၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္အတြက္ ရွီးဗနင္းပညာသင္ဆု စတင္ေလွ်ာက္ထားႏိုင္

[ Zawgyi ]

၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္အတြက္ ၿဗိတိန္ႏိုင္ငံ ရွီးဗနင္းပညာသင္ဆုကို စတင္ေလွ်ာက္ထားႏုိင္ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

ရွီးဗနင္းမွာ ႏိုင္ငံျခားမွ ေက်ာင္းသားေတြအတြက္ ၿဗိတိန္ႏိုင္ငံရဲ႕ဂုဏ္သိကၡာအႀကီးမားဆံုး ပညာသင္ဆု အစီအစဥ္ျဖစ္ၿပီး ၿဗိတိန္ႏိုင္ငံမွာ ဘြဲ႕လြန္ပညာမ်ား ဆက္လက္သင္ၾကားရန္ ျမန္မာႏိုင္ငံရွိ ျမန္မာလူမ်ိဳး ကၽြမ္းက်င္ပညာရွင္ေတြအတြက္ အခြင့္အလမ္းတစ္ရပ္ကို ေပးအပ္ေနတဲ့အစီအစဥ္တစ္ခု ျဖစ္ပါတယ္။ ၿဗိတိန္ႏိုင္ငံရွိ ဘယ္တကၠသိုလ္မွာမဆို မိမိတင္ေရာက္လိုတဲ့ဘာသာရပ္ကို ေလ့လာ ေလွ်ာက္ထားႏိုင္ပါတယ္။ ေလ်ွာက္ထားလိုသူေတြအေနနဲ႔ https://www.chevening.org/apply ထဲဝင္ကာ ကိုယ္ေရးအခ်က္ေတြ ေသခ်ာျဖည့္ၿပီး Register လုပ္ထားရမွာျဖစ္တယ္လို႔ သိရပါတယ္။ ကိုယ္ျဖည့္ထားတဲ့အီးေမးလ္လိပ္စာကို အြန္လိုင္းအေကာင့္ ပို႔လာမွာျဖစ္ပါတယ္။ အြန္လိုင္းအေကာင့္ကေန application process အဆင့္ဆင့္ကို ျဖည့္ၿပီးေလွ်ာက္ရမွာ ျဖစ္ပါတယ္။

ဘာသာရပ္ရွာေဖြလိုသူေတြအေနနဲ႔ https://www.chevening.org/scholarships/find-a-course/ တြင္ ကိုယ္ေလွ်ာက္ခ်င္တဲ့ဘာသာရပ္ကို ရွာၿပီးရင္ သက္ဆိုင္ရာတကၠသိုလ္မွာ ဝင္ခြင့္ေလွ်ာက္ထား ရမွာ ျဖစ္ပါတယ္။ ဘာသာရပ္ေလွ်ာက္ထားတဲ့အခါ ဦးစားေပးသံုးခု ေလွ်ာက္ထားႏိုင္ပါတယ္။ ေက်ာင္း တစ္ေက်ာင္းထဲက ဘာသာရပ္ကြဲသံုးခု ေလွ်ာက္ထားႏိုင္သလို ဘာသာရပ္တစ္ခုကိုပဲ ေက်ာင္းသံုးေက်ာင္းမွာလည္း ေလွ်ာက္ထားႏိုင္ပါတယ္။ ဘာသာရပ္တစ္ခုကိုပဲ ေက်ာင္းသံုးေက်ာင္းမွာေလွ်ာက္ထားႏိုင္ဖို႔ ပညာသင္ဆုအဖြဲ႕က ေထာက္ခံခ်က္ေပးထားတယ္လို႔ သိရပါတယ္။

ပညာသင္ဆု ေလွ်ာက္ထားလိုသူေတြအေနနဲ႔ ေလွ်ာက္ထားခ်ိန္မွာ အဂၤလိပ္ဘာသာစကားစြမ္းရည္ အနိမ့္ဆံုး သတ္မွတ္ခ်က္အဆင့္ ရရွိရမွာျဖစ္ၿပီး ရွီးဗနင္းပညာသင္ဆု ေလွ်ာက္ထားဖို႔ အဂၤလိပ္စာ အနိမ့္ဆံုးလုိအပ္ခ်က္မွာ IELTS 6.5, IBT TOEFL 79 သို႔မဟုတ္ ၎တို႔နဲ႔ ညီမွ်တဲ့ အဂၤလိပ္စာကၽြမ္းက်င္မႈ ရွိရမွာျဖစ္ပါတယ္။ ရွီးဗနင္းပညာသင္ဆုရဖို႔ ကိုယ္ေလွ်ာက္ထားတဲ့ ဘာသာရပ္အတြက္ ေက်ာင္းလက္ခံစာကို ၂၀၂၀ ဇူလိုင္ ၁၆ ရက္မလြန္ခင္ ရထားဖို႔လိုအပ္တယ္လို႔ သိရပါတယ္။ ေလွ်ာက္ထားလိုသူေတြ အေနနဲ႔ ႏို၀င္ဘာ ၅ ရက္ ေနာက္ဆုံးထား ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

-ေဝေဝ

[ Unicode ]

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဗြိတိန်နိုင်ငံ ရှီးဗနင်းပညာသင်ဆုကို စတင်လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ရှီးဗနင်းမှာ နိုင်ငံခြားမှ ကျောင်းသားတွေအတွက် ဗြိတိန်နိုင်ငံရဲ့ဂုဏ်သိက္ခာအကြီးမားဆုံး ပညာသင်ဆု အစီအစဉ်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ဘွဲ့လွန်ပညာများ ဆက်လက်သင်ကြားရန် မြန်မာနိုင်ငံရှိ မြန်မာလူမျိုး ကျွမ်းကျင်ပညာရှင်တွေအတွက် အခွင့်အလမ်းတစ်ရပ်ကို ပေးအပ်နေတဲ့အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရှိ ဘယ်တက္ကသိုလ်မှာမဆို မိမိတင်ရောက်လိုတဲ့ဘာသာရပ်ကို လေ့လာ လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ https://www.chevening.org/apply ထဲဝင်ကာ ကိုယ်ရေးအချက်တွေ သေချာဖြည့်ပြီး Register လုပ်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်ဖြည့်ထားတဲ့အီးမေးလ်လိပ်စာကို အွန်လိုင်းအကောင့် ပို့လာမှာဖြစ်ပါတယ်။ အွန်လိုင်းအကောင့်ကနေ application process အဆင့်ဆင့်ကို ဖြည့်ပြီးလျှောက်ရမှာ ဖြစ်ပါတယ်။

ဘာသာရပ်ရှာဖွေလိုသူတွေအနေနဲ့ https://www.chevening.org/scholarships/find-a-course/တွင် ကိုယ်လျှောက်ချင်တဲ့ဘာသာရပ်ကို ရှာပြီးရင် သက်ဆိုင်ရာတက္ကသိုလ်မှာ ဝင်ခွင့်လျှောက်ထား ရမှာ ဖြစ်ပါတယ်။ ဘာသာရပ်လျှောက်ထားတဲ့အခါ ဦးစားပေးသုံးခု လျှောက်ထားနိုင်ပါတယ်။ ကျောင်း တစ်ကျောင်းထဲက ဘာသာရပ်ကွဲသုံးခု လျှောက်ထားနိုင်သလို ဘာသာရပ်တစ်ခုကိုပဲ ကျောင်းသုံးကျောင်းမှာလည်း လျှောက်ထားနိုင်ပါတယ်။ ဘာသာရပ်တစ်ခုကိုပဲ ကျောင်းသုံးကျောင်းမှာလျှောက်ထားနိုင်ဖို့ ပညာသင်ဆုအဖွဲ့က ထောက်ခံချက်ပေးထားတယ်လို့ သိရပါတယ်။

ပညာသင်ဆု လျှောက်ထားလိုသူတွေအနေနဲ့ လျှောက်ထားချိန်မှာ အင်္ဂလိပ်ဘာသာစကားစွမ်းရည် အနိမ့်ဆုံး သတ်မှတ်ချက်အဆင့် ရရှိရမှာဖြစ်ပြီး ရှီးဗနင်းပညာသင်ဆု လျှောက်ထားဖို့ အင်္ဂလိပ်စာ အနိမ့်ဆုံးလိုအပ်ချက်မှာ IELTS 6.5, IBT TOEFL 79 သို့မဟုတ် ၎င်းတို့နဲ့ ညီမျှတဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှု ရှိရမှာဖြစ်ပါတယ်။ ရှီးဗနင်းပညာသင်ဆုရဖို့ ကိုယ်လျှောက်ထားတဲ့ ဘာသာရပ်အတွက် ကျောင်းလက်ခံစာကို ၂၀၂၀ ဇူလိုင် ၁၆ ရက်မလွန်ခင် ရထားဖို့လိုအပ်တယ်လို့ သိရပါတယ်။ လျှောက်ထားလိုသူတွေ အနေနဲ့ နိုဝင်ဘာ ၅ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။