၂၀၂၁ တွင် ထွက်ရှိလာမည့် eSkootr ဂိမ်း

Formula E ယာဉ်မောင်း လူးကပ်ဒီဂရာဆီနဲ့ Formula One ယာဉ်မောင်းဟောင်း အဲလက်စ်ဝါ့ဇ်တို့ က လျှပ်စစ်စကူတာ racing ဂိမ်း တစ်မျိုးကို ဖန်တီးနေပါတယ်။

“Electric Scooter Championship” ဒါမှမဟုတ် “eSkootr” အမည်ရဂိမ်းက ၂၀၂၁ ခုနှစ်မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ ဂိမ်းမှာ Tron ရုပ်ရှင်စတိုင် စကူတာတွေ နဲ့ မြို့ထဲလမ်းမအတွင်း ယှဉ်ပြိုင်မောင်းနှင်ရပါမယ်။ eSkootr ဂိမ်းကို ဘယ်သူက ငွေကြေးထောက်ပံ့ပြီး ပြိုင်ပွဲဝင်တွေထဲမှာ ဘယ်သူတွေ ပါဝင်မလဲဆိုတာ မသိသေးပါဘူး။

ဂိမ်းထဲက စကူတာတွေကို တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းနဲ့ မောင်းနိုင်မယ်လို့ သိရပါတယ်။ ဂိမ်းထဲမှာ ကြီးမားတဲ့ platform တွေ၊ တာရာခပ်တုတ်တုတ် ပါဝင်ပြီး မြန်ဆန်တဲ့ယာဉ်ကို ထိန်းကျောင်းဖို့ ဆိုင်းထိန်းစနစ်တွေ ပါဝင်မယ်လို့ မိတ်ဆက်ဗီဒီယိုအရ သိရပါတယ်။

စိုးထက်
Ref: TheVerge