၂၀၂၁ ခုနှစ်မှာ ထွက်ရှိမယ့် OnePlus စမတ်နာရီ

OnePlus ဟာ ၂၀၂၁ ခုနှစ်မှာ စမတ်နာရီကို မိတ်ဆက်သွားမယ်လို့ စီအီးအို ပီတာလူက Twitter ကနေ ကြေညာသွားပါတယ်။

OnePlus ဟာ ပထမဆုံး စမတ်နာရီကို ထုတ်လုပ်တော့မှာပါ။ အသစ်ထွက်မယ့် စမတ်နာရီအတွက် အသေးစိတ် အချက်အလက်တွေတော့ မထွက်လာသေးပါဘူး။ OnePlus စမတ်နာရီမှာ ဘယ်လို OS အသုံးပြုပြီး ဈေးနှုန်းဘယ်လောက်နဲ့ ရောင်းချတာ ဒါမှမဟုတ် ထွက်ရှိမယ့်ရက်လည်း မသိသေးပါဘူး။

OnePlus ဟာ စမတ်နာရီ ထုတ်လုပ်ဖို့ စီစဉ်နေတာ ကြာပါပြီ။ OnePlus ဟာ စမတ်နာရီအတွက် Wear OS တစ်ခုကို ဒီဇိုင်းဆွဲနေတာ နှစ်အနည်းငယ် ကြာပါပြီ။ OnePlus ဟာ စမတ်နာရီဒီဇိုင်းနဲ့ ပတ်သက်ပြီး အပြီးမသတ်သေးဘူးလို့ ပြောခဲ့ပါတယ်။ “ကျွန်တော်တို့တွေ ဒီဇိုင်းပြီးသွားပေမယ့် အစကနေ ပြန်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်” လို့ Wall Street Journal နဲ့အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««