၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး Mirrorless Camera များ

Mirrorless Camera ကို နောက်ပိုင်းမှာ လူတွေအာရုံကျ လာပါတယ်။ စပေါ်စဉ်ကတော့ Mirrorless နည်းပညာဟာမြန်မာ နိုင်ငံနဲ့ သင့်တော်ပါ့မလား၊ ရေ ရှည်မှာ ဘယ်လိုအားနည်းချက် တွေရှိလာမလဲ၊ ကြံ့ခိုင်မှုကရော DSLR လောက်ကောင်းပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိကြတာ အမှန်ပါပဲ။ နောက်ပိုင်းမှာတော့ Mirrorless ကင်မရာရဲ့အားသာ ချက်တွေကို သိလာတဲ့အခါကင် မရာ အသစ်ဝယ်မယ်ဆိုရင် ပေါ့ ပေါ့ပါးပါးနဲ့ ထိရောက်မှု ရှိလာတဲ့ Mirrorless Camera ဘက်ကို အာရုံစိုက် လာပါတယ်။

၂၀၀၄ ကတည်းက ပထမဦးဆုံးသော Mirrorless နည်းပညာသုံးကင်မရာကတော့ EPSON R-D1 ကင်မရာဖြစ်ပြီး သူ့နောက်မှာ Leica ကနေပြီး Leica M8 ဆိုပြီး ၂၀၀၆ ခုနှစ်မှာရောင်းချခဲ့ ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ Panasonic Lumix DMC-G1 ဆိုပြီး စက်တင်ဘာလထဲမှာ ဂျပန်နိုင်ငံတွင် စရောင်းခဲ့ပါတယ်။ ဒါပေမဲ့ Sensor Size က Full Frame တွေ မဟုတ်သေးပါဘူး။ ပထမဦးဆုံးသော Full Frame Mirrorless Camera ကို Leica က
နေပြီး M9 ဆိုပြီးတော့ ၂၀၀၉ မှာ စထုတ်ခဲ့ပါတယ်။ ဆိုနီအနေနဲ့သူ့ရဲ့ Full Frame Mirrorless Camera ဖြစ်တဲ့ Alpha 7 ကိုတော့ ၂၀၁၃ မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။

အခု အောက်ဖော်ပြပါ ကင်မရာတွေကတော့ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး Mirrorless Camera တွေဖြစ်ပြီး မူရင်းရေးသားသူကတော့ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာဂြိုဟ်ပေါ်တွင်အကောင်းဆုံးသော ကင်မရာများလို့ အမွှန်းတင်ထားပါတယ်။

Nikon Z6 Full Frame Mirrorless

Professional ဓာတ်ပုံဝါသနာရှင်များ၊ ၀ါသနာအိုးများနဲ့ အထူးသဖြင့် နီကွန်ပုံရိပ် ဖမ်းမှန်ဘီလူး များလက်ဝယ်ရှိတဲ့ ကင်မရာသမားများအတွက် ပစ်မှတ်ထား ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 35.9mm x 23.9mm အရွယ်ရှိ
CMOS Sensor ကို အသုံး ပြုထားပြီး 24.5MP အရည်အသွေးရှိ ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ Nikon Full Frame DSLR Camera တွေလို ISO မြင့်မြင့်မားမားနဲ့ ရိုက်နိုင်လို့လည်း အမှောင်တွင်းရိုက်ကူးမှုတွေလည်း ကောင်း
မွန်ပါတယ်။ ကိုယ်ထည်တွင်းမှာ 5-axis in-body stabilization ထည့်သွင်း တည်ဆောက်ထားပါတယ်။ Focus စနစ်က 273-point hybrid autofocus system ဖြစ်ပြီး FPS က 12 အထိစွမ်းဆောင် နိုင်ပါတယ်။ ကိုယ်ထည်က ဒေါ် လာနှစ်ထောင်ဝန်းကျင်နဲ့ဆိုတော့ ကင်မရာဝါသနာရှင်တိုင်းအထူး သဖြင့် နီကွန် တံဆိပ်အစွဲရှိသူတွေ လက်လှမ်းမှီတဲ့ အနေအထားမှာ ရှိပါတယ်။

အားသာချက်

ကိုင်တွယ်အသုံးပြုတဲ့အခါမှာ မရှုပ်ထွေးခြင်းနဲ့ပုံထွက်အရည် အသွေးက အံ့သြစရာ အရည်အ သွေးရှိနေတာပါ။

အားနည်းချက်

ကြားခံအတိမ်အနက်ကန့် သတ်ချက်ရှိပါတယ်။ Memory Card ကို XQD Card သာ အသုံးပြုနိုင်ပြီး Card Slot ကလည်း တစ်ခုတည်းပါ၀င်ပါတယ်။

Sony A7 III

Sony ရဲ့ A7 Series ထဲက A7 III ဖြစ်ပါတယ်။ အသစ်ထုတ် ကုန်တော့မဟုတ်ပါဘူး။ Low Light, Dynamic Range အပိုင်းမှာအရင်ထွက်ခဲ့တဲ့ မော်ဒယ်တွေ ထက် အားသာလာပါပြီ။ အလွန်မြင့်မားတဲ့ ISO ပမာဏတွေပါ အသုံးပြုလာနိုင်သလို Detail ရရှိမှုတွေလည်း ပိုအားသာလာပါတယ်။

35.6 x 23.8 mm အရွယ်ရှိ Exmor R BSI CMOS Sensor ထောက်ပံ့ထားပြီး 24MP အရည်အသွေးရှိ ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ ကိုယ်ထည်တွင်းမှာ 5-axis in-body stabilization ထည့်သွင်း တည်ဆောက်ထားပါ တယ်။ Focus စနစ်မှာ 693-Point Hybrid AF System နဲ့ FPS 10 အမြန်နှုန်းဖြင့် ရိုက်နိုင်မှာပါ။ ဗီဒီယိုကို 4K @30fps အထိရရှိပါတယ်။

အားသာချက်

Focus Point စနစ်မှာ 693- Point အထိပါ၀င်ခြင်းနဲ့ 10fps အထိရရှိနိုင်လို့ burst shooting အပိုင်းမှာ မြန်ဆန်ခြင်းရှိပါတယ်။

အားနည်းချက်

Touchscreen ကနေ control လုပ်ယူနိုင်တဲ့ အပိုင်းတွေမှာ အကန့်အသတ် ရှိပါတယ်။ ဒါ့အပြင် EVF အပိုင်းမှာလည်း အနည်းငယ် အားနည်းချက်ရှိတယ်လို့ ဆိုပါတယ်။

Fujifilm X-T30

Sensor ကို ASP-C Sensor ထောက်ပံ့ပေးထားပြီး 26.1 MP အရည်အသွေးရှိပုံတွေ ရိုက်ကူး နိုင်ပါတယ်။ Metering အပိုင်း တွေလည်း စုံလင်ပါတယ်။ သုံးလက်မအရွယ် tilt-angle touch-screen display ကိုလည်း အရည်
အသွေး 1,040K dots အထိထောက်ပံ့ပေးထားပါတယ်။ feature ပိုင်းကလည်း စုံလင်ပါတယ်။

Focus ပိုင်းက 425 phase detection points အထိရရှိပြီး FPS မြန်ဆန်နှုန်း က 8fps အထိရရှိနိုင်ပါတယ်။

အားသာချက်

ကိုယ်ထည်ဖွဲ့စည်းမှု စတိုင် ကျပါတယ်။ ပြီးတော့ ဗီဒီယိုနဲ့ ဓာတ်ပုံအရည် အသွေးတွေ ကောင်းမွန်ပါတယ်။

အားနည်းချက်

တစ်ချို့သော ခလုတ်တွေက ပြွတ်သိပ်နေသလိုဖြစ်ပြီး EVF အနေနဲ့ သိပ်အဆင် မပြေဘူးလို့ ဆိုပါတယ်။

Sony A7R IV

Sensor အရွယ်အစားပိုင်းမှာ Full Frame အရွယ်အစားထောက် ပံ့ပေးထားပြီး 61MP အရည်အသွေးအထိ ရရှိနိုင်ပါတယ်။ Viewfinder အနေနဲ့ 5,760K dots အရည်အသွေး ထောက်ပံ့ပေးထားပြီး၊ Monitor ပိုင်းအတွက် 3-inch  အရွယ် Tilt-angle touchscreen, 21,400K dots ထောက်ပံ့ပေးထားပါတယ်။ Autofocus567 PDAF + 425 CDAF အထိရရှိနိုင်ပြီး ဗီဒီယိုကို 4K @30p အနေနဲ့ ထောက်ပံ့ပေးထားတဲ့ Pro-fessional Camera တစ်လုံး ဖြစ်ပါတယ်။

အားသာချက်

Viewfinder ရော ergon-omics အပိုင်းမှာ အရင်မော်ဒယ် တွေထက် ပိုတိုးတက်လာပါ

တယ်။ Intelligent AF အနေနဲ့ ပိုမြန်ဆန်လာသလို metering system အနေနဲ့လည်း ကောင်း မွန်လာပါတယ်။

အားနည်းချက်

Rolling shutter အနေနဲ့ ဗီဒီယိုထဲမှာ သိသိသာသာကြီးပါ နေတတ်ပါတယ်။ RAW pro-cessing စနစ်လည်း ကင်မရာထဲ မပါ၀င်ပါဘူး။

Panasonic Lumix S1R

Sensor Size ကို Full Frame size ထောက်ပံ့ပေးထားပြီး 47.3 MP အရည်အသွေး အထိရရှိနိုင်ပါတယ်။ Viewfinder အနေနဲ့  5,760,000 dots အရည်အသွေး ထောက်ပံ့ပေးထားပြီး Monitor အနေနဲ့ 3-inch အရွယ် tri-axis
tiltdisplay, 2100K dots ထောက်ပံ့ပေးထားပါတယ်။ Video ကိုတော့ 4k အထိ ထောက်ပံ့ပေး ထားပါတယ်။

အားသာချက်

viewfinder အနေနဲ့ကအံ့သြ စရာကောင်းလောက််တဲ့ အရည် အသွေးတွေနဲ့ထောက်ပံ့ပေးထား ပါတယ်။ နောက်တစ်ခုက 187MP capture option ရရှိနိုင် တာဖြစ်ပါတယ်။

အားနည်းချက်

AF စနစ်တွေမှာပြိုင်ဘက်တွေရဲ့ ခြေတစ်လှမ်းစာနောက်ကျ နေပါတယ်။ ပြီးတော့ကိုယ်ထည် ဖွဲ့ စည်းမှုက ကြီးမားလေးလံခြင်း၊ စျေးနှုန်းမြင့်မားခြင်းက သူရဲ့ အားနည်းချက်ပါ။

Canon EOS RP

CMOS Sensor ကို Full  Frame size ထောက်ပံ့ပေးထားပြီး 26.2MP အရည်အသွေးအထိ ရရှိနိုင်ပါတယ်။ Monitor အနေနဲ့ 3-inch အရွယ် vari-angle touchscreen, 1,040,000 dots ထောက်ပံ့ပေးထားပါတယ်။ Autofocus အနေနဲ့ 5,655- point AF နဲ့ 5FPS အထိ ရရှိနိုင်ပါတယ်။ Video ကိုတော့ 4k အထိ ထောက်ပံ့ပေးထားပါတယ်။ အားသာချက်စျေးနှုန်းအရမ်းချိုသာနေတာ က အဓိကအားသာချက်ဖြစ်ပြီး ကိုယ်ထည်ဖွဲ့စည်းမှုကလည်း ကျစ်လျစ်ပေါ့ပါးပါတယ်။

အားနည်းချက်

Lens အနေနဲ့က ကဂျီကကြောင်များပြီး ရွေးချယ်မှု ရှိနေပါတယ်။ ဗီဒီယိုပိုင်းမှာ 4k အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပေ မယ့် အကန့်သတ်တွေ ရှိနေပြန် သေးပါတယ်။

Olympus OM-D E-M1X

Micro Four Thirds Live Sensor ကိုထောက်ပံ့ပေးထားပြီး 20.4MP အရည်အသွေးအထိ ရရှိ နိုင်ပါတယ်။ Monitor အနေနဲ့ 3-inch အရွယ် vari-angle touchscreen, 1,037k dots ထောက်ပံ့ပေးထားပါတယ်။ Autofocus အနေနဲ့ 121-point AF နဲ့ 15FPS အထိ ရရှိနိုင်ပါ တယ်။ Video ကိုတော့ 4k အထိ ထောက်ပံ့ ပေးထားပါတယ်။

အားသာချက်

ကိုင်တွယ်အသုံးပြုရတဲ့ အနေအထား အထူးကောင်းမွန်ပါ တယ်။ AF ရဲ့စွမ်းဆောင်မှုပိုင်း အားရစရာကောင်းသလို 4k Video ရဲ့ အရည်အသွေးကလည်း အံ့မခန်းပါပဲ။ ပုံထွက်အရည်အ သွေး တည်ငြိမ်တောက်ပမှုက လည်း ကောင်းပါတယ်။

အားနည်းချက်

ပုံရိပ်တွေမှာ မလိုလားအပ်တဲ့ Noise ကိုထိန်းချုပ်နိုင်မှု နည်းပါးပါတယ်။

အမှောင်တွင်းတွေမှာ Viewfinder ရဲ့ အနေအထားကလည်း သိပ်မကောင်းဘူးလို့ ဆိုပါတယ်။

Panasonic Lumix G9

Micro Four Thirds Live Sensor ကိုထောက်ပံ့ပေးထားပြီး 20.4MP အရည်အသွေးထိရ ရှိနိုင်ပါတယ်။ Monitor အနေနဲ့ 3-inch အရွယ် variangle touchscreen, 1,040k dots ထောက်ပံ့ပေးထားပါတယ်။ Autofocus အနေနဲ့ 225-area AF နဲ့ 20FPS အထိရရှိနိုင်ပါတယ်။ Video ကိုတော့ 4k @60p အထိ ထောက်ပံ့ပေးထားပါတယ်။

အားသာချက်

4k & 6k Photo Mode တွေက ထူးခြားတယ်လို့ ဆိုပါတယ်။ ကိုင်တွယ်အသုံးပြုမှု ကောင်းမွန်ပြီး image stabilization အနေနဲ့ကလည်း 6.5 stop အထိပါတယ်။ Card Slot ကလည်း Dual Card Slot ဖြစ်ပါတယ်။

အားနည်းချက်

ISO Rang နည်းပါးလွန်း ပါတယ်။ Screen အနေနဲ့လည်း အရင်ထုတ် GH5 ထက်သေး ငယ်ပါတယ်။

Canon EOS M6 Mark II

APSC Size Sensor ကို ထောက်ပံ့ပေးထားပြီး 32.5MP အရည်အသွေးထိရရှိနိုင်ပါတယ်။ Viewfinder တော့ ပါ၀င်ခြင်း မရှိပါဘူး။ Monitor အနေနဲ့ 3-inch အရွယ် tilt-up touchscreen, 1,040k dots ထောက်ပံ့ ပေးထား
ပါတယ်။ Autofocus အနေနဲ့  143AF နဲ့ 14FPS အထိရရှိနိုင်ပါတယ်။ Video ကိုတော့ 4k @30p အထိ ထောက်ပံ့ပေးထားပါတယ်။

အားသာချက်

သေးငယ်ပေါ့ ပါးပါတယ်။ အလွယ်တကူ ထိန်းချုပ်နိုင်ပြီးဆယ် ဖီသမားတွေ အကြိုက် Tilt-up Touchscreen ထောက်ပံ့ပေးထားပါတယ်။

အားနည်းချက်

Viewfinder အနေနဲ့ Optical ရော Eletronic စနစ်နဲ့ပါ ပါ၀င်ခြင်းမရှိသလိုအပို ထပ်ဆောင်းတပ်ဖို့ Lens လည်း နည်းပါးပါတယ်။

Olympus OM-D

E-M10 Mark III Micro Four Thirds Live  Sensor ကို ထောက်ပံ့ပေးထားပြီး  16.1MP အရည်အသွေးအထိ ရရှိနိုင်ပါတယ်။ View-finder အရည်အသွေး 2,360K dots ရှိပြီး Monitor အနေနဲ့ 3-inch အရွယ် tilt-angle touchscreen, 1,037k dots ထောက်ပံ့ပေးထားပါတယ်။ Autofocus အနေနဲ့ 121-point AF  နဲ့ 8.6FPS အထိ ရရှိနိုင်ပါတယ်။ Video ကိုတော့ 4k @30 အထိ ထောက်ပံ့ ပေးထားပါတယ်။

အားသာချက်

ကိုင်တွယ်အသုံးပြုရတဲ့ အနေအထားက ကိုယ်ထည်ရောပုံရိပ် ဖမ်းမှန်ဘီလူးပါ ကျစ်လျစ်သိပ်သည်းမှုရှိပါတယ်။ Viewfinder ရဲ့ စွမ်းဆောင်မှုကလည်း အံ့မခန်းရသ ပေးစွမ်းနိုင်ပါတယ်။

အားနည်းချက်

ပုံရိပ်ဖမ်း Sensor Size အရွယ် သေးငယ်ပါတယ်။ပြီးတော့ Focus Tracking ရဲ့စွမ်းဆောင်မှုကလည်း အရင်ထုတ် မော်ဒယ်တွေထက် ပိုမကောင်းလာသေးပါဘူး။

-ကျော်ဇေယျ
Ref: www.techradar.com,By Mark Wilson