၂၀၂၀ နှောင်းပိုင်း Huawei Mate 40 မိတ်ဆက်နိုင်

Huawei ဟာ ၂၀၂၀နှောင်းပိုင်းမှာ Mate 40 ကိုမိတ်ဆက်နိုင်တယ်လို့ Weibo မှာ leakster တစ်ဦးကဖော်ပြပါတယ်။ အမေရိကန်က Huawei အပေါ်စီးပွားရေး ပိတ်ဆို့ထားပေမယ့်လည်း Mate 40 မှာ 5nm chipset ပါဝင်ပြီး အောက်တိုဘာလမှာ ပွဲထွက်လာနိုင်ပါတယ်။

ဒါ့အပြင် Huawei ဟာ ၂၀၂၀ စတုတ္ထသုံးလပတ်အတွင်း Mate 40 ဖုန်းအလုံးရေ ၈သန်းတင်ပို့ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

Huawei Mate 40 မှာပါဝင်မယ့် ချစ်ပ်က Kirin 1020 ဒါမှမဟုတ် Kirin 1000 လို့ခေါ်ဆိုဖွယ်ရှိပါတယ်။

-စိုးထက်
Ref: GSMArena