၂၀၂၁ မှာဖွင့်လှစ်မယ့် ဂျပန် Super Nintendo World

Nintendo ဟာ လာမယ့်နွေရာသီမှာ အိုဆာကာက ဂျပန် Universal Studios မှာ ပထမဆုံး theme ပန်းခြံကို ဖွင့်လှစ်မယ်လို့ ကြေညာထားပါတယ်။

Super Nintendo World ကို ၂၀၂၀ တိုကျို နွေရာသီအိုလံပစ်ပွဲ မတိုင်မီ ဖွင့်လှစ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ COVID-19 ကပ်ရောဂါကြောင့် အိုလံပစ်ပွဲနဲ့ ပန်းခြံဖွင့်လှစ်မှုကိုလည်း နောက်ဆုတ်ခဲ့ရပါတယ်။

        

   

သီးခြားအဖြစ် Nintendo က လာမယ့်အပတ်အတွင်း ဂျပန် Universal Studio ဟောလိဝုဒ်ဧရိယာမှာ ကော်ဖီဆိုင်နဲ့ စတိုးဆိုင်တွေ ဖွင့်လှစ်သွားပါမယ်။

       

အောက်တိုဘာ ၁၆ ရက်မှာ ကော်ဖီဆိုင်နဲ့ စတိုးကို ဖွင့်လှစ်မယ်လို့ သိရပါတယ်။

-စိုးထက်
Ref: TheVerge

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««