၂၀၂၀ ခုနှစ်ရဲ့ အကောင်းဆုံး အွန်လိုင်း Diagram ပုံဆွဲဆော့ဖ်ဝဲ ၆ ခု

သင်စိတ်ကူးနိုင်သမျှကို နားလည်နိုင်ရန်အတွက် အံ့မခန်းစွမ်းဆောင်ရည်ရှိတဲ့ ပုံဆွဲဆော့ဖ်ဝဲတွေ များစွာရှိပါတယ်။ ဒီဆော့ဖ်ဝဲတွေက သင်ဟာ ကျွမ်းကျင်တဲ့အနုပညာရှင်တစ်ယောက် မဟုတ်ခဲ့ရင်တောင်မှ အကျိုးရှိပြီး လှပတဲ့ရုပ်ပုံတွေကို ဖန်တီးနိုင်အောင် ကူညီပေးနိုင်ပါတယ်။ အဲလိုဆော့ဖ်ဝဲတွေထဲက ကွန်ပျူတာ Install လုပ်ထည့်သွင်းအသုံးပြုစရာမလိုဘဲ browser ကနေပဲ အလွယ်တကူအသုံးပြုနိုင်ပြီး အွန်လိုင်းမှာတင် သင့်ရဲ့စိတ်ကူးကို အကောင်ထည်ဖော်ရေးဆွဲနိုင်တဲ့ အခမဲ့ ပရီမီယံအွန်လိုင်းပုံဆွဲဆော့ဖ်ဝဲလ်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Lucidchart (https://www.lucidchart.com/pages/ )

Lucidchart က စာကြည့်တိုက်မှ flowcharts တွေ၊ taskboard တွေ၊ wireframes တွေ၊ အချိန်ဇယား စတာတွေကို လှပတဲ့ Template တွေအသုံးပြုပြီး ဖန်တီးနိုင်မယ့် နာမည်ကျော် အွန်လိုင်း Diagram tool ဖြစ်ပါတယ်။ အသင့်သုံး အခမဲ့ template ပေါင်း ၁၀၀ အထိ အသုံးပြုနိုင်မှာဖြစ်သလို သင့်အနေနဲ့ ဖန်တီးလိုသောထူးခြားတဲ့ စိတ်ကူးအိုင်ဒီယာတစ်ခုခု ရှိပါကလည်း သူ့မှာရှိတဲ့ နည်းလမ်းပေါင်း တစ်သန်းခန့်ကို စိတ်ကြိုက်ပြုပြင် အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

Lucidchart မှာ သင့်စိတ်ကြိုက် ပုံကြမ်းတွေကို ဆွဲယူနိုင်ဖို့အတွက် ချောမွေ့လှပတဲ့ interface နဲ့ ထောက်ပံ့ပေးထားပြီး အသင့်သုံး ဒီဇိုင်းတွေက အလွန်ကောင်းမွန်ပြီး ဆွဲဆောင်မှုရှိလှပါတယ်။ အဲဒီထက်ပိုကောင်းပြီး အသုံးပြုဝင်လှတဲ့ Template တွေကို အသုံးပြုချင်ရင်တော့ Premium version ရှိဉီးမှာဖြစ်ပါတယ်။

၂။ SOLIDWORKS Beta (https://www.solidworks.com/)

SOLIDWORKS ကတော့ AutoCAD သမားတွေအတွက် အကောင်းဆုံး ရွေးချယ်စရာလို့ ဆိုချင်ပါတယ်။ ဒီဆော့ဖ်ဝဲမှာ ပြိုင်ဘက်ကင်း 3D-modeling စွမ်းရည်အပြင် 3D ပုံနှိပ်ခြင်းအတွက် ထောက်ပံ့ပေးတဲ့ လုပ်ဆောင်ချက်တွေ များစွာရှိပါတယ်။ command-line interface အနေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပြီး SOLIDWORKS ရဲ့ ဒီဇိုင်းကုမ္ပဏီက Browser ကနေ အသုံးပြုနိုင်ဖို့အတွက်ကို မကြာသေးမီကမှ လုံးဝ ပြောင်းရွှေ့ခဲ့တာပါ။ အင်တာနက်သုံးနိုင်တဲ့ မည်သည့်ကွန်ပျူတာ၊ Tablet PC ကနေမဆို Cloud tool အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

3D mode မှာ စက်မှုပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေ၊ LCD mount တွေနဲ့ network diagram တွေကို သင့်အနေနဲ့ ဆွဲနိုင်မှာပါ။ ရိုးရှင်းတဲ့ လိုင်းပုံကြမ်းတွေအတွက်လည်း eDrawing လုပ်ဆောင်ချက်ပါဝင်ပြီး သူ့ရဲ့ “toggle multiple monitors” option က သင့်ကို မော်နီတာတစ်လုံးထက် ပိုပြီး အလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ အွန်လိုင်းဗားရှင်းမှာ အခမဲ့ စမ်းသပ်မှုတွေ များစွာ စမ်းသပ်လုပ်ဆောင်နိုင်တာကလည်း ဒီဆော့ဖ်ဝဲကို အင်ဂျင်နီယာတွေအကြိုက် ဖြစ်စေမယ့် အကြောင်းပြချက်တစ်ခုလို့ ဆိုရမှာပါ။

၃။ Creately (https://app.creately.com/)

အင်ဂျင်နီယာတွေအတွက် အသုံးဝင်လှတဲ့ ဆော့ဖ်ဝဲဆိုတာထက် သမားရိုးကျ 2D ကိရိယာများ စုံလင်စွာပါဝင်တဲ့ ဆော့ဖ်ဝဲကတော့ Creately ဖြစ်ပါတယ်။ Google အကောင့်သုံးပြီး အခြေခံ အခမဲ့အစီအစဉ်တစ်ခု ရရှိနိုင်မှာဖြစ်ပြီး 2D ပုံကြမ်း အမျိုးမျိုးကို ရေးဆွဲနိုင်မှာဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲနဲ့ concept map တွေ၊ Venn ကားချပ်တွေ၊ storyboards တွေ၊ အင်ဂျင်နီယာဒီဇိုင်း၊ cluster chart စတဲ့ အသင့်သုံး template တွေ များစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့ interface က ရိုးရှင်းပြီး ဂျီဩမေတြီနည်းကျ အသေးဆုံး မူလပုံစံတွေ အသုံးပြုနိုင်သလို ဇယားကွက်မီနူးတွေကို ဆွဲဖို့အတွက်လည်း အချိန်များစွာ ပေးစရာမလိုပါဘူး။ ဒီဆော့ဖ်ဝဲရဲ့ Icon တွေနေရာချထားတာတွေက Microsoft Visio နဲ့ ဆင်တူပါတယ်။

အသင့်သုံး template တွေကို မကြိုက်ရင်လည်း Creately ရဲ့ built-in Google Image search icon လုပ်ဆောင်ချက်ကို အသုံးပြုနိုင်မှာပါ။ ဒီဆော့ဖ်ဝဲရဲ့ အခမဲ့ plan အားနည်းချက်တစ်ခုက သင်ဖန်တီးထားတဲ့ ရုပ်ပုံတွေကို အများသုံးဖိုင်အဖြစ် သိမ်းဆည်းလိုက်တာဖြစ်ပါတယ်။

၄။ SketchUp (https://www.sketchup.com/)

သင့်အနေနဲ့ အခမဲ့သုံးနိုင်တဲ့ 3D-modeling tool ကို သုံးချင်ရင်တော့ အခမဲ့ Sketchup version က အကောင်းဆုံး tool တစ်ခု ဖြစ်ပါလိမ့်မယ်။ အခြား tools တွေ ဒါမှမဟုတ် command တွေ အသုံးပြုရင်း 3D wearhouse လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 8’x12’ stage နှင့် WrestleMania 3D ရုပ်ပုံတွေကို ဒီဇိုင်းတွေ ဖန်တီးနိုင်မှာဖြစ်ပြီး အသုံးဝင်လှတဲ့ templates အမျိုးမျိုးကို အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ Sketchup မှာ registration မှတ်ပုံတင်လိုက်တာနဲ့ အခမဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

၅။ Draw.io (https://app.diagrams.net/)

သင့်အနေနဲ့ အကောင့်တစ်ခုပြုလုပ်ဖို့ အချိန်မရှိလောက်အောင် တစ်ခါတစ်ရံမှာ အရေးတကြီး တစ်စုံတစ်ခုကို ဒီဇိုင်းဆွဲဖို့ လိုအပ်တဲ့အခါမှာ Draw.io က သင့်အတွက်ဖြစ်မှာပါ။ ဒီ Tool မှာ Visio ကဲ့သို့ လုပ်ဆောင်ချက်တွေ အများကြီးရှိပြီး ပုံစံနှင့် အရွယ်အစားအရ အနည်းငယ်သာ ကန့်သတ်ထားပေမယ့် အခမဲ့သုံးနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Android၊ Atlassian, AWS, Azure, Google Cloud နှင့် မော်ဒန်ကွန်ရက်ဒီဇိုင်းတွေအတွက် အခမဲ့ ဆော့ဖ်ဝဲ pack တွေ အသုံးပြုနိုင်မှာဖြစ်ပြီး သင့်အနေနဲ့ client presentation အတွက် နည်းပညာအကြောင်းအရာ ခေါင်းစဉ်နဲ့သက်ဆိုင်တဲ့ အသုံးဝင်တဲ့သင်္ကေတတွေကို Draw.io မှာ ရှာဖွေနိုင်မှာလည်း ဖြစ်ပါတယ်။

၆။ Cacoo (https://cacoo.com/)

Cacoo က အခြား diagram ဆောဖ့်ဝဲတွေနဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲဖြစ်သလို ဘယ်လိုနည်းပညာခေါင်းစဉ်အတွက် မဆို အဆင့်မြင့် diagram templates တွေကိုလည်း အသုံးပြုနိုင်အောင် ထောက်ပံ့ပေးပါတယ်။ ဒီဆော့ဖ်ဝဲက interface ပုံစံများစွာအပြင် Azure server ဒါမှမဟုတ် Android keyboard တေွ သုံးရသလိုမျိုး ခံစားရစေမှာလည်းဖြစ်ပါတယ်။ ဒီ Tool နဲ့ အလွယ်တကူ ဖန်တီးနိုင်မှာဖြစ်သလို အခြား App တွေနဲ့လည်း ပေါင်းစပ်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Cacoo ကို ၁၄ ရက်ကြာ အခမဲ့ စမ်းသပ်အသုံးပြုနိုင်မှာ ဖြစ်ပြီး ဒီဆော့ဖ်ဝဲရဲ့ လှပတဲ့ Template တွေက စမ်းသပ်အသုံးပြုကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

သင့်အနေနဲ့ စုံလင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ အခြား Diagram ဆော့ဖ်ဝဲတွေရှိပါသေးတယ်။ Draw.io လိုသုံးနိုင်တဲ့ Diagram Editor ကိုသုံးနိုင်သလို Edraw Max, Visio နှင့် SmartDraw စတာတွေလည်း ရှိပါသေးတယ်။ ဒီဆောဖ့်ဝဲတွေက Web ဗားရှင်းအနေနဲ့ သုံးနိုင်ပြီး Microsoft Visio လိုမျိုး Libre Office Draw နဲ့ Gliffy တို့ကိုလည်း စမ်းသပ်အသုံးပြုကြည့်နိုင်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««