၂၀၁၉ အတွင်း ဗီဒီယို ၄၉ သန်းကျော် TikTok ဖယ်ရှား

TikTok ဟာ ဗီဒီယိုတွေကို ဘယ်လိုထိန်းကျောင်းသလဲဆိုတာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ TikTok ဟာ ကြာသပတေးနေ့က ပွင့်လင်းမြင်သာမှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၉ ဇူလိုင်နဲ့ ဒီဇင်ဘာလအကြား ပေါ်လစီချိုးဖောက်မှုကြောင့် ဗီဒီယို ၄၉ သန်းကျော်ဖယ်ရှားခဲ့တယ်လို့ ပြောထားပါတယ်။ အိန္ဒိယက ဗီဒီယို ၁၆ သန်းကျော်ပါဝင်သလို အမေရိကန်က ဗီဒီယို ၄.၆ သန်းကိုလည်း ဖယ်ရှားခဲ့ပါတယ်။

TikTok အနေနဲ့ ဗီဒီယိုတွေကို ဖယ်ရှားဖို့ ၁၀ နိုင်ငံကနေ တောင်းဆိုမှု ၄၅ ခု ရရှိခဲ့ပါတယ်။ အမေရိကန်ကလည်း တောင်းဆိုမှုတစ်ခု ပြုလုပ်ထားပါတယ်။
“ယနေ့ခေတ်နည်းပညာက အရမ်းအဆင့်မမြင့်တဲ့အတွက် ကျွန်တော်တို့က ပေါ်လစီပေါ်မှာ မှီခိုလို့မရပါဘူး” လို့ TikTok မှာ content ကိုသုံးသပ်တဲ့ လူသားအဖွဲ့ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက တရုတ်အစိုးရနဲ့ ဆက်စပ်တဲ့ TikTok ကိုပယ်ဖျက်ဖို့ ထရမ့်အစိုးရအဖွဲ့က စဉ်းစားနေတယ်လို့ ပြောထားပါတယ်။ အဲဒီပြောကြားချက်အပြီး TikTok က ပွင့်လင်းမြင်သာမှုအစီရင်ခံစာကို ဖြန့်ချိလိုက်ပါတယ်။

စိုးထက်
Ref: CNE