၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် အောင်ချက် ရာခိုင်နှုန်း ၃၂.၀၆ ရာခိုင်နှုန်းရှိ

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်း ၃၂.၀၆ ရာခိုင်နှုန်းရှိတယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အနေနဲ့ ၃၂.၇၉ ရာခိုင်နှုန်းနဲ့ မန္တလေးတိုင်းဒေသကြီး အနေနဲ့ ၃၇.၅၁ ရာခိုင်နှုန်းရှိပြီး ပြည်ပမှ ဖြေဆိုအောင်မြင်သူ ၃၀.၆၁ ရာခိုင်နှုန်း ရှိခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ဂုဏ်ထူးရဦးရေ အနေနဲ့ 1D ၃၇၁၅၂ ယောက် ၊ 2D ၁၂၉၅၇ ယောက် ၊ 3D ၅၆၆၂ ယောက် ၊ 4D ၂၉၇၆ ယောက် ၊ 5D ၁၈၃၁ ယောက် နဲ့ 6D ၇၉၇ ယောက် စုစုပေါင်း ၆၁၃၇၅ ဦးရေ ရှိပါတယ်။

၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ် အများဆုံး ဆုကို သိပ္ပံဘာသာတွဲ တွင် အထက ၁ ဒဂုံမှ မမေသက်ထွန်းမှ စာမေးပွဲ ရမှတ် ၅၅၂ မှတ်ဖြင့် လည်းကောင်း၊ ဝိပ္ပံဘာသာတွဲ တွင် အထက ၅ ဗိုလ်တထောင်မှ မောင်အာကာမြင့်မြတ် မှ စာမေးပွဲ ရမှတ် ၅၁၆ မှတ်ဖြင့် လည်းကောင်း၊ ဝိဇ္ဇာဘာသာတွဲ တွင် အထက ရေနံတောင်၊ ကြံခင်း မှ မောင်ဝေယံလင်းကျော် မှ စာမေးပွဲ ရမှတ် ၅၂၀ မှတ်ဖြင့် လည်းကောင်း အသီးသီး ရရှိခဲ့ကြပါတယ်။