၂၀၁၉ ခုႏွစ္ထုတ္ iPhone ေတြမွာ 3D Touch အစား Haptic Touch ပါဝင္လာဖြယ္ရွိ

[ Zawgyi ]

Apple ဟာ iPhone 6s ေပၚမွာ 3D Touch ကုိစတင္မိတ္ဆက္အၿပီး ၄ ႏွစ္အၾကာမွာ အျခား feature တစ္ခုနဲ႔ အစားထိုးဖုိ႔ ျပင္ဆင္ေနပါတယ္။

ၿပီးခဲ့တဲ့အပတ္က Barclays ေလ့လာဆန္းစစ္သူ အဖြဲ႕တစ္ခုက ၂၀၁၉ ခုႏွစ္ထုတ္ iPhone ေတြအားလုံးမွာ 3D Touch မပါဝင္ဘူးလို႔ သုေတသနမွတ္စုနဲ႔ အတည္ျပဳခဲ့ပါတယ္။ အဲဒီခန္႔မွန္းခ်က္ကုိ ၂၀၁၈ခုႏွစ္ ၾသဂုတ္လက ျပဳလုပ္ဖူးပါတယ္။ ေလ့လာဆန္းစစ္သူေတြက Apple ကုိပစၥည္းေထာက္ပံ့သူေတြဆီက အခ်က္အလက္စု ေဆာင္းခဲ့တာ ျဖစ္ပါတယ္။ အခုေကာလာဟလသတင္းကို ဇန္နဝါရီလက Wall Street Journal ကလည္းေဖာ္ျပဖူးပါတယ္။

Apple ဟာထုတ္ကုန္မွာ edge-to-edge LC ကိုထည့္သြင္းႏိုင္ဖုိ႔ iPhone XR ေပၚမွာ Haptic Touch နဲ႔ 3D Touch ေနရာအစားထိုးသြားပါမယ္။ အဲဒီ feature ကို ၂၀၁၉ ခုႏွစ္ထုတ္ iPhone ေတြအားလုံးမွာ ထည့္သြင္း သြားမွာ ျဖစ္ပါတယ္။ Haptic Touch ဟာေဈးကြက္ရွာေဖြေရး အမည္ျဖစ္ၿပီး Taptic Engine က အထိ အေတြ႕ကုိ ျပန္လည္ခံစားရဖို႔ ခပ္ၾကာၾကာႏွိပ္ေပးရတဲ့ feature ျဖစ္ပါတယ္။မ်ိဳးဆက္သစ္ iPhone XS နဲ႔ iPhone XS Max ကေန 3D Touch ကုိဘာေၾကာင့္ Apple ဖယ္ရွားရလဲဆိုတာ မသိေသးပါဘူး။ ဒါေပမဲ့ Apple ဟာျပႆနာ တစ္စုံတစ္ရာမရွိဘဲ edge-to-edge OLED display ေတြအတြင္း 3D touch feature ကုိထည့္သြင္းထားႏိုင္ပါတယ္။

iPhone XR ေပၚက Haptic Touch ဟာ 3D Touch ထက္လုပ္ေဆာင္ခ်က္ နည္းပါတယ္။ ဖုန္းရဲ႕ lock screen ေပၚမွာ ဓာတ္မီးနဲ႔ ကင္မရာ shortcut ေတြပါဝင္ၿပီး ဖုံးကြယ္ထားတဲ့ toggle ေတြကို ၾကည့္ႏိုင္ဖို႔ Control Center ထဲဝင္ႏိုင္ကာ သတိေပးခ်က္ေတြကုိ ခ်ဲ႕ၾကည့္ႏိုင္ပါတယ္။ Haptic Touch ဟာ content ေတြကုိ preview ၾကည့္တာ ဒါမွမဟုတ္ Quick Action app ေထာက္ပံ့မႈမပါဝင္ေသးပါဘူး။

Apple အေနနဲ႔ WWDC 2019 မွာ iOS 13 ထုတ္ေဖာ္မိတ္ဆက္တဲ့အခါ 3D Touch လုပ္ေဆာင္ခ်က္ တစ္ခ်ိဳ႕ကုိ ျမင္ေတြ႕ရဖြယ္ရွိပါတယ္။

စိုးထက္
Ref: MacRumors

[ Unicode ]

Apple ဟာ iPhone 6s ပေါ်မှာ 3D Touch ကိုစတင်မိတ်ဆက်အပြီး ၄ နှစ်အကြာမှာ အခြား feature တစ်ခုနဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့အပတ်က Barclays လေ့လာဆန်းစစ်သူ အဖွဲ့တစ်ခုက ၂၀၁၉ ခုနှစ်ထုတ် iPhone တွေအားလုံးမှာ 3D Touch မပါဝင်ဘူးလို့ သုတေသနမှတ်စုနဲ့ အတည်ပြုခဲ့ပါတယ်။ အဲဒီခန့်မှန်းချက်ကို ၂၀၁၈ခုနှစ် သြဂုတ်လက ပြုလုပ်ဖူးပါတယ်။ လေ့လာဆန်းစစ်သူတွေက Apple ကိုပစ္စည်းထောက်ပံ့သူတွေဆီက အချက်အလက်စု ဆောင်းခဲ့တာ ဖြစ်ပါတယ်။အခုကောလာဟလသတင်းကို ဇန်နဝါရီလက Wall Street Journal ကလည်းဖော်ပြဖူးပါတယ်။

Apple ဟာထုတ်ကုန်မှာ edge-to-edge LC ကိုထည့်သွင်းနိုင်ဖို့ iPhone XR ပေါ်မှာ Haptic Touch နဲ့ 3D Touch နေရာအစားထိုးသွားပါမယ်။ အဲဒီ feature ကို ၂၀၁၉ ခုနှစ်ထုတ် iPhone တွေအားလုံးမှာ ထည့်သွင်း သွားမှာ ဖြစ်ပါတယ်။ Haptic Touch ဟာဈေးကွက်ရှာဖွေရေး အမည်ဖြစ်ပြီး Taptic Engine က အထိ အတွေ့ကို ပြန်လည်ခံစားရဖို့ ခပ်ကြာကြာနှိပ်ပေးရတဲ့ feature ဖြစ်ပါတယ်။မျိုးဆက်သစ် iPhone XS နဲ့ iPhone XS Max ကနေ 3D Touch ကိုဘာကြောင့် Apple ဖယ်ရှားရလဲဆိုတာ မသိသေးပါဘူး။ ဒါပေမဲ့ Apple ဟာပြဿနာ တစ်စုံတစ်ရာမရှိဘဲ edge-to-edge OLED display တွေအတွင်း 3D touch feature ကိုထည့်သွင်းထားနိုင်ပါတယ်။

iPhone XR ပေါ်က Haptic Touch ဟာ 3D Touch ထက်လုပ်ဆောင်ချက် နည်းပါတယ်။ ဖုန်းရဲ့ lock screen ပေါ်မှာ ဓာတ်မီးနဲ့ ကင်မရာ shortcut တွေပါဝင်ပြီး ဖုံးကွယ်ထားတဲ့ toggle တွေကို ကြည့်နိုင်ဖို့ Control Center ထဲဝင်နိုင်ကာ သတိပေးချက်တွေကို ချဲ့ကြည့်နိုင်ပါတယ်။ Haptic Touch ဟာ content တွေကို preview ကြည့်တာ ဒါမှမဟုတ် Quick Action app ထောက်ပံ့မှုမပါဝင်သေးပါဘူး။

Apple အနေနဲ့ WWDC 2019 မှာ iOS 13 ထုတ်ဖော်မိတ်ဆက်တဲ့အခါ 3D Touch လုပ်ဆောင်ချက် တစ်ချို့ကို မြင်တွေ့ရဖွယ်ရှိပါတယ်။

စိုးထက်
Ref: MacRumors