၂၀၂၀ အတွင်း iPhone 12 သန်း ၈၀ အထိ ရောင်းနိုင်ဖို့ ရည်မှန်းထား

Apple ဟာ ၂၀၂၀ အတွင်းမှာပဲ iPhone 12 အလုံးရေ သန်း ၈၀ ရောင်းချဖို့ ရည်မှန်းထားတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဒီနှစ်ကုန်မှာ iPhone 12, iPhone 12 mini, iPhone 12 Pro နဲ့ iPhone 12 Pro Max အလုံးရေ သန်း ၇၀ အထိ ရောင်းနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

ဖုန်းအသစ်မှာ A14 ပရိုဆက်ဆာနဲ့ 5G တွဲဖက်ထားတာ အပြင် အဆင့်မြှင့်တင်ထားတဲ့ ကင်မရာ ပါဝင်လာတဲ့ အတွက် iPhone မော်ဒယ်အဟောင်း သုံးစွဲသူတွေ အဆင့်မြှင့်တင်လာနိုင်တာကြောင့် Apple က အခုလို ရည်မှန်းထားတာ ဖြစ်ပါတယ်။

Apple ရဲ့ တန်ဖိုးသင့်တင့်တဲ့ဖုန်း နည်းဗျူဟာကလည်း အထောက်အကူ ဖြစ်စေပြီး iPhone 12 mini ကို ပိုမို ဝယ်ယူလာနိုင်ပါတယ်။ iPhone 12 ဖုန်းရောင်းချမှုက အမေရိကန်နဲ့ တရုတ်အကြားက ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြှင့်စေမှာ မဟုတ်ဘူးလို့ သုံးသပ်နေကြပါတယ်။

iPhone 12 နဲ့ 12 Pro ဖုန်းတွေကိုတော့ အောက်တိုဘာ ၂၃ ရက်မှာ စတင်ရောင်းချပါမယ်။ လက်ရှိမှာတော့ iPhone 12 mini ဒါမှမဟုတ် 12 Pro Max တို့ကို ကြိုတင်မှာယူနိုင်ပြီး နိုဝင်ဘာလ ၆ ရက်မှာ စတင် တင်ပို့ရောင်းချပါမယ်။

-စိုးထက်
Ref: HyperBeast

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««