၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္တြင္ Grade-4, Grade-7 ႏွင့္ Grade-10 သင္႐ိုးၫႊန္းတမ္းစာအုပ္အသစ္မ်ားကို အသံုးျပဳႏုိင္ရန္ေဆာင္ရြက္မည္

[ Zawgyi ]

၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္တြင္ Grade-4, Grade-7 ႏွင့္ Grade-10 သင္႐ိုးၫႊန္းတမ္းစာအုပ္အသစ္မ်ား ကို အသံုုးျပဳႏုိင္ရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး က သင္ၾကားသင္ယူမႈအေထာက္အကူျပဳ Learning App မ်ားေပးအပ္လွဴဒါန္းပြဲ အခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

သင္ယူမႈအားေကာင္းရန္ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ စြမ္းေဆာင္ရည္ကို အျမင့္ဆံုးႏွင့္ အေကာင္းဆံုးျဖစ္ေစရန္ သင္႐ိုးၫႊန္းတမ္းမ်ားကိုေျပာင္းလဲျခင္းျဖစ္ပါေၾကာင္း၊ ယေန႔ ၂၁ ရာစုႏွစ္တြင္ ဘာသာရပ္သင္႐ိုးၫႊန္းတမ္းမ်ား၌ (Internet of Things-IOT), Big data, cyber-physical systems or robotics နည္းပညာတို႔ျဖင့္ ေပါင္းစပ္ေဆာင္ရြက္ရန္ အေရးႀကီးသည့္အတြက္ သင္႐ိုးၫႊန္းတမ္းမ်ားကို (Industry Revolution 4.0) ႏွင့္ လိုက္ေလ်ာညီေထြရွိ‌ေစရန္ ေပါင္းစပ္ဘာသာရပ္နယ္ပယ္မ်ားအျဖစ္ အသိပညာေပးႏိုင္ရန္ ဦးတည္ေဆာင္ရြက္ရန္လိုအပ္ပါေၾကာင္း ေျပာၾကားခဲ့ပါတယ္။

မူလတန္းသင္႐ိုးၫႊန္းတမ္း Grade-1, Grade-2, Grade-3 စာအုပ္ေတြကို ဂ်ပန္ႏုိင္ငံ JICA Create ရဲ႕ အကူအညီနဲ႔ ျပဳျပင္ေျပာင္းလဲေဆာင္ရြက္ခဲ့ၿပီး အလယ္တန္း၊ အထက္တန္းသင္႐ုိးကို ADB ရဲ႕ေခ်းေငြနဲ႔ EU အကူအညီျဖင့္ ျပဳျပင္ေျပာင္းလဲလ်က္ရွိၿပီး ယခုႏွစ္မွာ Grade-6 စာအုပ္ေတြကို အသံုးျပဳေနၿပီျဖစ္တယ္လုိ႔ သိရပါတယ္။

ပညာေရး၀န္ႀကီးဌာန အေျခခံပညာဦးစီးဌာနသို႔ 360 Ed မွ (Augmented Reality-AR) ေခၚ သံုးဘက္ျမင္ ႐ုပ္လံုးၾကြနည္းပညာသံုး သင္ၾကားသင္ယူမႈအေထာက္အကူျပဳ Learning App မ်ားေပးအပ္လွဴဒါန္းပြဲ အခမ္းအနားကို ၾသဂုတ္ ၂၅ ရက္ က ရန္ကုန္ပညာေရးတကၠသိုလ္ Learning Hub ခန္းမမွာ က်င္းပျပဳလုပ္ ခဲ့ပါတယ္။

-သႏၲာ

[ Unicode ]

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် Grade-4, Grade-7 နှင့် Grade-10 သင်ရိုးညွှန်းတမ်းစာအုပ်အသစ်များ ကို အသုုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က သင်ကြားသင်ယူမှုအထောက်အကူပြု Learning App များပေးအပ်လှူဒါန်းပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

သင်ယူမှုအားကောင်းရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးနှင့် အကောင်းဆုံးဖြစ်စေရန် သင်ရိုးညွှန်းတမ်းများကိုပြောင်းလဲခြင်းဖြစ်ပါကြောင်း၊ ယနေ့ ၂၁ ရာစုနှစ်တွင် ဘာသာရပ်သင်ရိုးညွှန်းတမ်းများ၌ (Internet of Things-IOT), Big data, cyber-physical systems or robotics နည်းပညာတို့ဖြင့် ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးသည့်အတွက် သင်ရိုးညွှန်းတမ်းများကို (Industry Revolution 4.0) နှင့် လိုက်လျောညီထွေရှိ‌စေရန် ပေါင်းစပ်ဘာသာရပ်နယ်ပယ်များအဖြစ် အသိပညာပေးနိုင်ရန် ဦးတည်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

မူလတန်းသင်ရိုးညွှန်းတမ်း Grade-1, Grade-2, Grade-3 စာအုပ်တွေကို ဂျပန်နိုင်ငံ JICA Create ရဲ့ အကူအညီနဲ့ ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့ပြီး အလယ်တန်း၊ အထက်တန်းသင်ရိုးကို ADB ရဲ့ချေးငွေနဲ့ EU အကူအညီဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး ယခုနှစ်မှာ Grade-6 စာအုပ်တွေကို အသုံးပြုနေပြီဖြစ်တယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသို့ 360 Ed မှ (Augmented Reality-AR) ခေါ် သုံးဘက်မြင် ရုပ်လုံးကြွနည်းပညာသုံး သင်ကြားသင်ယူမှုအထောက်အကူပြု Learning App များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ် ၂၅ ရက် က ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။