၂၀၂၁ ခုနှစ်အတွက် အလုပ်လုပ်ရန် အထူးကောင်းမွန်သည့်နေရာ Great Place to Work အဖြစ် အူရီဒူးမြန်မာ ထပ်မံ သတ်မှတ်ခြင်းခံရ

အူရီဒူးမြန်မာ အနေနဲ့ ၂၀၂၁ ခုနှစ်အတွက် အလုပ်လုပ်ရန်အထူးကောင်းမွန်တဲ့နေရာ “Great Place to Work®“ အဖြစ် Great Place to Work® အဖွဲ့အစည်းမှ အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။

Great Place to Work အဖွဲ့အစည်းမှ လွတ်လပ်သော လေ့လာဆန်းစစ်သူများသည် လုပ်ငန်းခွင် ဓလေ့ထုံးတမ်းနှင့် အူရီဒူးမြန်မာဝန်ထမ်းတွေရဲ့ အတွေ့အကြုံတို့ကို The Great Place to Work Trust Index စစ်တမ်းရဲ့ ပင်မရှုထောင့် ၅ ခုဖြစ်တဲ့ ယုံကြည်စိတ်ချအားထားမှု- ဝန်ထမ်းများမှ စီမံခန့်ခွဲမှုအဖွဲ့အပေါ် ယုံကြည်စိတ်ချအားထားမှု၊ လေးစားတန်ဖိုးထားမှု- စီမံခန့်ခွဲမှုအဖွဲ့မှ ဝန်ထမ်းများအား လေးစားတန်ဖိုးထားမှုအပေါ် ဝန်ထမ်းများ၏ခံစားချက်ကို တိုင်းတာခြင်း၊ တရားမျှတမှု – စီမံခန့်ခွဲမှုအဖွဲ့၏ မူဝါဒများနှင့်ကျင့်သုံးမှုများ၏ မျှတမှုအပေါ် ဝန်ထမ်းများ၏ အမြင်ကိုတိုင်းတာခြင်း၊ ဂုဏ်သိက္ခာ – ဝန်ထမ်းများ၏ မိမိအလုပ်အပေါ် တန်ဖိုးထားဂုဏ်ယူမှုကို တိုင်းတာခြင်း၊ ဝန်ထမ်းများ တစ်ဦးနှင့်တစ်ဦး ခင်မင်ယုံကြည်ခြင်း – လုပ်ငန်းခွင်အတွင်း ဝန်ထမ်းအချင်းချင်း တစ်ဦးနှင့်တစ်ဦး ခင်မင်ယုံကြည်ခြင်း စသည်တို့ဖြင့် အကဲဖြတ်ဆန်းစစ်ခဲ့တယ်လို့ သိရပါတယ်။

အူရီဒူးမြန်မာ အနေနဲ့ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ အစီအစဉ်နဲ့ လက်တွေ့လုပ်ဆောင်ချက်များအတွက် ကမ္ဘာတစ်ဝန်းမှာ ထင်ပေါ်ကျော်ကြားဂုဏ်သရေရှိတဲ့ Stevie Award ရွှေတံဆိပ်ဆုနဲ့ Myanmar Employer Awards 2020 မှာလည်း လူ့စွမ်းအားအရင်းအမြစ်ဆု ၃ ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««