၂၀၂၀ ခုနှစ်မှာ ထုတ်ကုန်အားလုံးအတွက် Android 10 ကိုဖြန့်ချိမယ်လို့ Google အတည်ပြု

Google ဟာ Android 10 ကို စက်တင်ဘာလ အစောပိုင်းမှာ မိတ်ဆက်ခဲ့ပါတယ်။ Android 10 ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် အပြီးမှာ ဖုန်းအားလုံးအတွက် ဖြန့်ချိသွားမယ်လို့ Google ကအတည်ပြုခဲ့ပါတယ်။

Android 10 အခြေခံ build တစ်ခုကို OEM ကထောက်ပံ့ပေးထားပြီး GMS (Google Mobile Services) အသုံးပြုမှုကို Google ကထောက်ခံပေးသွားပါမယ်။ အဲဒီသတင်းကို XDA Developers ကပြောခဲ့ပါတယ်။

ဖုန်းထုတ်လုပ်သူတွေအားလုံးက သုံးစွဲသူတွေအတွက် နောက်ဆုံးပေါ် software ကိုထောက်ပံ့လာအောင် အခုအဆင့်ကို ပြုလုပ်လိုက်တာ ဖြစ်ပြီး Google ကလည်း အချိန်နဲ့တစ်ပြေးညီ လုံခြုံရေး update တွ ေပေးလာနိုင်ပါမယ်။ ၂၀၂၀၊ ဇန်နဝါရီ ၃၁ ရက်မတိုင်မီ ဖုန်းရဲ့ build တွေကို ထောက်ခံမှုရရှိအောင် ပြုလုပ်ဖို့ လိုမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နောက်ပိုင်း ထွက်ရှိတဲ့ဖုန်းတွေမှာ software အဟောင်းတွေပဲ ပါဝင်လာဦးမှာပါ။

GMS မှာ Google app တွေများစွာ ပါဝင်ပြီး Google Play Store နဲ့ Services အပါအဝင် app တွေကို တရုတ်နိုင်ငံပြင်ပက ဖုန်းတွေမှာ အသုံးပြုနိုင်ပါမယ်။ ခြွင်းချက်အဖြစ် Mate 30 စီးရီးဖုန်းမှာ GMS အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Huawei အမေရိကန် ကုန်သွယ်ရေး ပိတ်ပင်မှု မရှိခင်က ကမ္ဘာတစ်ဝန်းမှာ ဖြန့်ချိခဲ့တာကြောင့် ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena