၂၀၂၀ ရဲ့ ကမ္ဘာ့တီထွင်ဆန်းသစ်မှုအရှိဆုံးကုမ္ပဏီများစာရင်းထုတ်ပြန် Huawei မှ အဆင့် ၆ ရရှိ

Boston Consulting Group မှ မကြာသေးခင်က ထုတ်ပြန်ခဲ့သော ၂၀၂၀ ခုနှစ် ကမ္ဘာ့တီထွင်ဆန်းသစ်မှု အရှိဆုံး ကုမ္ပဏီ ၅၀ စာရင်းတွင် အဆင့် ၆ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့အဆင့် နာမည်ကျော်ကြားမှု၊ သက်ဆိုင်ရာနယ်ပယ်ကဏ္ဍတွင် ထိုးဖောက်နိုင်မှု၊ လုပ်ငန်းမိတ်ဖက်များ ၏ အမြင်နှင့် တန်ဖိုးဖန်တီးနိုင်မှုစတဲ့ ကဏ္ဍကြီး လေးရပ်တွင် ကုမ္ပဏီတွေရဲ့ စွမ်းဆောင်မှုနဲ့ ကမ္ဘာ့ဆန်းသစ်တီထွင်မှုဆိုင်ရာ ခေါင်းဆောင် ၂,၅၀၀ တို့ကို စစ်တမ်းကောက်ယူမှုများပေါ်တွင် အခြေခံကာ ယခုကဲ့သို့ အမှတ်ပေးနေရာချထားခြင်း ဖြစ်ကြောင်း ယခုနှစ်တွင် BCG က ကုမ္ပဏီတစ်ခုစီရဲ့ ဆန်းသစ်စုံလင်နိုင်မှုနဲ့ အကန့်အသတ်တွေကို ထိုးဖောက်ကျော်လွှားနိုင်မှုကိုလည်း ထည့်သွင်း အမှတ်ပေးခဲ့ကြောင်း သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအတွင်း ဝင်ရောက်ရာတွင် ကြုံရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မှု၊ ယခင်က လုပ်ကိုင်နေခဲ့တဲ့ စျေးကွက်တွေရဲ့ ပြင်ပစျေးကွက်တွေမှာ ချဲ့ထွင် လုပ်ကိုင်နိုင်မှုစတဲ့ အချက်တွေကို ထည့်သွင်းဆုံးဖြတ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“BCG ရဲ့ ၁၄ ကြိမ်မြောက် တီထွင်ဆန်းသစ်မှု အရှိဆုံး ကုမ္ပဏီစာရင်းအတွက် ကျွန်တော်တို့ သုတေသန စတင်ပြုလုပ်ချိန်မှာ COVID-19 မဖြစ်ပွားသေးပါဘူး။ အချက်အလက်တွေကို ဆန်းစစ်လေ့လာပြီး ပါဝင်သူတွေနဲ့ ချိတ်ဆက်ပြောဆိုမှုတွေ ပြုလုပ်တဲ့ အခါမှာ ဒီနှစ်ရဲ့ အဓိက တွေ့ရှိချက်တွေ ဖြစ်တဲ့ ဆက်တိုက်တီထွင်ဖန်တီးနေမှုရဲ့ အရေးကြီးမှုတွေ၊ ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးမှုရဲ့ အားသာချက်တွေကို ပိုမို ရှင်းရှင်းလင်းလင်း တွေ့မြင်လာရပါတယ်။ ဒီနေ့ခေတ်မှာ ရောင်းလိုအား၊ ဝယ်လိုအား၊ သုံးစွဲသူ အမူအကျင့်တွေ၊ လုပ်ငန်းလုပ်ကိုင်ပုံတွေက အလျင်အမြန်ပြောင်းလဲနေတဲ့ အတွက် ဆန်းသစ်တီထွင်မှုခေါင်းဆောင်တွေအနေနဲ့ အမှီလိုက်ပြီး ပြောင်းလဲဆန်းသစ်နိုင်ဖို့ ပိုမို လိုအပ်လာပါတယ်”လို့ BCG အစီရင်ခံစာ ပြုစုရေးသားသူက ရေးသားခဲ့တယ်လို့ သိရပါတယ်။