၂၀၁၉ တြင္ အေမရိကန္ေစ်းကြက္ ဝင္ေရာက္ရန္ Xiaomi စီစဥ္ေန

[ Zawgyi ]

Xiaomi ဟာ လာမယ့္ႏွစ္မွာ အေမရိကန္ေစ်းကြက္ထဲကို ဝင္ေရာက္ဖို႔ ရည္မွန္းထားပါတယ္။ ဒီေၾကညာခ်က္ကို ကုမၸဏီရဲ႕ ၂၀၁၉ ခုႏွစ္ အစီအစဥ္ေတြနဲ႔ ပတ္သက္ၿပီး Reuters ထံေျပာၾကားခဲ့တဲ့ ဒုဥကၠ႒ Wang Xiang က ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

အေမရိကန္ေစ်းကြက္ဟာ အလြန္ဆြဲေဆာင္မႈရိွၿပီး ကုမၸဏီအေနနဲ႔ အေမရိကန္ ကြန္ရက္ေတြနဲ႔ တြဲဖက္အသံုးျပဳႏိုင္မယ့္ ထုတ္ကုန္ေတြကို စတင္ဖန္တီးေနတယ္လို႔ Xiang က ေျပာၾကားခဲ့ပါတယ္။

“လာမယ့္ႏွစ္မွာ အဲ့ဒီေစ်းကြက္အတြက္ ကၽြန္ေတာ္တို႔ တစ္ခုခုလုပ္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ သူက ဆိုပါတယ္။

Xiaomi တာဝန္ရိွသူေတြအေနနဲ႔ မိုဘိုင္းေအာ္ပေရတာေတြနဲ႔ အၿပီးသတ္သေဘာတူညီမႈ ရရိွခဲ့မယ္ဆိုရင္ ေဘက်င္း နည္းပညာကုမၸဏီႀကီး အေနနဲ႔ အျခား တ႐ုတ္ကုမၸဏီေတြလို စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ရႏိုင္ပါတယ္။ အေမရိကန္လႊတ္ေတာ္ဟာ Huawei နဲ႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေတြကို ဖ်က္သိမ္းဖို႔ ေအာ္ပေရတာေတြကို တိုက္တြန္းထားသလို ZTE ကလည္း ကုန္သြယ္မႈ သေဘာတူညီခ်က္ ခ်ိဳးေဖာက္ခဲ့တဲ့ေနာက္ လုပ္ငန္းပိတ္သိမ္းရမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

တ႐ုတ္နဲ႔ အေမရိကန္တို႔အၾကား ႏိုင္ငံေရးအေျခအေန ဆက္ဆံေရးတင္းမာေနေပမယ့္လည္း Xiang ကေတာ့ အေကာင္းဘက္ျမင္ထားၿပီး Xiaomi နဲ႔ ဆန္ဒီေယဂိုအေျခစိုက္ ခ်စ္ပ္ကုမၸဏီ Qualcomm နဲ႔ Google ရဲ႕မိခင္ကုမၸဏီ Alphabet တို႔အၾကား ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြကို ေထာက္ျပခဲ့ပါတယ္။

Xiaomi ရဲ႕ ေစ်းကြက္တိုးခ်ဲ႕မႈ အေျခအေနေတြကေတာ့ လက္ရိွမွာ တိုးတက္ေကာင္းမြန္ေနပါတယ္။ ကုမၸဏီအေနနဲ႔ အိႏၵိယမွာ Samsung ကို ေက်ာ္ျဖတ္ၿပီး ေစ်းကြက္ရွယ္ယာအမ်ားဆံုး ပိုင္ဆိုင္ထားသလို ျပင္သစ္နဲ႔ အီတလီတို႔လို ႏိုင္ငံႀကီးေတြမွာ ေစ်းကြက္ ခ်ဲ႕ထြင္မႈေတြ ျပဳလုပ္ေနပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

Xiaomi ဟာ လာမယ့်နှစ်မှာ အမေရိကန်စျေးကွက်ထဲကို ဝင်ရောက်ဖို့ ရည်မှန်းထားပါတယ်။ ဒီကြေညာချက်ကို ကုမ္ပဏီရဲ့ ၂၀၁၉ ခုနှစ် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး Reuters ထံပြောကြားခဲ့တဲ့ ဒုဥက္ကဋ္ဌ Wang Xiang က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်စျေးကွက်ဟာ အလွန်ဆွဲဆောင်မှုရှိပြီး ကုမ္ပဏီအနေနဲ့ အမေရိကန် ကွန်ရက်တွေနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် ထုတ်ကုန်တွေကို စတင်ဖန်တီးနေတယ်လို့ Xiang က ပြောကြားခဲ့ပါတယ်။

“လာမယ့်နှစ်မှာ အဲ့ဒီစျေးကွက်အတွက် ကျွန်တော်တို့ တစ်ခုခုလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ဆိုပါတယ်။

Xiaomi တာဝန်ရှိသူတွေအနေနဲ့ မိုဘိုင်းအော်ပရေတာတွေနဲ့ အပြီးသတ်သဘောတူညီမှု ရရှိခဲ့မယ်ဆိုရင် ဘေကျင်း နည်းပညာကုမ္ပဏီကြီး အနေနဲ့ အခြား တရုတ်ကုမ္ပဏီတွေလို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အမေရိကန်လွှတ်တော်ဟာ Huawei နဲ့ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းဖို့ အော်ပရေတာတွေကို တိုက်တွန်းထားသလို ZTE ကလည်း ကုန်သွယ်မှု သဘောတူညီချက် ချိုးဖောက်ခဲ့တဲ့နောက် လုပ်ငန်းပိတ်သိမ်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

တရုတ်နဲ့ အမေရိကန်တို့အကြား နိုင်ငံရေးအခြေအနေ ဆက်ဆံရေးတင်းမာနေပေမယ့်လည်း Xiang ကတော့ အကောင်းဘက်မြင်ထားပြီး Xiaomi နဲ့ ဆန်ဒီယေဂိုအခြေစိုက် ချစ်ပ်ကုမ္ပဏီ Qualcomm နဲ့ Google ရဲ့မိခင်ကုမ္ပဏီ Alphabet တို့အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ထောက်ပြခဲ့ပါတယ်။

Xiaomi ရဲ့ စျေးကွက်တိုးချဲ့မှု အခြေအနေတွေကတော့ လက်ရှိမှာ တိုးတက်ကောင်းမွန်နေပါတယ်။ ကုမ္ပဏီအနေနဲ့ အိန္ဒိယမှာ Samsung ကို ကျော်ဖြတ်ပြီး စျေးကွက်ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားသလို ပြင်သစ်နဲ့ အီတလီတို့လို နိုင်ငံကြီးတွေမှာ စျေးကွက် ချဲ့ထွင်မှုတွေ ပြုလုပ်နေပါတယ်။

-နောင်နောင်
Ref: GSMArena