၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ စတင်ကျင်းပမည်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ စတင် ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

စာမေးပွဲတွေကို နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ကျင်းပသွားမှာဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ မတ်လ ၁၁ ရက်မှာ မြန်မာစာဘာသာရပ်ကိုလည်းကောင်း၊ မတ်လ ၁၂ ရက်မှာ အင်္ဂလိပ်စာကိုလည်းကောင်း၊ မတ်လ ၁၃ ရက်မှာ သင်္ချာဘာသာရပ်ကိုလည်းကောင်း၊ မတ်လ ၁၄ ရက်မှာ စိတ်ကြိုက်မြန်မာစာကိုလည်းကောင်း၊ မတ်လ ၁၆ ရက်မှာ ဓာတုဗေဒဘာသာရပ်ကိုလည်းကောင်း၊ မတ်လ ၁၇ ရက်မှာ ရူပဗေဒဘာသာရပ်ကိုလည်းကောင်း၊ မတ်လ ၁၈ ရက်မှာ ဇီဝဗေဒနဲ့ ဘောဂဗေဒဘာသာရပ်တွေကိုလည်းကောင်း၊ မတ်လ ၁၉ ရက်မှာ ပထဝီဝင်ဘာသာရပ်ကိုလည်းကောင်း၊ မတ်လ ၂၀ ရက်မှာ သမိုင်းဘာသာရပ်ကိုလည်းကောင်း ဖြေဆိုရမှာဖြစ်ပါတယ်။

-သန္တာ