၂၀၂၀ အတွက် လူကြိုက်အများဆုံး ဂိမ်းစာရင်း Steam ထုတ်ပြန်

Steam ဟာ ကိုယ်ပိုင် ဂိမ်း platform ပေါ်က အကောင်းဆုံး ဂိမ်းစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ Steamin ကတော့ ထိပ်တန်းဂိမ်းတွေကို အဆင့်လိုက်ဖော်ပြတာ မဟုတ်ဘဲ ဝင်ငွေအများဆုံးဂိမ်းနဲ့ လူကစားတာ အများဆုံး ဂိမ်းတွေကို ဖော်ပြခဲ့ပါတယ်။

Steam ရဲ့ ၂၀၂၀ အတွက် အကောင်းဆုံး ဂိမ်းစာရင်းထဲမှာ ရောင်းအားအကောင်းဆုံး၊ အသစ်ထွက်၊ ကစားသူ အများဆုံးဂိမ်း၊ အစောဆုံး ကစားခွင့်ပေးထားတဲ့ ဂိမ်းများ၊ အကောင်းဆုံး VR ဂိမ်းနဲ့ ခလုတ်နဲ့ကစားနိုင်တဲ့ ဂိမ်းစာရင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ စာရင်းတွေထဲမှာ Cyberpunk 2077, Grand Theft Auto V, Destiny 2, Counter-Strike နဲ့ DOTA 2 လိုမျိုးဂိမ်းတွေ ပါဝင်လာပါတယ်။

ရောင်းအားအကောင်းဆုံး ဂိမ်းစာရင်းတွေထဲမှာ ပလတ်တီနမ်၊ ရွှေ၊ ငွေနဲ့ ကြေး အဆင့်ခွဲထားပါတယ်။ ဒါပေမဲ့ Steam က ဝင်ငွေဘယ်လောက်ရရင် ဘယ်အဆင့်သတ်မှတ်လဲ ဆိုတာ မပြောထားပါဘူး။

ရောင်းအားအကောင်းဆုံး ပလက်တီနမ်ဂိမ်းတွေကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

  • Among Us
  • Counter-Strike: Global Offensive
  • Cyberpunk 2077
  • Destiny 2
  • Doom Eternal
  • DOTA 2
  • Fall Guys
  • Grand Theft Auto V
  • Monster Hunter: World
  • PlayerUnknown’s Battlegrounds
  • Red Dead Redemption 2
  • Tom Clancy’s Rainbow Six Siege

အကောင်းဆုံး အသစ်ထွက်ဂိမ်းစာရင်းမှာ ပါဝင်တဲ့ ဂိမ်းတွေကိုတော့ ဝင်ငွေနဲ့ တိုင်းတာထားပါတယ်။

  • Baldur’s Gate 3
  • Borderlands 3
  • Command & Conquer Remastered Collection
  • Crusader Kings III
  • Cyberpunk 2077
  • Death Stranding
  • Doom Eternal
  • Dragon Ball Z: Kakarot
  • Fall Guys: Ultimate Knockout
  • FIFA 21
  • Football Manager 2021
  • Grounded
  • Half-Life: Alyx
  • Horizon Zero Dawn Complete Edition
  • Mafia: Definitive Edition
  • Marvel’s Avengers
  • Microsoft Flight Simulator
  • Mount & Blade II: Bannerlord
  • Persona 4 Golden
  • Resident Evil 3
  • Sea of Thieves
  • Star Wars: Squadrons
  • Temtem
  • The Outer Worlds
  • Wolcen: Lords of Mayhem

ကစားသူအများဆုံး ဂိမ်းစာရင်းမှာတော့ တစ်ပြိုင်နက်တည်း ကစားသူအရေအတွက် အများဆုံးရှိတဲ့ ဂိမ်းတွေကို ဖော်ပြထားပါမယ်။ စာရင်းထဲမှာပါတဲ့ ဂိမ်းတွေက ကစားသူ ၂၀၀,၀၀၀ ကျော်အထိ ရှိပါတယ်။

  • Among Us
  • Counter-Strike: Global Offensive
  • Cyberpunk 2077
  • Destiny 2
  • DOTA 2
  • Grand Theft Auto V
  • Life Is Strange 2
  • Monster Hunter: World
  • Mount & Blade II: Bannerlord
  • PlayerUnknown’s Battlegrounds
  • Terraria

အစောဆုံးကစားနိုင်တဲ့ ဂိမ်းစာရင်းထဲမှာ အစောဆုံးထွက်လာပြီး အောင်မြင်မှုရရှိတဲ့ ဂိမ်းတွေကို ဖော်ပြထားပါတယ်။ IGN ရဲ့ ၂၀၂၀ အကောင်းဆုံးဂိမ်း Hades ကလည်း ပလတ်တီနမ်အဆင့်ရှိ ဂိမ်းဖြစ်ပြီး စာရင်းထဲ ပါလာတယ်။

  • Deep Rock Galactic
  • DJMAX RESPECT V
  • Factorio
  • Golf With Your Friends
  • Hades
  • Noita
  • Risk of Rain 2
  • Skater XL
  • Torchlight 3
  • Wolcen: Lords of Mayhem

အကောင်းဆုံး VR ဂိမ်းကလည်း ဝင်ငွေရရှိမှုပေါ် မူတည်ပြီး ပလတ်တီနမ်၊ ရွှေ၊ ငွေနဲ့ ကြေးအဆင့်ခွဲပြီး စာရင်းထဲမှာ ဖော်ပြထားပါတယ်။

  • Arizona Sunshine
  • Beat Saber
  • Blade & Sorcery
  • Boneworks
  • Half-Life: Alyx
  • Hot Dogs, Horseshoes & Hand Grenades
  • Pavlov VR
  • Pistol Whip
  • Superhot VR
  • The Elder Scrolls V: Skyrim VR
  • The Walking Dead: Saints and Sinners
  • VR Kanojo

၂၀၂၀ အတွက် ထိပ်တန်းခလုတ်နဲ့ကစားနိုင်တဲ့ ဂိမ်းစာရင်းမှာလည်း အလားတူပုံစံပါပဲ။ နေ့စဉ် ဂိမ်းခလုတ်နဲ့ ကစားသူ အရေအတွက်အပေါ် မူတည်ပြီး ပလတ်တီနမ်၊ ရွှေ၊ ငွေနဲ့ ကြေးဆိုပြီး ခွဲထားပါတယ်။

  • Cyberpunk 2077
  • Dark Souls 3
  • Destiny 2
  • Dragon Ball Z: Kakarot
  • Fall Guys
  • FIFA 21
  • Grand Theft Auto V
  • Hades
  • Monster Hunter: World
  • NBA 2K20
  • Persona 4 Golden
  • The Witcher 3: Wild Hunt

-စိုးထက်
Ref: IGN