၂၀၂၁ ခုနှစ်အတွင်း ထွက်လာမယ့် LG ရဲ့ခေါက်လိပ်ထားနိုင်တဲ့ဖုန်း

LG ဟာ CES 2021 သတင်းစာရှင်းလင်းပွဲမှာ လိပ်ထားနိုင်တဲ့ စမတ်ဖုန်းကို ပြသခဲ့ပါတယ်။ အဲဒီဖုန်းကိုတော့ ဒီနှစ် နှောင်းပိုင်းအတွင်း ဖြန့်ချိမယ်လို့ အတွင်းလူတွေက ပြောခဲ့ပါတယ်။

LG ဟာ အခုဖုန်းကို ဒုတိယမြောက် အမြည်းမိတ်ဆက်တာ ဖြစ်ပါတယ်။ ဖုန်းမှာ tablet မျက်နှာပြင်ပါဝင်ပြီး display က အပေါ်ဘက်ကို ဖြန့်ပေးပါတယ်။ ဖုန်းကို landscape mode နဲ့အသုံးပြုတဲ့အခါမှာ‌ ဖုန်းအောက်ခြေမှာ display ဖြန့်ပေးမယ့် စိတ်အပိုင်း ပါဝင်ပါတယ်။ LG ခေါက်စမတ်ဖုန်းကတော့ ခေါက်လို့ရတဲ့ OLED တီဗီလိုပဲ ဆင်ပါတယ်။ LG ဟာ ခေါက်စမတ်ဖုန်း ဗီဒီယို ၂ ခုကိုပဲ သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့ပါတယ်။ ဒါကြောင့် LG ခေါက်စမတ်ဖုန်းဟာ concept ထုတ်ကုန် ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် TCL ကလည်း ခေါက်လိပ်လို့ရတဲ့ ဖုန်း ၂ မျိုးကို ပြသခဲ့ပါတယ်။ အဲဒီထဲက ထုတ်ကုန် တစ်မျိုးကတော့ ဘေးနှစ်ဖက်ကနေ ဖြန့်လိုက်ရင် ၁၇ လက်မ tablet အဖြစ် အသွင်ပြောင်းသွားနိုင်ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««