၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ဖေဖော်ဝါရီ ၂၀ ရက်မှ စတင်ထုတ်ယူနိုင်မည်

၂၀၂၀ ပြည့်နှစ်၊ မတ် ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးမှာ ဖြေဆိုကြမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ မိမိတို့ရဲ့ဓာတ်ပုံ ကပ်ထားတဲ့ ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card ) တွေကိုဖေဖော်ဝါရီ ၂၀ ရက်မှ စတင်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းခွဲနဲ့ တွဲဖက် အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ မိမိတို့ရဲ့ စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) တွေကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမှာဖြစ်ပြီး ပြင်ပမှ ဖြေဆိုသူတွေအနေနဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card ) တွေကို မိမိတို့ဖြေဆိုရမယ့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ