၂၀၂၀ ရဲ့ အကောင်းဆုံး ဖျော်ဖြေရေးနည်းပညာများ

အခုလို ကမ္ဘာတစ်ဝန်း ကပ်ရောဂါ ဖြစ်ပေါ်နေတဲ့အတွက် virtual ကမ္ဘာထဲ ဝင်ရောက်နေထိုင်ဖို့ အချိန်ကောင်းတစ်ခုပါ။ ၂၀၂၀ ခုနှစ်ကလည်း ကုန်ဆုံးခါနီးပြီ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ ဆူညံသံကာဆီးပေးတဲ့ နားကြပ်တွေ၊ စုံလင်တဲ့ ဂိမ်းစက်နဲ့ content ဖန်တီးတဲ့ နည်းလမ်းသစ်တွေ ပေါ်လာပါတယ်။ အကောင်းဆုံး ဖျော်ဖြေရေးနည်းပညာတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

PlayStation 5 DualSense

Sony DualSense PS5 ဂိမ်းခလုတ်ကတော့ ဂိမ်းစက်တွေကို ခြားနားမှု ယူဆောင်လာပါတယ်။ ဂိမ်းခလုတ်အသစ်က အရင်မျိုးဆက် ဒီဇိုင်းဟောင်းကို haptic feedback နဲ့အစားထိုးလိုက်ပါတယ်။ ဂိမ်းခလုတ်မှာ စပီကာ ပါဝင်ပြီး အတွေ့အကြုံကို ပိုကောင်းလာပါတယ်။

Epic Unreal Engine

ထိပ်တန်းအဆင့်မြင့် ဂိမ်းတွေ ဖန်တီးရတာ ခက်ခဲတဲ့ စွမ်းဆောင်မှု ဖြစ်ပါတယ်။ ဂိမ်းတွေကို ဂိမ်းစက်၊ ကွန်ပျူတာနဲ့ မိုဘိုင်း platform တွေမှာ တစ်လျှောက်လုံး ကစားနိုင်အောင်လုပ်ရပါတယ်။ Epic ရဲ့ Unreal Engine 5 မှာတော့ ဂိမ်းရုပ်ထွက်ပိုင်း ရိုးရှင်းစွာ လုပ်နိုင်ဖို့ developer tool တွေပါဝင်လာပါတယ်။ ဘယ်လို virtual အရာဝတ္ထု ဗားရှင်းအမျိုးမျိုးကိုမဆိုလည်း upload လုပ်နိုင်ပါတယ်။

Razer Arctech Pro

Razer ရဲ့ Arctech ဖုန်း case မှာတော့ Thermaphene လို့ခေါ်တဲ့ အရာတစ်ခု သုံးထားပါတယ်။ အဲဒီ အရာဝတ္ထုကတော့ ကျောဘက်ကနေ အပူကို ထုတ်ပြီး လေထွက်ကတစ်ဆင့် ပြန်ထုတ်ပေးပါတယ်။ ဒါကြောင့် ဖုန်းနဲ့ ဂိမ်းကစားတာ ဒါမှမဟုတ် အသုံးပြုမှုပေါ် မူတည်ပြီး အအေးခံစနစ်က ပြောင်းလဲသွားပါတယ်။ ဖုန်းစွမ်းဆောင်ရည် နှောင့်နှေးတာနဲ့ ဘက်ထရီကိုလည်း ချွေပေးပါတယ်။

Xiaomi MI TV Lux Transparent

Xiaomi ကထုတ်တဲ့ MI TV Lux Transparent ကတော့ အထူ ၅.၇ မီလီမီတာပဲ ရှိပါတယ်။ တီဗီ pixel တစ်ခုချင်းစီက diode တစ်ခု ဖြစ်ပြီး ကိုယ်ပိုင်အလင်း ထောက်ပံ့ပေးပါတယ်။ ဒါကြောင့် မျက်နှာပြင်က နောက်မီး မလိုပါဘူး။

Vizio Elevate

Vizio ရဲ့ ၄၈ လက်မ anodize အလူမီနီယမ် Elevate soundbar မှာ စုစုပေါင်း စပီကာ ၁၈ လုံး ပါဝင်ပါတယ်။ အလယ်မှာ driver ၁၄ ခုပါဝင်ပြီး ပြင်ပက စပီကာတွေကတော့ အပေါက်ဖောက်ထားတဲ့နေရာမှာ ရှိတဲ့အတွက် အသံရောက်မယ့်နေရာ ချိန်ထားလို့ရပါတယ်။

Nintendo Mario Kart Live: Home Circuit

၂၀၂၀ ခုနှစ်မှာတော့ အိမ်ဧည့်ခန်းထဲမှာ Mario Kart ကားမောင်းဂိမ်းကို တရားဝင် ကစားနိုင်ပါပြီ။ Nintendo AR ဂိမ်းဟာ ကင်မရာနဲ့ချိတ်ဆက်ပြီး Bluetooth ကတစ်ဆင့် Nintendo Switch နဲ့ချိတ်ဆက်ပြီး sync လုပ်နိုင်ပါတယ်။

Ultimate Ears Fits

Ultimate Ears Fits ကတော့ ရိုးရှင်းပြီး ပျော့ပျောင်းတဲ့ ပိုလီမာ tip တွေကိုအသုံးပြုထားတယ်။ တွဲဖက်သုံးရတဲ့ app က ခလုတ်ကို နှိပ်လိုက်ရင် နားကြပ်တစ်ခုစီက LED မီးလင်းလာပါမယ်။

Roland Go: Livecast

ကပ်ရောဂါကြောင့် အိမ်ထဲမှာပဲ နေထိုင်ရတဲ့အခါ လူအများစုက လူသားထိတွေ့မှုရဖို့ live လွှင့်ကြပါတယ်။ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၂၀ မှာ live ဈေးကွက် ၁၀၀ ရာခိုင်နှုန်းနီးပါး ရှိလာပါတယ်။ Roland ရဲ့ Go: Livecast ကတော့ စမတ်ဖုန်းနဲ့ တိုက်ရိုက်ချိတ်ပြီး စတူဒီယိုက လုပ်ဆောင်ချက်တွေ အသုံးပြုနိုင်ပါတယ်။ တိုက်ရိုက်ထုတ်လွှင့်သူက XLR မိုက်ကရိုဖုန်းချိတ်ဆက်ပြီး visual effect ထည့်တာ၊ အသံကို ထိန်းချုပ်တာ အခြား platform တွေဆီ ဗီဒီယိုပေးပို့နိုင်ပါတယ်။ ဒါ့အပြင် မိုက်လည်း ပါဝင်ပါသေးတယ်။

Facebook Oculus Quest 2

Oculus Quest 2 ကတော့ ပေါ့ပါးသလို ရုပ်ထွက်အရည်အသွေးလည်း တိုးတက်လာပါတယ်။ Oculus Link platform ပါဝင်တဲ့ ပထမဆုံး VR လည်းဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး Half-Life: Alyx ကိုလည်း ကစားနိုင်ပါတယ်။

Electronic Arts Star Wars: Squadrons

Star Wars: Squadrons ကတော့ VR နဲ့ဂိမ်းစက်အကြားက အဟကို ချိတ်ဆက်ပေးတဲ့ ဗီဒီယိုဂိမ်း ဖြစ်ပါတယ်။ အဖွဲ့လိုက်ကစားရတဲ့ လေကြောင်းတိုက်ပွဲ ဂိမ်းဖြစ်ပါတယ်။ PC နဲ့ VR အပြင် ဂိမ်းစက်တွေမှာလည်း ကစားနိုင်ပါတယ်။

Microsoft Xbox Series X

Microsoft Xbox Series X ကတော့ အလွန်မြန်ဆန်ပါတယ်။ AMD က သီးသန့်ထုတ်လုပ်ထားတဲ့ ချစ်ပ်နဲ့ Velocity အမည်ရ software တည်ဆောက်မှု ပါဝင်ပြီး စက်စွမ်းဆောင်ရည်ကို အလွန်မြန်အောင် လုပ်ထားပါတယ်။ Xbox Series X ကိုပိုမိုမြန်စေတာကတော့ သီးသန့်ထုတ် SSD storage ဖြစ်ပါတယ်။

Quibi Turnstyle

၂၀၂၀ အတွင်း Quibi ဝန်ဆောင်မှု ထွက်လာချိန်မှာ လူတွေ စိတ်လှုပ်ရှားနေကြပါတယ်။ Quibi ဟာ ငွေကြေးဘီလျံပေါင်းများစွာနဲ့ မ တည်ထားတဲ့ စမတ်ဖုန်းတစ်ခုတည်း အသားပေး streaming platform ဖြစ်ပါတယ်။ အခုဆိုရင် Quibi ကတော့ ပိတ်သိမ်းသွားပါတယ်။ ဒါပေမဲ့လည်း Quibi နည်းပညာကတော့ ငြင်းမရအောင် ကောင်းပါတယ်။ Quibi ရဲ့ Turnstyle နည်းကတော့ ဖုန်းကို ဒေါင်လိုက် ဒါမှမဟုတ် ရေပြင်ညီ ထားပြီး ပုံရိပ်တွေ ကြည့်နိုင်ဖို့ အကောင်းဆုံး ချိန်ညှိပေးပါတယ်။ Content ဖန်တီးသူတွေကလည်း ဗီဒီယိုတွေကို နှစ်သက်သလို ရိုက်နိုင်ပြီး သုံးစွဲသူတွေက အလွယ်တကူ ပြောင်းကြည့်လိုရပါတယ်။

-စိုးထက်
Ref: PopularScience

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««