၂၀၁၉ ခုနှစ်ကစပြီး လျှပ်စစ်ကားတွေကိုပဲ ထုတ်လုပ်တော့မယ့် Volvo

၂၀၁၉ ခုနှစ်မှာ Volvo ကထုတ်လုပ်တဲ့ ကားမှန်သမျှမှာ လျှပ်စစ်မော်တာတစ်ခု ပါဝင်လာမယ်လို့ တရုတ်ပိုင်ဆိုင်တဲ့ ဆွီဒင်ကားကုမ္ပဏီက ကြေညာလိုက်ပါတယ်။

အဲ့ဒီနှစ်မှာ Volvo ကားမော်ဒယ်သစ်အားလုံးကို လျှပ်စစ်စွမ်းအင်သီးသန့်သုံးကားများအပြင် hybrid အင်ဂျင်တွေနဲ့ပါ ထောက်ပံ့သွားဖို့ Volvo က ရည်မှန်းထားပါတယ်။

၂၀၁၇ မတ်လက မိတ်ဆက်ကြေညာခဲ့တဲ့ လျှပ်စစ်ကားကိုလည်း ၂၀၁၉ ခုနှစ်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း လျှပ်စစ်စွမ်းအင်သုံး ကားငါးစီး ထုတ်လုပ်သွားဖို့ စီစဉ်ထားတယ်လို့ Volvo က ပြောကြားခဲ့ပါတယ်။ အဲ့ဒီထဲက ကားသုံးစီးဟာ Volvo ကဖြစ်ပြီး ကျန်နှစ်စီးကတော့ Volvo ရဲ့ performance brand Polestar ရဲ့ စွမ်းဆောင်ရည်မြင့်လျှပ်စစ်ကားတွေဖြစ်လာမယ်လို့ သိရပါတယ်။ အဲ့ဒီကားတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

“ဒီကြေညာချက်က လောင်စာဆီသီးသန့်သုံးကားတွေကို အဆုံးသတ်စေခဲ့တာပါ။ Volvo Cars အနေနဲ့ ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ကား ၁ သန်း ရောင်းချနိုင်ဖို့ ရည်မှန်းထားပါတယ်” လို့ Vovo ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Hakan Samuelsson က ပြောကြားခဲ့ပါတယ်။

-နောင်နောင်
Ref: Mashable