၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ၏ နေ့သင်တန်းများ ဒီဇင်ဘာ ၂ ရက်တွင် ဖွင့်မည်

ပညာရေးဝန်ကြီးဌာနရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ပညာရေးတက္ကသိုလ်များ၊ နိုင်ငံခြားဘာသာတက္ကသိုလ်များနဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးရဲ့ အထူးပြုဘာသာရပ်တွေ အတွက် ပထမနှစ် နေ့သင်တန်းတွေကို ဒီဇင်ဘာ ၂ ရက်မှ စတင် ဖွင့်လှစ်မယ်လို့ သိရပါတယ်။

ပထမနှစ် နေ့သင်တန်းဝင်ခွင့်ရရှိတဲ့ သူတွေကို အောက်တိုဘာ ၂၅ ရက်မှ စတင်ကာ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်အသီးသီးမှာ ကြေညာထားမှာ ဖြစ်သလို www.moe.gov.mm နဲ့ www.dhe.gov.mm မှာ လည်း ကြေညာထားမှာဖြစ်ပါတယ်။ ဒုတိယနှစ်နဲ့အထက် သင်တန်းတွေအားလုံးကိုလည်း ဒီဇင်ဘာ ၂ ရက်မှ စတင်ကာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

-သန္တာ