၂၀၂၀ ခုနှစ်အတွင်း iPhone လေးမျိုးကို Apple မိတ်ဆက်နိုင်

[ Zawgyi ]




စိုးထက်
Ref: GSMArena

[ Unicode ]

Apple ဟာ ဖုန်းရောင်းအားကို မြှင့်တင်ဖို့ ၂၀၂၀ ခုနှစ်အတွင်း iPhone လေးမျိုးကို ထုတ်လုပ်နိုင်တယ်လို့ JPMorgan အစီရင်ခံစာအရ သိရပါတယ်။ Apple ဟာ 5G modem ပါဝင်တဲ့ OLED ဖုန်း သုံးမျိုးထုတ်လုပ်ဖွယ်ရှိပြီး ဖုန်း နှစ်မျိုးမှာ ToF ကင်မရာ ပါဝင်တယ်လို့ လေ့လာဆန်းစစ်သူတစ်ဦးက ခန့်မှန်းထားပါတယ်။

Apple ဟာ စက်တင်ဘာလအတွင်း အားလပ်ရက်ရာသီအတွက် ဖုန်း နှစ်မျိုးကို မိတ်ဆက်နေကျဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်မှာ ထူးခြားတဲ့ ကင်မရာ setup နဲ့ ဖုန်းသစ် သုံးမျိုးကို မိတ်ဆက်ဖွယ်ရှိပါတယ်။
JP Morgan ကလေ့လာဆန်းစစ်မှုအရ Apple ဟာ တန်ဖိုးနည်းဈေးကွက်ကို ဖော်ဆောင်မှာ ဖြစ်ပြီး 5G modem မပါဝင်ဘဲ ဈေးနှုန်းသက်သာတဲ့ iPhone 8 အရွယ်အစားရှိတဲ့ ထုတ်ကုန်ကို ဖြန့်ချိဖွယ်ရှိပါတယ်။
Apple ဟာ ၂၀၁၉ ခုနှစ်အတွင်း ၅.၄ လက်မ၊ ၆.၁ လက်နဲ့ ၆.၇ လက်မအရွယ် ထုတ်ကုန်တွေကို မိတ်ဆက်ဖွယ်ရှိပါတယ်။

Ref: GSMArena