[ Zawgyi ]
၂၀၁၉ ခုႏွစ္ ႏွစ္လယ္ခန္႔မွာ Cyber Law ထြက္ႏိုင္မယ္လို႔ ဦးရဲႏိုင္မိုး (Director: Cyber Security Department, Ministry of Transport & Communications) ကေျပာပါတယ္။
“Cyber security ပိုင္းဆိုင္ရာမွာလိုအပ္တဲ့ဥပေဒေတြေရး ဆြဲဖို႔ေဆာင္ရြက္ေနတယ္၊ ၂၀၁၉ ႏွစ္လယ္ ေလာက္မွာ Cyber Law နဲ႔ပတ္သက္တ့ဲ e-Government ရယ္ Cyber security ရယ္ e-Commerce ရယ္ ဒါေတြကိုလႊမ္းၿခံဳေပးႏိုင္မယ့္ Cyber law တစ္ခုထြက္ႏိုင္ လိမ့္မယ္” လို႔ေျပာပါတယ္။ အဲဒီဥပေဒ မွာ ဘ႑ာေရးဆိုင္ရာ၊ တယ္လီကြန္းဆိုင္ရာ အစရွိတဲ့အေၾကာင္းအရာေတြ ပါဝင္မယ္လို႔ သိရပါတယ္။ Cyber Security & Data Privacy ICT Talk ေဆြးေႏြးပြဲကုိ ဇူလိုင္ ၁၄ ရက္ ေန႔လည္ ၂ နာရီမွာ MICT Park မွာ က်င္းခဲ့ၿပီး အဲဒီအခမ္းအနားမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
Cyber Legal and Policy Framework (Cyber Law) ကို ေရးဆြဲသြားႏိုင္ဖို႔ ကမၻာ့ဘဏ္ ေခ်းေငြနဲ႔ ေဆာင္ရြက္ ေနၿပီး၂၀၁၉ ခုႏွစ္မွာ ဥပေဒမူၾကမ္း ရရွိေစဖို႔ လ်ာထား ေဆာင္ရြက္လ်က္ ရွိေၾကာင္းသိရပါတယ္။ e-Government Integrated Data Center (eGIDC) တည္ေဆာက္ျခင္း စီမံကိန္းကို လည္း အစိုးရဌာနအားလုံးမွ အသုံးျပဳသြားနိုင္ေအာင္ ရည္ရြယ္ၿပီး ကိုးရီးယားသမၼတနိုင္ငံရဲ႕ EDCF ေခ်းေငြနဲ႔ ေဆာင္ရြက္ေနေၾကာင္းသိရပါတယ္။
-ထြန္းထြန္း
[ Unicode ]
၂၀၁၉ ခုနှစ် နှစ်လယ်ခန့်မှာ Cyber Law ထွက်နိုင်မယ်လို့ ဦးရဲနိုင်မိုး (Director: Cyber Security Department, Ministry of Transport & Communications) ကပြောပါတယ်။
“Cyber security ပိုင်းဆိုင်ရာမှာလိုအပ်တဲ့ဥပဒေတွေရေး ဆွဲဖို့ဆောင်ရွက်နေတယ်၊ ၂၀၁၉ နှစ်လယ် လောက်မှာ Cyber Law နဲ့ပတ်သက်တဲ့ e-Government ရယ် Cyber security ရယ် e-Commerce ရယ် ဒါတွေကိုလွှမ်းခြုံပေးနိုင်မယ့် Cyber law တစ်ခုထွက်နိုင် လိမ့်မယ်” လို့ပြောပါတယ်။ အဲဒီဥပဒေ မှာ ဘဏ္ဍာရေးဆိုင်ရာ၊ တယ်လီကွန်းဆိုင်ရာ အစရှိတဲ့အကြောင်းအရာတွေ ပါဝင်မယ်လို့ သိရပါတယ်။ Cyber Security & Data Privacy ICT Talk ဆွေးနွေးပွဲကို ဇူလိုင် ၁၄ ရက် နေ့လည် ၂ နာရီမှာ MICT Park မှာ ကျင်းခဲ့ပြီး အဲဒီအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
Cyber Legal and Policy Framework (Cyber Law) ကို ရေးဆွဲသွားနိုင်ဖို့ ကမ္ဘာ့ဘဏ် ချေးငွေနဲ့ ဆောင်ရွက် နေပြီး၂၀၁၉ ခုနှစ်မှာ ဥပဒေမူကြမ်း ရရှိစေဖို့ လျာထား ဆောင်ရွက်လျက် ရှိကြောင်းသိရပါတယ်။ e-Government Integrated Data Center (eGIDC) တည်ဆောက်ခြင်း စီမံကိန်းကို လည်း အစိုးရဌာနအားလုံးမှ အသုံးပြုသွားနိုင်အောင် ရည်ရွယ်ပြီး ကိုးရီးယားသမ္မတနိုင်ငံရဲ့ EDCF ချေးငွေနဲ့ ဆောင်ရွက်နေကြောင်းသိရပါတယ်။
-ထွန်းထွန်း