၂၀၂၀ နှစ်ဝက်အတွင်း တင်ပို့ရောင်းချမှုအများဆုံးဖုန်း ဖြစ်လာတဲ့ iPhone 11

iPhone 12 ကိုမိတ်ဆက်မှုက မကြာခင် ထွက်ပေါ်လာနိုင်ပါတယ်။ Omdia ရဲ့သုတေသနတစ်ခုအရ ၂၀၂၀ နှစ်ဝက်အတွင်း တင်ပို့ရောင်းချမှု အများဆုံးစမတ်ဖုန်းက iPhone 11 ဖြစ်တယ်လို့ သိရပါတယ်။ အခြား iPhone မော်ဒယ်တွေလည်း ထိပ်တန်း ၁၀ စာရင်း ပါဝင်ခဲ့ပါတယ်။ ၂၀၂၀ အတွင်း ရေပန်းစားတဲ့ ဖုန်းကတော့ iPhone 11 ဖြစ်လာနိုင်ပါတယ်။

iPhone 11 ဟာ မနှစ်ကလိုမျိုး iPhone XR လိုအောင်မြင်မှု ရရှိခဲ့ပါတယ်။ Omdia သုတေသနအရ Apple ဟာ ဒီနှစ်အတွင်း iPhone 11 ၃၇.၇ သန်း ထုတ်လုပ်ထားပါတယ်။ မနှစ်ကတော့ အောင်မြင်ခဲ့တဲ့ iPhone XR ထက် ၁၀.၈ သန်းကျော် များပြားပါတယ်။

COVID-19 ကပ်ရောဂါ ဖြစ်ပွားနေပေမယ့်လည်း iPhone ရောင်းအားက အလွန်ကောင်းမွန်ပါတယ်။

iPhone 11 မှာ ထူးခြားတဲ့လုပ်ဆောင်ချက်အသစ်နဲ့ တိုးတက်မှုတို့ ပါဝင်လာပါတယ်။ ဈေးနှုန်းကလည်း အရင်မော်ဒယ်ထက် ဒေါ်လာ ၅၀ သက်သာပါသေးတယ်။

စိုးထက်
Ref: 9to5Mac

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««