
Google Play Store အတွက် ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး app တွေနဲ့ ဂိမ်းတွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Google ဟာ သုံးစွဲသူစိတ်ကြိုက် အထူးဆုမှာပါဝင်တဲ့ ဂိမ်းတွေ၊ ရုပ်ရှင်တွေ၊ စာအုပ်တွေနဲ့ app တွေအတွက် မဲဆန္ဒကောက်ခံခဲ့ပါတယ်။ အနိုင်ရတဲ့ စာရင်းကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
သုံးစွဲသူစိတ်ကြိုက် အကောင်းဆုံး app – Video Editor – Glitch Video Effects
သုံးစွဲသူစိတ်ကြိုက် အကောင်းဆုံးဂိမ်း- Call of Duty: Mobile
သုံးစွဲသူစိတ်ကြိုက် အကောင်းဆုံးရုပ်ရှင်- Avengers: Endgame
သုံးစွဲသူစိတ်ကြိုက် အကောင်းဆုံးစာအုပ်- Scary Stories to Tell in the Dark
ဒါ့အပြင် Google က ၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး app အဖြစ် Ablo ကိုရွေးချယ်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ဆုအမျိုးအစားထဲမှာ ကြီးပြင်းမှုအတွက် အကောင်းဆုံး app နဲ့ နေ့စဉ်အရေးပါဆုံး အကောင်းဆုံး app နဲ့ အကောင်းဆုံး Hidden Gems ဆုတွေပါဝင်လာပါတယ်။
၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံးဂိမ်းဆုကိုတော့ Call of Duty: Mobile ရရှိခဲ့ပါတယ်။ အခြားဆုအမျိုးအစားတွေကတော့ အကောင်းဆုံး အင်ဒီဂိမ်း၊ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အကောင်းဆုံးဂိမ်းနဲ့ တီထွင်ဖန်တီးမှု အကောင်းဆုံးဂိမ်းတို့ ပါဝင်လာပါတယ်။ အဲဒီ ဂိမ်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး app
-Ablo
နေ့စဉ်အရေးအပါဆုံး အကောင်းဆုံး app
-Appy Weather
အရွယ်ကြီးပြင်းမှုအတွက် အကောင်းဆုံး app များ
-Peloton
-Scripts by Drops
-Smarter: Brain Training and Mind Games
-Wisdo
-Yoga for Beginners
ပျော်စရာအကောင်းဆုံး app များ
-21 Buttons
-Ablo
-Concepts: Sketch, Design, Illustrate
-Enlight Pixaloop
-Video Editor: Glitch Video Effects
အကောင်းဆုံး Hidden Gems
-Big Bang AR
-Hipcamp Camping App
-MashApp
-MASSE
-MelodyVR
၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံးဂိမ်း
-Call of Duty: Mobile
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အကောင်းဆုံးဂိမ်း
-Brawl Stars
-Call of Duty: Mobile
-Rumble Stars Football
-Tacticool — 5v5 Shooter
-Tennis Clash
အကောင်းဆုံးအင်ဒီ app များ
-Ailment
-CHUCHEL
-Grimvalor
-Stardew Valley
-Tiny Room Stories: Town Mystery
အကောင်းဆုံး casual ဂိမ်းများ
-Angry Birds Dream Blast
-Diner Dash Adventures
-Golf Peaks
-Mario Kart Tour
-Vineyard Valley
တီထွင်ဆန်းသစ်မှုအကောင်းဆုံး ဂိမ်းများ
-Archero
-Assassin’s Creed Rebellion
-Auto Chess
-The Elder Scrolls: Blades
-Minit
စိုးထက်
Ref: AndroidAuthority