၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္အတြက္ ရန္ကုန္စီးပြားေရးတကၠသုိလ္မွ ညေနပုိင္းမဟာဘြဲ႕သင္တန္း ၀င္ခြင့္ေလွ်ာက္လႊာေခၚယူ

[ Zawgyi ]

ရန္ကုန္စီးပြားေရးတကၠသုိလ္မွ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္အတြက္ ညေနပိုင္းမဟာဘြဲ႕သင္တန္းမ်ားအတြက္ ၀င္ခြင့္ေလွ်ာက္လႊာေတြ ေခၚယူေနပါတယ္။

ေခၚယူေနတဲ့ သင္တန္းေတြကေတာ့ စီးပြားေရးလုပ္ငန္းစီမံခန္႔ခြဲမႈမဟာဘြဲ႕ (EMBA), ျပည္သူ႔ေရးရာစီမံခန္႔ခြဲမႈ မဟာဘြဲ႕ (EMPA), ဖြံ႕ၿဖိဳးေရးပညာမဟာဘြဲ႕ (EMDevs) ေတြျဖစ္ပါတယ္။ သင္တန္းေတြကို အသိအမွတ္ျပဳ တကၠသုိလ္တစ္ခုခုမွ ဘြဲ႕ရရွိၿပီးသူေတြ၊ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၁ ရက္မွာ အသက္ ၃၀ ျပည့္ၿပီးသူေတြ ေလွ်ာက္ထားႏုိင္ပါတယ္။

တက္ေရာက္လုိသူေတြဟာ အစုိးရ၀န္ထမ္းျဖစ္ပါက ျပန္တမ္း၀င္အရာရွိ လုပ္သက ္(၈) ႏွစ္ ရွိရမွာျဖစ္ၿပီး ကုမၸဏီ၀န္ထမ္းျဖစ္ပါက Executive Level (စီမံခန္႕ခြဲမႈအဆင့္) လုပ္သက္ (၈) ႏွစ္ ရွိရမွာျဖစ္ပါတယ္။

ေလွ်ာက္လႊာရယူတာေတြကိုေတာ့ EMBA သင္တန္းအတြက္ စီမံခန္႕ခြဲမႈပညာဌာန (ပတၱျမားေဆာင္)၊ ပါရမီလမ္း၊ ရန္ကုန္စီးပြားေရးတကၠသုိလ္ (လႈိင္နယ္ေျမ)၊ EMPA သင္တန္းအတြက္ အသုံးခ်ေဘာဂေဗဒဌာန (အခန္း ၁၁၂)၊ ရန္ကုန္စီးပြားေရးတကၠသုိလ္၊ (ကမာရြတ္နယ္ေျမ) အင္းလ်ားလမ္း၊ EMDevS သင္တန္းအတြက္ ေဘာဂေဗဒဌာန (အခန္း-၁၀၆)၊ ရန္ကုန္စီးပြားေရးတကၠသုိလ္ (ကမာရြတ္နယ္ေျမ)၊ အင္းလ်ားလမ္းတို႔မွာ ဇူလုိင္ ၉ ရက္မွ စတင္ရယူႏုိင္ၿပီး ၾသဂုတ္ ၅ ရက္ ေနာက္ဆံုးကာ ျပန္လည္တင္သြင္းရမွာျဖစ္ပါတယ္။

သင္တန္း၀င္ခြင့္ေရးေျဖစာေမးပြဲေတြကုိ ၾသဂုတ္ ၁၁ ရက္မွာ EMBA သင္တန္းအတြက္ ရန္ကုန္စီးပြားေရး တကၠသုိလ္(လႈိင္နယ္ေျမ)၊ EMPA နဲ႔ EMDevS သင္တန္းအတြက္ ရန္ကုန္စီးပြားေရးတကၠသုိလ္ (ကမာရြတ္နယ္ေျမ) တို႔မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကို ဖုန္း-(EMBA – ၀၁-၆၆၄၆၈၄)၊ (EMPA- ၀၁ -၅၁၂၆၃၃၊ ၀၉-၄၃၁၂၇၂၃၆) (EMDevS-၅၁၀၂၁၃) တို႔ကုိ ဆက္သြယ္ေမးျမန္းႏုိင္မွာ ျဖစ္ပါတယ္။

-သႏၲာ

[ Unicode ]

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ညနေပိုင်းမဟာဘွဲ့သင်တန်းများအတွက် ၀င်ခွင့်လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။

ခေါ်ယူနေတဲ့ သင်တန်းတွေကတော့ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (EMBA), ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ (EMPA), ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ (EMDevs) တွေဖြစ်ပါတယ်။ သင်တန်းတွေကို အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက်မှာ အသက် ၃၀ ပြည့်ပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။

တက်ရောက်လိုသူတွေဟာ အစိုးရဝန်ထမ်းဖြစ်ပါက ပြန်တမ်းဝင်အရာရှိ လုပ်သက ်(၈) နှစ် ရှိရမှာဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းဖြစ်ပါက Executive Level (စီမံခန့်ခွဲမှုအဆင့်) လုပ်သက် (၈) နှစ် ရှိရမှာဖြစ်ပါတယ်။

လျှောက်လွှာရယူတာတွေကိုတော့ EMBA သင်တန်းအတွက် စီမံခန့်ခွဲမှုပညာဌာန (ပတ္တမြားဆောင်)၊ ပါရမီလမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)၊ EMPA သင်တန်းအတွက် အသုံးချဘောဂဗေဒဌာန (အခန်း ၁၁၂)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ (ကမာရွတ်နယ်မြေ) အင်းလျားလမ်း၊ EMDevS သင်တန်းအတွက် ဘောဂဗေဒဌာန (အခန်း-၁၀၆)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အင်းလျားလမ်းတို့မှာ ဇူလိုင် ၉ ရက်မှ စတင်ရယူနိုင်ပြီး သြဂုတ် ၅ ရက် နောက်ဆုံးကာ ပြန်လည်တင်သွင်းရမှာဖြစ်ပါတယ်။

သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲတွေကို သြဂုတ် ၁၁ ရက်မှာ EMBA သင်တန်းအတွက် ရန်ကုန်စီးပွားရေး တက္ကသိုလ်(လှိုင်နယ်မြေ)၊ EMPA နဲ့ EMDevS သင်တန်းအတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) တို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ဖုန်း-(EMBA – ၀၁-၆၆၄၆၈၄)၊ (EMPA- ၀၁ -၅၁၂၆၃၃၊ ၀၉-၄၃၁၂၇၂၃၆) (EMDevS-၅၁၀၂၁၃) တို့ကို ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။