၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို ဝက်ဘ်ဆိုက်တွင် အခမဲ့ကြည့်ရှုနိုင်မည်

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူတွေရဲ့ အမှတ်စာရင်းကို ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၆ နာရီမှ စတင်ကာ ဝက်ဘ်ဆိုက်မှာ အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ https://mmexamscore.org မှာ ဝင်ရောက်ပြီး မိမိရဲ့ခုံအမှတ်နဲ့ မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ကာ အမှတ်စာရင်းတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ရုံးများသို့ လာရောက်လျှောက်ထားခြင်း မပြုရန် မေတ္တာရပ်ခံထားပြီး Covid-19 ကာကွယ်ထိန်းချုပ်တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပေးမယ့် အစီအစဉ်ကို ကြိုတင်အသိပေးသွားမယ်လို့ သိရပါတယ်။

အမှတ်စာရင်းကြည့်ရှုနည်း လမ်းညွှန်ရုပ်သံဖိုင်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ Website နဲ့ Facebook Page ဖြစ်တဲ့ https://mmexamscore.org နဲ့ https://www.facebook.com/exams.mm/ မှာ ဇန်နဝါရီ ၁၄ ရက် မှစတင်ပြီး ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««