၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ လူငယ်တီထွင်ဆန်းသစ်မှု ဆုံညီပွဲအတွက် လျှောက်လွှာများ ခေါ်ယူ

၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ လူငယ်တီထွင်ဆန်းသစ်မှု ဆုံညီပွဲအတွက် လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။

အဆိုပါ ဆုံညီပွဲကို The International Foundation for Electoral Systems (IFES) နဲ့ မိတ်ဖက်၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ဩဂုတ် ၈ ရက်တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ညီလာခံဟာ ၂၀၂၀ ခုနှစ့် ရွေးကောက်ပွဲမတိုင်မီ ပထမဆုံးမဲပေးမယ့်လူငယ်တွေကို ချဉ်းကပ်၊ လှုံ့ဆော်၊ ပညာပေးနိုင်ရန် တီထွင်ဆန်းသစ်တဲ့ နည်းလမ်းအသစ်တွေကို ဖော်ထုတ်ရန် မြန်မာတစ်နိုင်ငံလုံးရှိ လူငယ်အဖွဲ့တွေကို တစ်နေရာတဘ်း စုစည်းစေမယ့်အစည်းအဝေးဖြစ်ပြီး ကဏ္ဍ (၃) ခု ဖြစ်တဲ့ အားလုံးပါဝင်ဆောင်ရွက်နိုင်သော နိုင်ငံရေးထိတွေ့ဆက်ဆံမှုအားမြှင့်တင်ခြင်း၊ မဲဆန္ဒရှင်များနှင့် ဆက်ဆံရေးတွင် လက်လှမ်းမီစေခြင်း၊ ရွေးကောက်ပွဲကာလအတွင်း လုပ်ကြံသတင်းနှင့် အမုန်းစကားများကို တန်ပြန်ခြင်းပေါ်မူတည်ကာ ရှာဖွေရမှာဖြစ်တယ်လို့ သိရပါတယ်။

ပါဝင်လိုသူတွေအနေနဲ့ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်၂ ဦးမှ ၅ ဦးကြား အဖွဲ့အနေနဲ့ ပါဝင်ဖွဲ့စည်းနိုင်ပြီး အမျိုးသမီးငယ်များ၊ မသန်စွမ်းလူငယ်များ၊ တိုင်းရင်းသားလူနည်းစုများနဲ့ လိင်ဝိသေသခံယူမှုကွဲပြားသူများ (LGBTQ community) အပါအဝင် မတူကွဲပြားသော နောက်ခံရှိတဲ့ လူငယ်တွေနဲ့အဖွဲ့ ဖွဲ့စည်းနိုင်တယ်လို့သိရပါတယ်။ ရွေးချယ်ခံရသူတွေဟာ ၂၀၂၀ ရွေးကောက်ပွဲများအတွက် ပထမဆုံးမဲပေးရမယ့်လူငယ်တွေကို
ချဉ်းကပ်နိုင်ရန်အတွက် ရွေးချဘ်ထားတဲ့ အတွေးစိတ်ကူးကောင်းတွေကို ပြန်လည်စိစစ်ခြင်း၊ ပြန်လည်မွမ်းမံခြင်း တွေကို ဆောင်ရွက်ရန် အခြားအဖွဲ့များ၊ လူငယ်များ၊ အရပဖက် လူမှုအဖွဲ့အစည်များမှ ခေါင်းဆောင်များ၊ မြန်မာတစ်နိုင်ငံလုံးရှိ နည်းပညာရှင်းတွေနဲ့ အတူတကွ တီထွင် ဖန်တီးကာ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကို ဇူလိုင် ၂၇ ရက် ၊ နေ့လယ် (၁၂) နာရီ နောက်ဆုံးထားပြီး မြန်မာဘာသာနဲ့ youthinovate@ifesmyanmar.org သို့ အီးမေးလ်ဖြင့် ပေးပို့ရမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရသူတွေကို သြဂုတ် ၃ ရက် နောက်ဆုံးထား အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။

-သန္တာ