၂၀၂၁ မှာ ထွက်ရှိမယ့် Mi Mix 2

Xiaomi ရဲ့ Mi Mix ဖုန်းကတော့ ဆန်းသစ်တီထွင်မှု အသားပေးတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ Mi Mix ဒုတိယမျိုးဆက် စမတ်ဖုန်းကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်လာနိုင်တယ်လို့ Digital Chat Station ကဖော်ပြခဲ့ပါတယ်။

Mi Mix အသစ်မှာတော့ spec တွေက ပိုကောင်းမွန်လာနိုင်ပြီး ခေါက်လို့ရတဲ့ display ပါဝင်လာနိုင်ပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ အချက်အလက်အရ 200W အားသွင်းမြန်ဆန်စနစ် ပါဝင်လာနိုင်ပါတယ်။ ဖုန်း display ကတော့ QHD ရုပ်ထွက်အရည်အသွေးနဲ့ ခေါက်စမတ်ဖုန်း panel ဖြစ်တယ်လို့ သိရပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««