန့်ချိပေးမှာပါ။ လက်ရှိ iTunes U သုံးစွဲသူတွေက Apple Podcast ဒါမှမဟုတ် Apple Books ကတစ်ဆင့် content တွေကို ဖြန့်ချိနိုင်ပါသေးတယ်။

တစ်ကိုယ်ရေတစ်ကာယ သုံးစွဲသူတွေအနေနဲ့ Schoolwork app ကိုပြောင်းလဲအသုံးပြုဖို့ Apple ကအကြံပေးထားပါတယ်။ အပြောင်းအလဲတွေ လွယ်ကူစွာ လုပ်နိုင်ဖို့ iTunes U မှာ ClassKit ထောက်ပံ့ဖို့ စီစဉ်ထားပါတယ်။ iTunes U သင်ရိုးတွေကို Schoolwrok Handout အဖြစ်အသွင်ပြောင်းနိုင်ပါတယ်။ iTunes U က content တွေကို အခြား third-party app တွေဒါမှမဟုတ် သင်ကြားရေးစီမံခန့်ခွဲရေးစနစ်ထဲ ရွေ့ဖို့ export feature တစ်ခုလည်း ပါဝင်လာပါမယ်။

-စိုးထက်
Ref: MacRumors