၂၀၂၁ ခုနှစ် ASIA KAKEHASHI အစီအစဉ်အတွက် ဆွေးနွေးပွဲပြုလုပ်မည်

၂၀၂၁ ခုနှစ် ASIA KAKEHASHI အစီအစဉ်အတွက် ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၀ ရက်၊ နံနက် ၁၀ နာရီမှာ Zoom Meeting နဲ့ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်ကို ဂျပန်ဘာသာစကားသင်ယူနေတဲ့ အသက် (၁၅) နှစ်မှ (၁၈) နှစ်အတွင်း၊ ၂၀၀၃ ခုနှစ်၊ ဧပြီ ၂ ရက် နောက်ပိုင်းနဲ့ ၂၀၀၆ ခုနှစ်၊ ဧပြီ ၁ ရက် မတိုင်မီ မွေးဖွားသူ မြန်မာနိုင်ငံသားတွေ လျှောက်ထားနိုင်ပါတယ်။

ဆွေးနွေးပွဲမှာ အစီအစဉ်နဲ့ ပတ်သက်တာတွေကို အသေးစိတ်ပြောကြားပေးသွားမှာ ဖြစ်ပြီး ရွေးချယ်ခံရပါက (MAJA) အသင်းမှ လိုအပ်တဲ့ သင်ကြားလေ့ကျင့်မှုတွေပြုလုပ်ပေးမှာဖြစ်ကာ အဆိုပါကာလအတွင်း စည်းကမ်းလိုက်နာရန် ပျက်ကွက်ပါက ရွေးချယ်စေလွှတ်မှုအား ပယ်ဖျက်ခံရမှာ ဖြစ်ပါတယ်။

ပွဲတက်ရောက်လိုသူတွေ အနေနဲ့ ဒီနေရာမှာ စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««