
Apple ဟာ အင်္ဂါနေ့ညမှာ မိတ်ဆက်မယ့် iPhone တွေရဲ့ A13 စီးရီးချစ်ပ်တွေမှာ Rose နဲ့ R1 လို့ နာမည်လွှဲပေးထားတဲ့ coprocessor သစ်ကို ထည့်သွင်းဖို့ စီစဉ်နေပါတယ်။ Apple အနေနဲ့ coprocessor ကို Rose နဲ့ R1 အမည်တွေနဲ့ ဈေးကွက်ထဲ တင်သွင်းမလားဆိုတာ မသိသေးပါဘူး။ ဒါမှမဟုတ် A စီးရီးချစ်ပ်နံပါတ်နဲ့ ကိုက်ညီပြီး ပထမဆုံး Rose coprocessor ကို R13 အဖြစ်ဖြန့်နိုင်ပါတယ်။
iOS 13 ရဲ့အတွင်းပိုင်း build အရ Rose coprocessor ရဲ့ပထမမျိုးဆက် R1 (t2006) ဟာ Apple ရဲ့ M စီးရီး motion coprocessor နဲ့ဆင်ပါတယ်။ M စီးရီး motion processor ဟာဖုန်းရှိနေတဲ့ နေရာလွတ်နဲ့ပတ်သက်ပြီး iOS ကိုသတင်းပို့ပေးပြီး အဓိကစနစ် ပရိုဆက်ဆာကနေ sensor အချက်အလက်တွေကို ပို့ပေးမှာ ဖြစ်ပါတယ်။
R1 ဟာ motion coprocessor ထက် sensor များစွာကို ပေါင်းစပ်နိုင်ကာ ထုတ်ကုန်ရှိရာအရပ်ကို ကောင်းစွာ ဖော်ပြပေးနိုင်ပါတယ်။ အခု motion coprocessor က compass, gyroscope, accelerometer, barometer နဲ့ မိုက်ကရိုဖုန်းတွေက အချက်အလက်ကို ပေါင်းစပ်ပေးပါတယ်။
Rose coprocessor မှာ inertial measurement unit (IMU), Bluetooth 5.1 feature တွေ, ultra-wideband (UWB) နဲ့ ကင်မရာ (motion capture နဲ့ optical tracking) sensor အချက်အလက်ကို ထုတ်ကုန်တည်နေရာအပြင် အခြား feature အတွက် ထောက်ပံ့မှုထည့်သွင်းမယ်လို့ သိရပါတယ်။
စိုးထက်
Ref: MacRumors