၂၀၂၀ အတွက် အကောင်းဆုံး E-Reader များ

စာဖတ်သူတွေအတွက် E-reader တွေကို ဝယ်ယူဖို့ စဉ်းစားမိကြမှာပါ။ ဒါပေမဲ့ဘယ်လို e-reader တွေကို ဝယ်ယူမလဲဆိုတဲ့ ကိစ္စက ခေါင်းခြောက်စရာပါပဲ။ ဒါကြောင့် e-reader ဝယ်ယူတဲ့အခါ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

မျက်နှာပြင် အမျိုးအစား

သမားရိုးကျ e-reader တွေမှာ e-ink အသုံးပြုထားပါတယ်။ ဒါပေမယ့် e-reader လိုမျိုး tablet မှာတော့ LCD မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ E-ink မော်ဒယ်တွေကတော့ စာဖတ်တဲ့အခါ စက္ကူပေါ်မှာ စာဖတ်တဲ့အတွေ့အကြုံရရှိမှာဖြစ်ပါတယ်။ LCD မျက်နှာပြင်သုံးထားတဲ့ e-reader တွေကတော့ စာဖတ်တာအပြင် အခြား feature တွေလည်း ပါဝင်လာပါတယ်။

ပေါ့ပါးမှု

ထုတ်ကုန်ရဲ့ မျက်နှာအရွယ်နဲ့ အလေးချိန်ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ E-reader အများစုက ၆ လက်မခန့်ရှိပြီး အရွယ်ပိုကြီးတဲ့ tablet တွေလည်း ရှိပါတယ်။

ရေစိုခံမှု

ရေစိုခံတဲ့ ထုတ်ကုန်လိုချင်တယ်ဆိုရင် IP rating တွေကို ကြည့်သင့်ပါတယ်။ အနည်းဆုံး IPX7 ထောက်ခံချက်ရထားတဲ့ e-reader တွေကို ဝယ်သင့်ပါတယ်။

ထောက်ပံ့နိုင်စွမ်း

E-reader တွေတိုင်းမှာ စာအုပ်အမျိုးမျိုးကို ဖတ်ရှုနိုင်ပါတယ်။ Kindle မှာကိုယ်ပိုင် library ရှိပေမယ့် ePub မထောက်ပံ့ထားပါဘူး။

အမှောင်ထဲမှာ စာဖတ်နိုင်မှု

အရည်အသွေးမြင့် e-reader မှာ အလင်းရောင်ကို ထည့်သွင်းထားပါတယ်။ အမှောင်ထဲမှာ စာကို အလွယ်တကူဖတ်နိုင်ပါတယ်။

ရုပ်ထွက်အရည်အသွေး

မျက်နှာအရည်အသွေးကို သိရဖို့ pixel သိပ်သည်းဆကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ တစ်လက်မမှာ အစက်ပေါင်း ၃၀၀ ပါတယ်ဆိုရင် စာသားနဲ့ ဓာတ်ပုံတွေကို ကြွရွနေအောင် မြင်ရပါမယ်။

အခုဆိုရင် ၂၀၂၀အတွက် အကောင်းဆုံး e-reader ၅မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Kindle Oasis

Kindle Oasis ဟာထိပ်တန်း e-reader ဖြစ်ပါတယ်။ မော်ဒယ်သစ်မှာ ရှေ့ဘက်အလင်းကို ချိန်ညှိပေးပြီး ညအခါ အလွယ်တကူ စာဖတ်နိုင်အောင် ဖန်တီးပေးထားပါတယ်။ စာဖတ်ရလွယ်ကူစေဖို့ စာမျက်နှာတွေ အလွယ်တကူ လှန်နိုင်တဲ့ ခလုတ်တွေ ပါဝင်လာပါတယ်။ IPX8 ထောက်ခံချက်ပါဝင်ကာ ရေစိုခံပါတယ်။

Clara HD eReader

အခု e-reader က ePub ကိုအလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။ အလင်းအားကောင်းတဲ့ မျက်နှာပြင်က အပြာရောင်အလင်းကို လျှော့ချပြီး ညအခါ သက်သောင့်သက်သာ စာဖတ်နိုင်ပါတယ်။

Kindle Paperwhite

Kindle Paperwhite ကအလွန်ပေါ့ပါးသလို၊ ရေစိုခံပြီး display က 300ppi ရှိပါတယ်။ ဒါ့အပြင် audiobook တွေနားထောင်ဖို့ Bluetooth နားကြပ်တွေနဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။ အလေးချိန်က ၈အောင်စလောက်ပဲရှိကာ အထူက ၀.၃လက်မရှိပါတယ်။

Libra H2O

Kobo ကထုတ်လုပ်တဲ့ e-reader ဘေးဘက်မှာ စာရွက်လှန်နိုင်တဲ့ ခလုတ်တွေ ပါဝင်လာပါတယ်။ မတူညီတဲ့ font ၁၁ မျိုးနဲ့ အရွယ်အစား အမျိုး ၄၀ ပါဝင်လာပါတယ်။ IPX8 အသိအမှတ်ပြုခံထားရတာကြောင့် ရေစိုခံပါတယ်။

Kindle Kids Edition

ကလေးတွေက Kindle Kids နဲ့ရုပ်ပုံစာအုပ်တွေနဲ့ အခန်းခွဲထားတဲ့ စာအုပ်တွေ ဖတ်ရှုသင်ယူနိုင်ပါတယ်။ ဒါ့အပြင် parentel dashboard ပါဝင်တာကြောင့် ကလေးတွေ download လုပ်တဲ့ စာအုပ်တွေကို ထိန်းချုပ်နိုင်ပါတယ်။

-စိုးထက်
Ref: Goodhousekeeping