၂၀၂၁ ဇွန်လမှာ DLC ထွက်လာမယ့် Cyberpunk 2077 ဂိမ်း

Cyberpunk 2077 ဂိမ်းဟာ စတင်ထွက်ရှိချိန်ကတည်းက အခက်အခဲ အမျိုးမျိုးအပြင် ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။ Platform အားလုံးထွက်လာတဲ့ ဂိမ်းက အားနည်းချက်များစွာ ရှိပြီး frame rate နဲ့ အကြမ်းထည်ဆန်မှုကြောင့် PS4 နဲ့ Xbox ဂိမ်းစက်တွေမှာ ကစားလို့ မရတာလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ CD Projekt Red ကတော့ အားနည်းချက်တွေကို ပြင်ဆင်ဖို့ ကြိုးစားထားပါတယ်။ Cyberpunk 2077 အတွက် အခမဲ့နဲ့ အခပေး DLC ၂ မျိုးစလုံး ရရှိမယ်လို့ ဂိမ်းဖန်တီးသူက အတည်ပြုလိုက်ပါတယ်။ Cyberpunk 2077 ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ bug ပြင်ဆင်မှုကလည်း ဂိမ်းအတွက် အရေးကြီးပါတယ်။

Cyberpunk 2077 ဂိမ်းအတွက် အခမဲ့နဲ့ အခပေး DLC ဘယ်အချိန်မှာ ထွက်လာမလဲ ဆိုတာ အတည်အကျ မသိပါဘူး။ CD Projekt Red ကုမ္ပဏီကတော့ Cyberpunk 2077 DLC ကို ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ထွက်လာဖို့ စီစဉ်ထားတယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အခမဲ့ DLC က ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီလမှာလည်း ထွက်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ CD Projekt Red ကတော့ platform အားလုံးက ဂိမ်းအလုပ်အလုပ်မှု တည်ငြိမ်စေဖို့ အရေးပါဆုံး patch တွေကို ဖြန့်ချိဖို့ ရှိနေပါတယ်။

-စိုးထက်
Ref: Inverse

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««