၂၀၂၁ ခုနှစ် အစောပိုင်းမှာ Among Us ဂိမ်းမြေပုံနဲ့ Airship အသစ်ထွက်မယ်

အင်ဒီဂိမ်းကုမ္ပဏီ Innersloth ကတော့ အွန်လိုင်းက နာမည်ကျော် Among Us ဂိမ်းအတွက် လေးခုမြောက် မြေပုံကို The Game Awards ပွဲမှာ ပြသလိုက်ပါတယ်။

The Game Awards ဆုပေးပွဲမှာ Among Us ဟာ အကောင်းဆုံး multiplayer ဂိမ်းဆုကိုလည်း ရရှိခဲ့ပါတယ်။

အသစ်ပါဝင်မယ့် Airship အသစ်က အရင်မြေပုံထက် ပိုမိုပြည့်စုံပြီး ယာဉ်ပေါ်က နေရာအမျိုးမျိုးသွားဖို့ ဓာတ်လှေကားနဲ့ ရိုးရိုးလှေကားတွေ ပါဝင်လာပါမယ်။ မြေပုံသစ်မှာ ကစားသူတွေက အစည်းအဝေးတစ်ခု ပြီးတိုင်း spawn အမှတ်တွေရရှိပြီး အဖွဲ့လိုက် ပူးပေါင်းတာကိုလည်း ရှောင်လွှဲနိုင်ပါတယ်။

Among Us ရ့ Airship မြေပုံကတော့ ၂၀၂၁ ခုနှစ်အစောပိုင်းမှာ ထွက်မယ်လို့ပဲ ပြောထားပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««