၂၀၂၁ ခုနှစ် အစောပိုင်း ဖြန့်ချိမယ့် Intel CPU

Intel ဟာ ၂၀၂၁ ခုနှစ် ပထမဆုံး သုံးလပတ်အတွင်း ၁၁ ခုမြောက် “Rocket Lake” CPU တွေကို ဖြန့်ချိမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

အဲဒီချစ်ပ်တွေက AMD တတိယမြောက် Ryzen ချစ်ပ် နဲ့တူပြီး PCle 4.0 ထောက်ပံ့မှု ပါဝင်လာပါမယ်။ Intel ဟာ AMD ရဲ့ Ryzen 5000 CPU ကို Rocket Lake နဲ့ယှဉ်ပြိုင်ပါမယ်။ ဒါကြောင့် desktop အသစ်တစ်လုံး တည်ဆောက်ချင်သူတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ Intel ရဲ့ CPU တွေမှာ “Cypress Cove” core တည်ဆောက်မှုပါဝင်ပြီး မြန်ဆန်သလို 8-core အထိ တိုးချဲ့ထောက်ပံ့ထားတယ်လို့ Videocardz ကဖော်ပြခဲ့ပါသေးတယ်။

အဲဒီ CPU တွေက ၂၀၂၁ ခုနှစ် မတ်လမှာ ထွက်မယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါသေးတယ်။

-စိုးထက်
Ref: Engadget

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««