၂၀၁၉- ၂၀၂၀ ပညာသင္ႏွစ္မွ စတင္၍ အေျခခံပညာအထက္တန္းဆင့္ ၿပီးေျမာက္ေၾကာင္းလက္မွတ္ ေပးအပ္မည္

[ Zawgyi ]

၂၀၁၉-၂၀၂၀ ပညာသင္နွစ္မွ စတင္၍ အေျခခံပညာအထက္တန္းဆင့္ ျပီးေျမာက္ေၾကာင္းလက္မွတ္ (High School Completion Certificate) ေပးအပ္သြားမယ္လို႔ ပညာေရး၀န္ႀကီးဌာနရဲ႕ တရား၀င္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာမွ တစ္ဆင့္ သိရပါတယ္။

အေျခခံပညာအထက္တန္းဆင့္ ၿပီးေျမာက္ေၾကာင္းလက္မွတ္မွာ အေျခခံပညာအထက္တန္းဆင့္ ၿပီးဆံုးေအာင္ သင္ယူေလ့လာခဲ့ေသာ ေက်ာင္းသားအား ခ်ီးျမႇင့္ေပးအပ္မယ့္ အေထာက္အထား လက္မွတ္တစ္ခုျဖစ္ေၾကာင္း၊ အေျခခံပညာအထက္တန္းဆင့္ ၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးနိင္ေရးအတြက္ ပညာရွင္မ်ားစြာျဖင့္ အႀကိမ္ႀကိမ္ စိစစ္ေဆြးေႏြးတိုင္ပင္မႈမ်ားလည္း ျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။ ပညာေရးဝန္ႀကီးဌာန အေျခခံပညာဦးစီးဌာန လက္ေအာက္ရွိ အေျခခံပညာအထက္တန္းေက်ာင္းမ်ား၊ အေျခခံပညာအထက္တန္း ေက်ာင္း (ခြဲ) မ်ား၊ တြဲဖက္ အထကမ်ား၊ ကိုယ္ပိုင္ေက်ာင္း (ယာယီ) မ်ား၊ ကိုယ္ပိုင္ေက်ာင္း (စမ္းသပ္) မ်ား အပါအဝင္ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းမ်ားတြင္ အေျခခံပညာ အထက္တန္းဆင့္ၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးေရးကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အေျခခံပညာအထက္တန္းဆင့္ ျပီးေျမာက္ေၾကာင္းလက္မွတ္ကို ေက်ာင္းေခၚႀကိမ္ျပည့္မီျခင္း၊ ပညာရည္ စစ္ေဆးအကဲျဖတ္ျခင္း၊ ဘာသာရပ္အလိုက္တတ္ေျမာက္မႈ အဆင့္သတ္မွတ္ျခင္း၊ စာေပ၊ အႏုပညာ လုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္ရြက္ျခင္း၊ စာၾကည့္တိုက္ဆိုင္ရာ က႑မ်ား၏ လႈပ္ရွားမႈမ်ားတြင္ ပါဝင္ျခင္း၊ လူမႈေရးျပစ္ခ်က္ကင္း၍ ေက်ာင္းစည္းကမ္းလိုက္နာျခင္း၊ အားကစားနွင့္ကာယလႈပ္ရွားမႈမ်ား ေဆာင္ရြက္ျခင္း၊ ေက်ာင္းေကာင္စီအသင္းအဖြဲ႔မ်ားနွင့္ လူမႈေရးအသင္းမ်ားတြင္ ပါဝင္ေဆာင္ရြက္ျခင္း စတဲ့ က႑ခုနစ္ရပ္ျဖင့္ ထည့္သြင္းစဉ္းစား ေပးအပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အေျခခံပညာအထက္တန္းေက်ာင္းမ်ား၊ ရန္ကုန္ပညာေရးတကၠသိုလ္၊ စစ္ကိုင္းပညာေရးတကၠသိုလ္နဲ႔ ျပည္ေထာင္စုတိုင္းရင္းသားလူမ်ိဳးမ်ားဖြံ႔ျဖိဳးေရးတကၠသိုလ္ တို႔ရွိ ေလ့က်င့္ေရး အထက္တန္းေက်ာင္းမ်ား၊ တပ္မေတာ္အထက္တန္းေက်ာင္းမ်ား၊ ကိုယ္ပိုင္ေက်ာင္း (ယာယီ) မ်ားမွာ အရည္အေသြး အာမခံ စိစစ္ေရးေကာ္မတီကို ဖြဲ႔စည္းၿပီး သတ္မွတ္ထားတဲ့ စံသတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီသူကိုသာ အေျခခံပညာ အထက္တန္းဆင့္ ျပီးေျမာက္ေၾကာင္းလက္မွတ္ ေပးအပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

-ေဝေဝ

[ Unicode ]

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်၍ အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် (High School Completion Certificate) ပေးအပ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် သိရပါတယ်။

အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်မှာ အခြေခံပညာအထက်တန်းဆင့် ပြီးဆုံးအောင် သင်ယူလေ့လာခဲ့သော ကျောင်းသားအား ချီးမြှင့်ပေးအပ်မယ့် အထောက်အထား လက်မှတ်တစ်ခုဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးနိင်ရေးအတွက် ပညာရှင်များစွာဖြင့် အကြိမ်ကြိမ် စိစစ်ဆွေးနွေးတိုင်ပင်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာအထက်တန်း ကျောင်း (ခွဲ) များ၊ တွဲဖက် အထကများ၊ ကိုယ်ပိုင်ကျောင်း (ယာယီ) များ၊ ကိုယ်ပိုင်ကျောင်း (စမ်းသပ်) များ အပါအဝင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် အခြေခံပညာ အထက်တန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်ကို ကျောင်းခေါ်ကြိမ်ပြည့်မီခြင်း၊ ပညာရည် စစ်ဆေးအကဲဖြတ်ခြင်း၊ ဘာသာရပ်အလိုက်တတ်မြောက်မှု အဆင့်သတ်မှတ်ခြင်း၊ စာပေ၊ အနုပညာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ စာကြည့်တိုက်ဆိုင်ရာ ကဏ္ဍများ၏ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ လူမှုရေးပြစ်ချက်ကင်း၍ ကျောင်းစည်းကမ်းလိုက်နာခြင်း၊ အားကစားနှင့်ကာယလှုပ်ရှားမှုများ ဆောင်ရွက်ခြင်း၊ ကျောင်းကောင်စီအသင်းအဖွဲ့များနှင့် လူမှုရေးအသင်းများတွင် ပါဝင်ဆောင်ရွက်ခြင်း စတဲ့ ကဏ္ဍခုနစ်ရပ်ဖြင့် ထည့်သွင်းစဉ်းစား ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခြေခံပညာအထက်တန်းကျောင်းများ၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နဲ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် တို့ရှိ လေ့ကျင့်ရေး အထက်တန်းကျောင်းများ၊ တပ်မတော်အထက်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်း (ယာယီ) များမှာ အရည်အသွေး အာမခံ စိစစ်ရေးကော်မတီကို ဖွဲ့စည်းပြီး သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူကိုသာ အခြေခံပညာ အထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။