၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွက် မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ဝင်ခွင့်ထပ်မံခေါ်ယူ

မန္တလေးကွန်ပျူတာတက္ကသိုလ်မှာ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် ထပ်မံခေါ်ယူလျက်ရှိပါတယ်။

ယခင်က ဝင်ခွင့်ကို တက္ကသိုလ်ဝင်စာမေးပွဲမှာ စုစုပေါင်းရမှတ် ၄၅၀ နဲ့ အထက် ရရှိသူတွေကို လျှောက်ထားဖို့ ခေါ်ယူခဲ့ပြီး ယခုအခါ ဝင်ခွင့်လျှောက်ထားရာမှာ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ် ပါဝင်တဲ့ ဘာသာတွဲတစ်ခုခုနဲ့ အောင်မြင်ပြီး အင်္ဂလိပ်စာနဲ့ သင်္ချာ ၂ ဘာသာ စုစုပေါင်း ရမှတ် ၁၄၀ နဲ့ အထက် ရရှိသူတွေ ထပ်မံလျှောက်ထားနိုင်မှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထားပြီး မန္တလေးကွန်ပျူတာတက္ကသိုလ်ကို တိုက်ရိုက် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုသူတွေ အနေနဲ့ www.ucsm.edu.mm နဲ့ ဖုန်း – ၀၉-၇၈၆၅၀၅၀၁၂၊ ၀၉၇၅၂၃၀၂၁၁၅ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။