၂၀၂၀ အစောပိုင်းတွင် Surface Earbuds ကို Microsoft ဖြန့်ချိမည်

Microsoft ဟာ ဒီနှစ်နှောင်းပိုင်းမှာ Surface Earbuds အသစ်ဖြန့်ချိဖို့ စီစဉ်ခဲ့ပေမယ့် အခုအခါ ၂၀၂၀ ခုနှစ် နွေရာသီမှပဲ ကြိုးမဲ့ earbuds ကိုဖြန့်ချိမယ်လို့ သိရပါတယ်။

Surface Earbuds ကို ၂၀၂၀ ခုနှစ် နွေရာသီမှာ ကမ္ဘာတစ်ဝန်း ဖြန့်ချိသွားမယ်လို့ Microsoft ရဲ့ ထုတ်ကုန်အကြီးအကဲအရာရှိ ဖြစ်သူ ပါနို့ပါနေက tweet လုပ်ခဲ့ပါတယ်။Micrsoft အနေနဲ့ Surface Earbuds ဖြန့်ချိမှု နှောင့်နှေးမှုနဲ့ပတ်သက်ပြီး ပါနေက မထုတ်ပြန်ခဲ့ပါဘူး။ အခုဆိုရင် Microsoft ဟာ Surface Earbuds ကို မီးခိုးနဲ့ အဖြူရောင် ထုတ်လုပ်မယ်လို့ သိရပါတယ်။ Microsoft ဟာ ပြီးခဲ့တဲ့လက အထူးသတင်းစာရှင်းလင်းပွဲမှာ မူလ Surface Earbuds ကို Surface Pro 7, Surface Laptop 3 နဲ့ Surface Pro X နဲ့အတူ ထုတ်ဖော်ပြသခဲ့ပါတယ်။

ဒေါ်လာ ၂၄၉ တန်ဖိုးရှိ Surface Earbuds ဟာ တေးဂီတနဲ့ အသံပိုင်းဆိုင်ရာ အလွန်ကောင်းမွန်အောင် ပြုလုပ်ထားပါတယ်။ ထုတ်ကုန်ရဲ့ earbuds က ကြီးမားလုံးဝန်းပြီး စက်ဝိုင်းပုံသဏ္ဍာန်ရှိပါတယ်။ ဒါ့အပြင် Office app တွေနဲ့အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။

Surface Earbuds တစ်ခုဆီမှာ မိုက်ကရိုဖုန်း ၂ ခုပါဝင်လာပြီး ဖုန်းခေါ်ဆိုမှုတွေအတွက် ဆူညံသံလျှော့ချပေးထားပါတယ်။ ဒါ့အပြင် earbuds မှာ တေးဂီတ ဒါမှမဟုတ် အခြားအသံပိုင်းဆိုင်ရာ ထိန်းချုပ်ဖို့ tap နဲ့ swipe gesture ကိုအသုံးပြုနိုင်ပါတယ်။

စိုးထက်
Ref: TheVerge