၂၀၁၉ ခုႏွစ္မွာ ထြက္ရွိလာမယ့္ Huawei ရဲ႕ပထမဆုံး 5G ဖုန္း

[ Zawgyi ]

5G ဆက္သြယ္ေရးကြန္ရက္ဟာ မ်ိဳးဆက္သစ္ နည္းပညာေတာ္လွန္ေရးတစ္ခုျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ တစ္ဝိုက္မွာ ထြက္ရွိလာႏိုင္ပါတယ္။ အခုဆိုရင္ Huawei ဟာ 5G ကြန္ရက္အတြက္ ထုတ္ကုန္ပုိင္း ျပင္ဆင္မႈေတြ ျပဳလုပ္ေနပါၿပီ။

Huawei ဟာ ၂၀၁၉ ခုႏွစ္မွာ ကုမၸဏီရဲ႕ ပထမဆုံး 5G ဖုန္းကို ေရာင္းခ်သြားမယ္လို႔ Mobile World Congress Shanghai ပြဲမွာ ထုတ္ျပန္သြားခဲ့ပါတယ္။ Huawei ရဲ႕ 5G ဖုန္းကို ၂၀၁၉ ခုႏွစ္ ဇြန္လကုန္ မတိုင္ခင္မွာ ထြက္ရွိလာႏိုင္ပါတယ္။ ၂၀၁၉ ခုႏွစ္ မတ္လအတြင္း Huawei ရဲ႕ပထမဆုံး 5G Kirin ခ်စ္ပ္ထြက္ရွိအၿပီး 5G ဖုန္း ထြက္ရွိလာမွာ ျဖစ္ပါတယ္။

ဒီႏွစ္အေစာပိုင္းမွာ ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီ ၁၈ ခုဟာ ၂၀၁၉ ခုႏွစ္အတြင္း 5G ဖုန္းေတြ ျဖန္႔ခ်ိဖို႔ စီစဥ္ေနပါတယ္။ 5G ဖုန္းထုတ္လုပ္မယ့္ စာရင္းမွာ LG, HTC နဲ႔ Xiaomi တို႔လည္း ပါဝင္ေပမယ့္ Huawei ေတာ့မပါဝင္လာပါဘူး။ Apple နဲ႔ Samsung တုိ႔ကလည္း 5G ထုတ္ကုန္အစီအစဥ္နဲ႔ ပတ္သက္ၿပီး မထုတ္ျပန္ေသးပါဘူး။

မ်ိဳးဆက္သစ္ ႀကိဳးမဲ့နည္းပညာ 5G ကုိ အလြန္အမင္း စိတ္ဝင္စားမႈ ျမင့္တက္ေနၿပီး အျခားနည္းပညာေတြထက္ ပုိမုိျမန္ဆန္သလုိ တံု႔ျပန္မႈအားေကာင္းပါတယ္။ အထူးသျဖင့္ ေမာင္းသူမဲ့ကားေတြ၊ internet of things လို႔အမည္ရ ထုတ္ကုန္ေတြနဲ႔ telemedicine လိုမ်ိဳး က႑ေတြမွာ အေျပာင္းအလဲျဖစ္ေပၚေစမယ့္ နည္းပညာျဖစ္ပါတယ္။

Huawei အေနနဲ႔ 5G ဖုန္းမွာ Qualcomm ကုိအသုံးမျပဳဘဲ ကုိယ္ပုိင္ modem နဲ႔ ပ႐ုိဆက္ဆာကို အသုံးျပဳသြားမယ္လုိ႔ သိရပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

5G ဆက်သွယ်ရေးကွန်ရက်ဟာ မျိုးဆက်သစ် နည်းပညာတော်လှန်ရေးတစ်ခုဖြစ်ပြီး ၂၀၂၀ ခုနှစ် တစ်ဝိုက်မှာ ထွက်ရှိလာနိုင်ပါတယ်။ အခုဆိုရင် Huawei ဟာ 5G ကွန်ရက်အတွက် ထုတ်ကုန်ပိုင်း ပြင်ဆင်မှုတွေ ပြုလုပ်နေပါပြီ။

Huawei ဟာ ၂၀၁၉ ခုနှစ်မှာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းကို ရောင်းချသွားမယ်လို့ Mobile World Congress Shanghai ပွဲမှာ ထုတ်ပြန်သွားခဲ့ပါတယ်။ Huawei ရဲ့ 5G ဖုန်းကို ၂၀၁၉ ခုနှစ် ဇွန်လကုန် မတိုင်ခင်မှာ ထွက်ရှိလာနိုင်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လအတွင်း Huawei ရဲ့ပထမဆုံး 5G Kirin ချစ်ပ်ထွက်ရှိအပြီး 5G ဖုန်း ထွက်ရှိလာမှာ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီ ၁၈ ခုဟာ ၂၀၁၉ ခုနှစ်အတွင်း 5G ဖုန်းတွေ ဖြန့်ချိဖို့ စီစဉ်နေပါတယ်။ 5G ဖုန်းထုတ်လုပ်မယ့် စာရင်းမှာ LG, HTC နဲ့ Xiaomi တို့လည်း ပါဝင်ပေမယ့် Huawei တော့မပါဝင်လာပါဘူး။ Apple နဲ့ Samsung တို့ကလည်း 5G ထုတ်ကုန်အစီအစဉ်နဲ့ ပတ်သက်ပြီး မထုတ်ပြန်သေးပါဘူး။

မျိုးဆက်သစ် ကြိုးမဲ့နည်းပညာ 5G ကို အလွန်အမင်း စိတ်ဝင်စားမှု မြင့်တက်နေပြီး အခြားနည်းပညာတွေထက် ပိုမိုမြန်ဆန်သလို တုံ့ပြန်မှုအားကောင်းပါတယ်။ အထူးသဖြင့် မောင်းသူမဲ့ကားတွေ၊ internet of things လို့အမည်ရ ထုတ်ကုန်တွေနဲ့ telemedicine လိုမျိုး ကဏ္ဍတွေမှာ အပြောင်းအလဲဖြစ်ပေါ်စေမယ့် နည်းပညာဖြစ်ပါတယ်။

Huawei အနေနဲ့ 5G ဖုန်းမှာ Qualcomm ကိုအသုံးမပြုဘဲ ကိုယ်ပိုင် modem နဲ့ ပရိုဆက်ဆာကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: CNET