၂၀၂၀မွာ Facebook ရဲ႕ ‘Global Coin’ cryptocurrency ကုိ မိတ္ဆက္ဖြယ္ရွိ

[ Zawgyi ]

Facebook ဟာ လာမယ့္ႏွစ္ ပထမသုံးလပတ္မွာ cryptocurrency ကို မိတ္ဆက္မယ္လို႔ BBC က ေဖာ္ျပခဲ့ပါတယ္။ Facebook ဟာ ဒီႏွစ္ ေႏွာင္းပုိင္းအတြင္း cryptocurrency နဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ကုိ ထုတ္ေဖာ္မိတ္ဆက္ၿပီး စတင္ စမ္းသပ္မယ္လို႔ သိရပါတယ္။ အဲဒီ အြန္လိုင္း ေငြေၾကးကုိ “GlobalCoin” လို႔ သတင္းမွာ ရည္ညႊန္းထားၿပီး ႏိုင္ငံေပါင္း ၁၂ ႏိုင္ငံမွာ ျဖန္႔ခ်ိသြားမယ္လို႔ သိရပါတယ္။ သုံးစြဲသူေတြအေနနဲ႔ ဘဏ္အေကာင့္မလိုဘဲ လုံၿခဳံတဲ့ ေငြေပးေခ်မႈေတြနဲ႔ ေဈးႏႈန္းသက္သာစြာ အသုံးျပဳႏိုင္ပါမယ္။

Facebook ရဲ႕ cryptocurrency ဟာ မျဖန္႔ခ်ိခင္မွာ နည္းစနစ္ပုိင္းနဲ႔ စည္းကမ္းပုိင္းအခက္အခဲမ်ားစြာ ေက်ာ္လႊားဖို႔ လိုအပ္ပါေသးတယ္။ ၿပီးခဲ့တဲ့လက Facebook အမႈေဆာင္အရာရွိခ်ဳပ္ မာ့ခ္ဇူကာဘတ္အေနနဲ႔ ဒီဂ်စ္တယ္ေငြေၾကးရဲ႕ စြန္႔စားမႈနဲ႔ အခြင့္အလမ္းေတြကို ေဆြးေႏြးဖို႔ Bank of England ရဲ႕အုပ္ခ်ဳပ္သူ မာ့ခ္ကာေနနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ Facebook ဟာ virtual currency အေပၚရန္လိုတဲ့ စိတ္ရွိေနတဲ့ အိႏၵိယေဈးကြက္ကုိ ဆက္လက္ကိုင္ထားဖို႔ အခက္ေတြ႕ႏိုင္ပါတယ္။ အိႏၵိယဟာ ေငြေၾကးစနစ္အသစ္ကို ဖန္တီးဖို႔ အာ႐ုံစိုက္ထားေနပါတယ္။ Facebook ကေတာ့ ႏိုင္ငံရပ္ျခားမွာ လုပ္ကုိင္ေနတဲ့ အိႏၵိယလုပ္သားေတြ WhatsApp ကုိအသုံးျပဳၿပီး မိသားစုဆီ ေငြေၾကးျပန္ပုိ႔ခြင့္ျပဳဖုိ႔ ေမွ်ာ္လင့္ေနပါတယ္။

Facebook ဟာ အေမရိကန္ဘ႑ာတိုက္အျပင္ Western Union လုိမ်ိဳး ေငြေၾကးလႊဲေျပာင္းေရးကုမၸဏီနဲ႔လည္း ေျပာဆိုေဆြးေႏြးေနၾကပါတယ္။ Facebook က cryptocurrency နဲ႔ဆက္စပ္တဲ့ လုပ္ငန္းပုိင္းနဲ႔ စည္းကမ္းပုိင္းကို ေဆြးေႏြးတာျဖစ္တယ္လို႔ သိရပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Facebook ဟာ လာမယ့်နှစ် ပထမသုံးလပတ်မှာ cryptocurrency ကိုမိတ်ဆက်မယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။ Facebook ဟာ ဒီနှစ် နှောင်းပိုင်းအတွင်း cryptocurrency နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ထုတ်ဖော်မိတ်ဆက်ပြီး စတင် စမ်းသပ်မယ်လို့ သိရပါတယ်။ အဲဒီ အွန်လိုင်း ငွေကြေးကို “GlobalCoin” လို့ သတင်းမှာ ရည်ညွှန်းထားပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ သုံးစွဲသူတွေအနေနဲ့ ဘဏ်အကောင့်မလိုဘဲ လုံခြုံတဲ့ ငွေပေးချေမှုတွေနဲ့ ဈေးနှုန်းသက်သာစွာ အသုံးပြုနိုင်ပါမယ်။

Facebook ရဲ့ cryptocurrency ဟာ မဖြန့်ချိခင်မှာ နည်းစနစ်ပိုင်းနဲ့ စည်းကမ်းပိုင်းအခက်အခဲများစွာ ကျော်လွှားဖို့ လိုအပ်ပါသေးတယ်။ ပြီးခဲ့တဲ့လက Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်အနေနဲ့ ဒီဂျစ်တယ်ငွေကြေးရဲ့ စွန့်စားမှုနဲ့ အခွင့်အလမ်းတွေကို ဆွေးနွေးဖို့ Bank of England ရဲ့အုပ်ချုပ်သူ မာ့ခ်ကာနေနဲ့ တွေ့ဆုံခဲ့ပါတယ်။ Facebook ဟာ virtual currency အပေါ်ရန်လိုတဲ့ စိတ်ရှိနေတဲ့ အိန္ဒိယဈေးကွက်ကို ဆက်လက်ကိုင်ထားဖို့ အခက်တွေ့နိုင်ပါတယ်။ အိန္ဒိယဟာ ငွေကြေးစနစ်အသစ်ကို ဖန်တီးဖို့ အာရုံစိုက်ထားနေပါတယ်။ Facebook ကတော့ နိုင်ငံရပ်ခြားမှာ လုပ်ကိုင်နေတဲ့ အိန္ဒိယလုပ်သားတွေ WhatsApp ကိုအသုံးပြုပြီး မိသားစုဆီ ငွေကြေးပြန်ပို့ခွင့်ပြုဖို့ မျှော်လင့်နေပါတယ်။

Facebook ဟာ အမေရိကန်ဘဏ္ဍာတိုက်အပြင် Western Union လိုမျိုး ငွေကြေးလွှဲပြောင်းရေးကုမ္ပဏီနဲ့လည်း ပြောဆိုဆွေးနွေးနေကြပါတယ်။ Facebook က cryptocurrency နဲ့ဆက်စပ်တဲ့ လုပ်ငန်းပိုင်းနဲ့ စည်းကမ်းပိုင်းကို ဆွေးနွေးတာဖြစ်တယ်လို့ သိရပါတယ်။

Ref: TheVerge