
[ Zawgyi ]
Android စမတ္ဖုန္းေတြမွာ သီခ်င္းေတြနားေထာင္ဖို႔အတြက္ default music player ေတြပါဝင္တယ္။ ဒါေပမဲ့ အဲဒီ default player ေတြက feature ေတြမစုံလင္သလို စိတ္ေက်နပ္မႈရေစမယ့္ equalizer ဒါမွမဟုတ္ user interface ေတြမေထာက္ပံ့ထားပါဘူး။ ထုတ္ကုန္အမ်ားစုမွာ default music player အျဖစ္ Google Play Music ပါဝင္ၾကပါတယ္။ ဒါေပမဲ့ library ထဲက folder view, ဖုိင္ေတြက tag ကိုေျပာင္းတာနဲ႔ အျခား tool လိုမ်ိဳး feature ေတြမပါဝင္ပါဘူး။
ေအာက္မွာေတာ့ Android ထဲက အေကာင္းဆုံး music player ေတြကုိ ေဖာ္ျပေပးလိုက္ပါတယ္။
(၁) Musicolet
Musicolet ဟာ ေၾကာ္ျငာမပါဝင္ဘဲ ေပါ့ပါးတဲ့ music player ျဖစ္ၿပီး feature မ်ားစြာပါဝင္လာပါတယ္။ သုံးစြဲသူရဲ႕ နားၾကပ္နဲ႔ music player ေတြကုိ ထိန္းခ်ဳပ္ႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ ဒါ့အျပင္ နားၾကပ္က ခလုတ္ကုိ ၄ ခ်က္ ေက်ာ္ အျမန္ႏွိပ္ရင္ အသံဖိုင္ေတြကုိ အျမန္ေက်ာ္ႏိုင္ပါတယ္။ Android မွာသီခ်င္းေတြကုိ အစီအစဥ္အလိုက္ အမ်ားဆုံးထားႏိုင္တဲ့ app လို႔သိရပါတယ္။ Musicolet မွာ equalizer နဲ႔ သီခ်င္းစာသားေထာက္ပံ့မႈ၊ tag editor အျပင္ sleep timer နဲ႔ widget ေတြပါဝင္လာပါတယ္။
Phonograph ကေတာ့ အျမင္ပိုင္းဆိုင္ရာ ေကာင္းမြန္မႈကို အဓိကထားတဲ့ app ျဖစ္ပါတယ္။ အဲဒီ app ရဲ႕ UI က material design ကုိအသုံးျပဳထားပါတယ္။ မ်က္ႏွာျပင္ေပၚက content ေပၚမူတည္ၿပီး အေရာင္ေတြ ေျပာင္းလဲပါတယ္။ လိုခ်င္တဲ့ theme ေတြကုိ စိတ္ႀကိဳက္ျပင္ဆင္ႏိုင္ပါတယ္။ Phonograph ကေပ်ာက္ဆုံးေနတဲ့ အခ်က္အလက္ေတြကုိလည္း အလိုအေလ်ာက္ downlaod ျပဳလုပ္ေပးပါတယ္။ Phonograph မွာ lock screen ထိန္းခ်ဳပ္မႈ၊ gapless playback နဲ႔ sleep timer တို႔ပါဝင္လာပါတယ္။ App မွာ in-app purchase ေတြ ပါဝင္လာပါတယ္။
အလြန္ေပါ့ပါးၿပီး အခမဲ့အသုံးျပဳႏိုင္တဲ့ app ျဖစ္တဲ့ Pulsar ဟာ သုံးစြဲသူေတြအၾကား ေရပန္းစားပါတယ္။ ေၾကာ္ျငာမပါဝင္ဘဲ ေကာင္းမြန္တဲ့ interface နဲ႔ animation တို႔ပါဝင္လာပါတယ္။ မတူညီတဲ့ အေရာင္ theme ေတြနဲ႔အတူ interface ကုိစိတ္ႀကိဳက္ျပင္ဆင္ႏိုင္ပါတယ္။ အထူး feature ေတြကေတာ့ Crossfade ေထာက္ပံံ့မႈ၊ Android Auto နဲ႔ Chromecast ေထာက္ပံ့မႈ၊ Playlist အမ်ိဳးမ်ိဳးနဲ႔ သီခ်င္းေတြကုိ က႑အလိုက္ အလြယ္တကူ ရွာေဖြႏိုင္ပါတယ္။
(၄) Pi Music Player
Pi Music Player ဟာ လွပသပ္ရပ္စြာ ဒီဇိုင္းထုတ္ထားတဲ့ app ျဖစ္ၿပီး Android music player တစ္ခုအတြက္ လုိအပ္တဲ့ feature အားလုံး ပါဝင္လာပါတယ္။ Pi ကိုဖြင့္လိုက္ရင္ theme ေရြးခ်ယ္ဖုိ႔ ေတာင္းဆိုခံရမွာပါ။ Pi မွာ ၾကည့္ေကာင္းတဲ့ interface ပါဝင္ပါတယ္။ သုံးစြဲသူက library ျမင္ကြင္းအမ်ိဳးမ်ိဳးကေန သီခ်င္းေတြ ဖြင့္ႏိုင္ပါတယ္။
BlackPlayer ဟာ Android မွာ အေကာင္းဆုံး music player ေတြထဲ ၁ ခုျဖစ္ၿပီး feature လည္းစုံလင္ပါတယ္။ သုံးစြဲသူက swipe နဲ႔ gesture ေတြနဲ႔ ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဒါ့အျပင္ font နဲ႔ UI အေရာင္ကုိလည္း ေျပာင္းလဲႏို္င္ပါတယ္။
BlackPlayer app မွာေၾကာ္ျငာမပါဝင္ဘဲ Play Store ကေန အခမဲ့သုံးစြဲႏိုင္ပါတယ္။ အခေပးဗားရွင္းကုိ ဝယ္ယူလိုက္ရင္ေတာ့ feature မ်ားစြာ ထပ္မံရရွိဦးမွာပါ။
N7player Music Player မွာ ဆန္းသစ္တီထြင္မႈရွိတဲ့ တီထြင္မႈနဲ႔ စတိုင္က်တဲ့ UI ပါဝင္တဲ့အတြက္ zoom in နဲ႔ out ပုံစံနဲ႔ ဖိုင္ေတြကုိ ၾကည့္႐ႈႏိုင္ပါတယ္။ ပုံစံအမ်ိဳးမ်ိဳးန႔ဲ သီခ်င္းတိုင္းကို ရွာေဖြႏိုင္ပါတယ္။ n7 Music Player app မွာ feature ေတြစုံလင္ပါတယ္။ အခမဲ့ ဗားရွင္းက ၁၄ ရက္ပဲ အသုံးျပဳႏိုင္ေပမယ့္ feature အားလုံးအသုံးျပဳႏိုင္ဖုိ႔ Google Play Store ကေနဝယ္ယူႏိုင္ပါတယ္။
(၇) MediaMonkey
MediaMonkey ဟာ feature စုံလင္တဲ့ Android music player app ျဖစ္ပါတယ္။ App ရဲ႕ folder view ကေတာ့ ၁၅ ရက္ပဲ အသုံးျပဳႏိုင္ၿပီး search algorithm ကလည္း ျမန္ဆန္ၿပီး ခန္႔မွန္းေဖာ္ျပေပးႏိုင္ပါတယ္။ သီခ်င္း album art နဲ႔ စာသားေတြကုိ download ျပဳလုပ္ႏိုင္သလို Windows က Media Monkey နဲ႔ sync လုပ္ထားႏိုင္ပါတယ္။ MediaMonkey မွာ five-band equalizer ပါဝင္သလို Android Auto နဲ႔ Chromecast/UPnP/DLNA ထုတ္ကုန္ေထာက္ပံ့မႈနဲ႔ audiobook ေတြနဲ႔ ဗီဒီယိုေတြလိုမ်ိဳး bookmark လုပ္ႏိုင္ပါတယ္။
(၈) Musixmatch
Musixmatch ရဲ႕ထူးျခားခ်က္ကေတာ့ အခ်ိန္နဲ႔တစ္ေျပးညီအတုိင္း သီခ်င္းစာသားေတြကုိ လိုက္ဆိုႏိုင္ေအာင္ ေဖာ္ျပေပးထားပါတယ္။ Spotify, YouTube, Apple Music, SoundCloud, Google Play Music အသုံးျပဳေနစဥ္မွာလည္း Musixmatch ကသီခ်င္းစာသားေတြကေန သီခ်င္းအထိ ၾကည့္႐ႈႏိုင္ပါတယ္။ Musixmatch မွာ သီခ်င္းေတြကုိ အမ်ိဳးမ်ိဳး ရွာေဖြႏိုင္ပါတယ္။
-စိုးထက္
Ref: Fossbytes
[ Unicode ]
Android စမတ်ဖုန်းတွေမှာ သီချင်းတွေနားထောင်ဖို့အတွက် default music player တွေပါဝင်တယ်။ ဒါပေမဲ့ အဲဒီ default player တွေက feature တွေမစုံလင်သလို စိတ်ကျေနပ်မှုရစေမယ့် equalizer ဒါမှမဟုတ် user interface တွေမထောက်ပံ့ထားပါဘူး။ ထုတ်ကုန်အများစုမှာ default music player အဖြစ် Google Play Music ပါဝင်ကြပါတယ်။ ဒါပေမဲ့ library ထဲက folder view, ဖိုင်တွေက tag ကိုပြောင်းတာနဲ့ အခြား tool လိုမျိုး feature တွေမပါဝင်ပါဘူး။
အောက်မှာတော့ Android ထဲက အကောင်းဆုံး music player တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Musicolet
Musicolet ဟာ ကြော်ငြာမပါဝင်ဘဲ ပေါ့ပါးတဲ့ music player ဖြစ်ပြီး feature များစွာပါဝင်လာပါတယ်။ သုံးစွဲသူရဲ့ နားကြပ်နဲ့ music player တွေကို ထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် နားကြပ်က ခလုတ်ကို ၄ ချက် ကျော် အမြန်နှိပ်ရင် အသံဖိုင်တွေကို အမြန်ကျော်နိုင်ပါတယ်။ Android မှာသီချင်းတွေကို အစီအစဉ်အလိုက် အများဆုံးထားနိုင်တဲ့ app လို့သိရပါတယ်။ Musicolet မှာ equalizer နဲ့ သီချင်းစာသားထောက်ပံ့မှု၊ tag editor အပြင် sleep timer နဲ့ widget တွေပါဝင်လာပါတယ်။
Phonograph ကတော့ အမြင်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကို အဓိကထားတဲ့ app ဖြစ်ပါတယ်။ အဲဒီ app ရဲ့ UI က material design ကိုအသုံးပြုထားပါတယ်။ မျက်နှာပြင်ပေါ်က content ပေါ်မူတည်ပြီး အရောင်တွေ ပြောင်းလဲပါတယ်။ လိုချင်တဲ့ theme တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ Phonograph ကပျောက်ဆုံးနေတဲ့ အချက်အလက်တွေကိုလည်း အလိုအလျောက် downlaod ပြုလုပ်ပေးပါတယ်။ Phonograph မှာ lock screen ထိန်းချုပ်မှု၊ gapless playback နဲ့ sleep timer တို့ပါဝင်လာပါတယ်။ App မှာ in-app purchase တွေ ပါဝင်လာပါတယ်။
အလွန်ပေါ့ပါးပြီး အခမဲ့အသုံးပြုနိုင်တဲ့ app ဖြစ်တဲ့ Pulsar ဟာ သုံးစွဲသူတွေအကြား ရေပန်းစားပါတယ်။ ကြော်ငြာမပါဝင်ဘဲ ကောင်းမွန်တဲ့ interface နဲ့ animation တို့ပါဝင်လာပါတယ်။ မတူညီတဲ့ အရောင် theme တွေနဲ့အတူ interface ကိုစိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ အထူး feature တွေကတော့ Crossfade ထောက်ပံံ့မှု၊ Android Auto နဲ့ Chromecast ထောက်ပံ့မှု၊ Playlist အမျိုးမျိုးနဲ့ သီချင်းတွေကို ကဏ္ဍအလိုက် အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
(၄) Pi Music Player
Pi Music Player ဟာ လှပသပ်ရပ်စွာ ဒီဇိုင်းထုတ်ထားတဲ့ app ဖြစ်ပြီး Android music player တစ်ခုအတွက် လိုအပ်တဲ့ feature အားလုံး ပါဝင်လာပါတယ်။ Pi ကိုဖွင့်လိုက်ရင် theme ရွေးချယ်ဖို့ တောင်းဆိုခံရမှာပါ။ Pi မှာ ကြည့်ကောင်းတဲ့ interface ပါဝင်ပါတယ်။ သုံးစွဲသူက library မြင်ကွင်းအမျိုးမျိုးကနေ သီချင်းတွေ ဖွင့်နိုင်ပါတယ်။
BlackPlayer ဟာ Android မှာ အကောင်းဆုံး music player တွေထဲ ၁ ခုဖြစ်ပြီး feature လည်းစုံလင်ပါတယ်။ သုံးစွဲသူက swipe နဲ့ gesture တွေနဲ့ ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် font နဲ့ UI အရောင်ကိုလည်း ပြောင်းလဲနို်င်ပါတယ်။
BlackPlayer app မှာကြော်ငြာမပါဝင်ဘဲ Play Store ကနေ အခမဲ့သုံးစွဲနိုင်ပါတယ်။ အခပေးဗားရှင်းကို ဝယ်ယူလိုက်ရင်တော့ feature များစွာ ထပ်မံရရှိဦးမှာပါ။
N7player Music Player မှာ ဆန်းသစ်တီထွင်မှုရှိတဲ့ တီထွင်မှုနဲ့ စတိုင်ကျတဲ့ UI ပါဝင်တဲ့အတွက် zoom in နဲ့ out ပုံစံနဲ့ ဖိုင်တွေကို ကြည့်ရှုနိုင်ပါတယ်။ ပုံစံအမျိုးမျိုးနဲ့ သီချင်းတိုင်းကို ရှာဖွေနိုင်ပါတယ်။ n7 Music Player app မှာ feature တွေစုံလင်ပါတယ်။ အခမဲ့ ဗားရှင်းက ၁၄ ရက်ပဲ အသုံးပြုနိုင်ပေမယ့် feature အားလုံးအသုံးပြုနိုင်ဖို့ Google Play Store ကနေဝယ်ယူနိုင်ပါတယ်။
(၇) MediaMonkey
MediaMonkey ဟာ feature စုံလင်တဲ့ Android music player app ဖြစ်ပါတယ်။ App ရဲ့ folder view ကတော့ ၁၅ ရက်ပဲ အသုံးပြုနိုင်ပြီး search algorithm ကလည်း မြန်ဆန်ပြီး ခန့်မှန်းဖော်ပြပေးနိုင်ပါတယ်။ သီချင်း album art နဲ့ စာသားတွေကို download ပြုလုပ်နိုင်သလို Windows က Media Monkey နဲ့ sync လုပ်ထားနိုင်ပါတယ်။ MediaMonkey မှာ five-band equalizer ပါဝင်သလို Android Auto နဲ့ Chromecast/UPnP/DLNA ထုတ်ကုန်ထောက်ပံ့မှုနဲ့ audiobook တွေနဲ့ ဗီဒီယိုတွေလိုမျိုး bookmark လုပ်နိုင်ပါတယ်။
(၈) Musixmatch
Musixmatch ရဲ့ထူးခြားချက်ကတော့ အချိန်နဲ့တစ်ပြေးညီအတိုင်း သီချင်းစာသားတွေကို လိုက်ဆိုနိုင်အောင် ဖော်ပြပေးထားပါတယ်။ Spotify, YouTube, Apple Music, SoundCloud, Google Play Music အသုံးပြုနေစဉ်မှာလည်း Musixmatch ကသီချင်းစာသားတွေကနေ သီချင်းအထိ ကြည့်ရှုနိုင်ပါတယ်။ Musixmatch မှာ သီချင်းတွေကို အမျိုးမျိုး ရှာဖွေနိုင်ပါတယ်။
Ref: Fossbytes