
မြန်မာနိုင်ငံအနေနဲ့ Drone လို့ခေါ်တဲ့ မောင်းသူမဲ့လေယာဉ်တွေကို ရိုက်ကူးရေးနေရာမှာ အရင်တုန်းက အသုံးချကြတယ်ဆိုပေမယ့် အဆင့်မြင့်ရိုက်ကူးရေးတွေ၊ ဇာတ်အိမ်ကြီးမားတဲ့ အကုန်အကျခံတဲ့ တကယ့်ရုပ်ရှင်ဗီဒီယို
ဇာတ်ကားရိုက်ကူးမှုတွေမှာသာ ထည့်ပြီးအသုံးပြုကြပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ သာမန်ထက် နည်းနည်းပိုတဲ့ မှတ်တမ်းတင် ရိုက်ကူးရေးလုပ်ငန်းငယ်တွေမှာတောင် ဒရုန်းများကို ကိုယ်ပိုင်ဝယ်ယူ အသုံးပြုရုံသာမက စီးပွားရေးအရ ရိုက်ကူးရေး လုပ်ငန်းတည်ထောင်ထားတာတောင်မဟုတ်ဘဲ အပျော်တမ်း ရိုက်ကူးရေးသမား တချိူ့တောင် ဒရုန်းတွေ ကိုယ်ပိုင်ဝယ်ယူအသုံး ပြုနေကြတာကို တွေ့ရပါတယ်။ ကမ္ဘာအနှံ့မှာ ဒရုန်းကို နေရာ ကဏ္ဍအစုံမှာ အသုံးချနေကြပေမယ့် မြန်မာနိုင်ငံမှာ အများစုကတော့ ရိုက်ကူးရေးလုပ်ငန်းမှာသာ အသုံးချမှုများပါတယ်။
အခုရေးသားဖော်ပြတာကတော့ နည်းပညာပစ္စည်းတွေနဲ့ ပတ်သက်ရင် ရီဗျူးတွေကို ဘက်မလိုက်ဘဲ ရေးသားဖော်ပြနေတဲ့ www.techradar.com မှာ မူရင်းရေးသားသူ Matt Swider, Damien McFerran ရဲ့ The best
drone 2019 အကြောင်းကို တိုတိုနဲ့ လိုရင်းကို ပြန်လည်ဖော်ပြထားပေးခြင်းဖြစ်ပါတယ်။
1. DJI Mavic Air
အလေးချိန် ၄၃၀ ဂရမ်ရှိပြီး ၀ယ်ယူစဉ်မှာ Controller ပါ၀င်မှာဖြစ်ပါတယ်။ ကင်မရာအနေနဲ့ 12MP စွမ်းဆောင်နိုင်ပြီး Ba-ttery ကတော့ 2,375mAh နဲ့ဖြစ်ပါတယ်။ 6.2 miles အကွာအထိ ထိန်းချုပ်နိုင်မှာပါ။
အားသာချက်
မယုံနိုင်အောင်ပေါ့ပါးတဲ့အတွက် ခရီးဆောင်အတွက် ပိုအဆင်ပြေပါတယ်။ 4K Video အနေနဲ့ စွမ်းဆောင်နိုင်သလို DATA သိမ်းဆည်းနိုင်မှုကလည်း 100mbps အထိမြန်ဆန်ပါတယ်။ ပြီးပြည့်စုံတဲ့ အတားအဆီးရှောင် စနစ်
တွေပါ၀င်ပါတယ်။
အားနည်းချက်
ဘက်ထရီပိုင်း အားနည်းချက် ရှိပါတယ်။
2. DJI Mavic 2 Pro
အလေးချိန် ၉ ၀၇ ဂရမ် ရှိပြီး၀ယ်ယူစဉ်မှာ Controller ပါ၀င်မှာဖြစ်ပါတယ်။ ကင်မရာအနေနဲ့ 20MP စွမ်းဆောင်နိုင်ပြီး Battery ကတော့ 3850mAh နဲ့ဖြစ်ပါတယ်။ 3.1 miles အကွာအထိ ထိန်းချုပ်နိုင်မှာပါ။
အားသာချက်
ခေါက်သိမ်းနိုင်တဲ့ ဒီဇိုင်းဖြစ် ပါတယ်။ ဗီဒီယိုနဲ့ ဓာတ်ပုံရိုက် ကူးမှုအတွက် Modes အသစ်တွေ ထောက်ပံ့ထားပါတယ်။ ထူးခြားတဲ့ ကင်မရာအရည်အသွေးလည်းရှိပါတယ်။
အားနည်းချက်
4k Video တွေရိုက်ကူးနိုင်မယ့် 60fps အထိ မရနိုင်ပါဘူး။
3. DJI Mavic Mini
အလေးချိန် ၂၄၉ ဂရမ်ရှိပြီး ၀ယ်ယူစဉ်မှာ Controller ပါ၀င်မှာဖြစ်ပါတယ်။ ကင်မရာအနေနဲ့ 12MP စွမ်းဆောင်နိုင်ပြီး Battery ကတော့ 2600mAh နဲ့ဖြစ်ပါတယ်။ 5.8 GHz နဲ့ဆိုရင် 4000 m (FCC); 2500 m (SRRC) အကွာ
အထိထိန်းချုပ်နိုင်မှာပါ။
အားသာချက်
Smart ကျပြီး သေသပ်တဲ့ ဒီဇို်င်းဖြစ်ပါတယ်။ အရွယ်အစားနဲ့ မလိုက် မယုံလောက်အောင်တည် ငြိမ်တဲ့ ဗီဒီယိုတွေပါ ရိုက်ကူး နိုင်မှာပါ။
အားနည်းချက်
4k Video တွေ၊ 2k Video တွေ၊ 60fps တွေ မရနိုင်ပါဘူး။
4. DJI Phantom 4
အလေးချိန် ၁၃၈၀ ဂရမ် ရှိပြီး ၀ယ်ယူစဉ်မှာ Controller ပါ၀င်မှာ ဖြစ်ပါတယ်။ ကင်မရာအနေနဲ့ 12.4MP စွမ်းဆောင်နိုင်ပြီး Battery ကတော့ 5350mAh ရှိပါတယ်။ ၃.၁ မိုင်အကွာအထိထိန်းချုပ်နိုင်မှာပါ။
အားသာချက်
4k Video အရည်အသွေး ရရှိပြီး အရည်သွေးကောင်းမွန်သ လို တည်ငြိမ်တဲ့ ဗီဒီယိုတွေကိုပါ ရိုက်ကူးနိုင်မှာပါ။ မြင်ကွင်းကျယ် ရိုက်ချက်တွေအတွက် Fish Eye Lens ပါ၀င်ပါတယ်။ စမတ်ဖုန်း ကနေချိတ်ဆက်ဖို့ App တွေ အနေနဲ့လည်း ပြီးပြည့်စုံပါတယ်။
အားနည်းချက်
Upgrade ထပ်လုပ်ဖို့ မလွယ်ကူပါဘူး။
5. Parrot Bebop 2
အလေးချိန် ၅၀၀ ဂရမ်ရှိပြီး Controller ကတော့ Optional ဖြစ်ပါတယ်။ ကင်မရာအနေနဲ့ 14MP စွမ်းဆောင်နိုင်ပြီး Ba-ttery ကတော့ 2700mAh နဲ့ဖြစ်ပါတယ်။ ၃၀၀ မီတာအကွာအထိထိန်းချုပ်နိုင်မှာပါ။
အားသာချက်
ဗီဒီယိုရိုက်ကူးမှုမှာ လှုပ်ခါမှု တုန်ခါမှုတွေကို ပယ်ဖျောက်နိုင်ပါတယ်။ Controller အရည်အသွေးနဲ့ နားကြပ်ရဲ့ အရည်အသွေးကလည်း အံ့သြစရာပါ။
အားနည်းချက်
အချို့သောလုပ်ဆောင်ချက်တွေ အသုံးပြုဖို့နဲ့ Unlock တွေ အတွက် ငွေထပ်ဆောင်းပေးသွင်းနေရတာ ဖြစ်ပါတယ်။
6. Parrot Anafi
အလေးချိန် ၃၂၀၂ ဂရမ် ရှိပြီး Controller ကတော့ ၀ယ်ယူစဉ် တစ်ပါတည်းပါမှာပါ။ ကင်မရာအနေနဲ့ 21MP စွမ်းဆောင်နိုင်ပြီး Battery ကတော့ 2700mAh နဲ့ဖြစ်ပါတယ်။
အားသာချက်
4k Video ရိုက်ကူးမှုပိုင်းမှာ FPS 60 အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပါတယ်။ ပြီးတော့ ၁၈၀ ဒီဂရီ ဒေါင်လိုက် ရိုက်ကူးနိုင်တဲ့ ကင်မရာပါ၀င်ပါတယ်။
အားနည်းချက်
အလိုအလျောက်အတားအဆီး ရှောင်ရှားဖို့အတွက် Sensor ထောက်ပံ့ပေးထားတဲ့အပိုင်း အားနည်းပါတယ်။
7. DJI Mavic Pro
အလေးချိန် ရ၃၄ ဂရမ်ရှိပြီး Controller ကတော့ ၀ယ်ယူစဉ် တစ်ပါတည်းပါမှာပါ။ ကင်မရာအနေနဲ့ 12.35MP စွမ်းဆောင်နိုင်ပြီး Battery ကတော့ 3830mAh နဲ့ဖြစ်ပါတယ်။ ၄.၃ မိုင်အကွာအထိထိန်းချုပ်နိုင်မှာပါ။
အားသာချက်
သယ်ဆောင်တဲ့အခါမှာပေါ့ပါးပြီး အရည်အသွေး ကောင်းမွန်ပါတယ်။ ပြီးတော့ သီးခြားအဝေးထိန်း စနစ်အပိုင်းမှာလည်း အားသာတယ်လို့ ဆိုပါတယ်။
အားနည်းချက်
အလင်းအားနည်းချိန်မှာ ရိုက်ကူးဖို့အတွက် Low Light ရိုက် ချက်တွေမှာတော့ အားနည်းချက် ရှိပါတယ်။
8. DJI Inspire 2
အလေးချိန် ၃၄၄၀ ဂရမ် ရှိပြီး Controller ကတော့ ၀ယ်ယူစဉ် တစ်ပါတည်းပါမှာပါ။ ကင်မရာအနေနဲ့ 30MP စွမ်းဆောင်နိုင်ပြီး Battery ကတော့ 4280mAh ရှိပါတယ်။ ရ ကီလိုမီတာ အကွာအထိထိန်းချုပ်နိုင်မှာပါ။
အားသာချက်
တည်ဆောက်ထားတဲ့ အရည်အသွေးတွေမြင့်မားပါတယ်။ ဘက်ထရီအားလည်း အသုံးခံနိုင်ပါတယ်။ Feature ပိုင်းကိုလည်း စုံလင်နေအောင် ထောက်ပံ့ပေးထားတာကို တွေ့ရပါတယ်။
အားနည်းချက်
ပေးရတဲ့စျေးနှုန်းမြင့်မားနေတာတစ်ခုက သူ့ရဲ့အားနည်းချက် ဖြစ်ပါတယ်။
9.DJI Inspire 1
အလေးချိန် ၂၉ ၃၅ ဂရမ် ရှိပြီး Controller ကတော့ ၀ယ်ယူစဉ် တစ်ပါတည်းပါမှာပါ။ ကင်မရာအ နေနဲ့ 12.76MP စွမ်းဆောင်နိုင်ပြီး Battery ကတော့ 5700 mAh နဲ့ဖြစ်ပါတယ်။ ၂ ကီလိုမီတာအကွာအထိ ထိန်းချုပ်နိုင်မှာပါ။
အားသာချက်
တည်ဆောက်ထားတဲ့ အရည်အသွေးတွေ မြင့်မားပြီး Up-grade လုပ်ဆောင်ဖို့ လွယ်ကူပါတယ်။
အားနည်းချက်
သာမန် အသုံးပြုသူတွေအနေနဲ့တော့ စျေးနှုန်းအနေအထားက မြင့်မားလွန်းပါတယ်။
10. Zero Tech Dobby
အလေးချိန် ၁၉၉ ဂရမ် ရှိပြီး Controller ကတော့ မပါဘဲ မိမိကိုင်ဆောင်တဲ့ စမတ်ဖုန်းနဲ့ချိတ်ဆက်ရမှာပါ။ ကင်မရာအနေနဲ့ 13MP စွမ်းဆောင်နိုင်ပြီး Battery ကတော့ 970mAh နဲ့ဖြစ်ပါတယ်။ ၁၀၀ မီတာအကွာအတွင်းသာထိန်းချုပ်နိုင်မှာပါ။
အားသာချက်
အိတ်ကပ်ဆောင်အရွယ်ဖြစ်ပြီး ပေါ့ပါးသေးငယ်ပါတယ်။ မိမိကိုင်ဆောင်တဲ့ စမတ်ဖုန်းအတွင်း အလွယ်တကူ App ထည့်သွင်းကာ အသုံးပြုနိုင်ပါတယ်။
အားနည်းချက်
ဘက်ထရီပိုင်းအားနည်းပြီး ပျံသန်းချိန် တိုးတောင်းပါတယ်။
-ကျော်ဇေယျ