၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး macOS နဲ့ iOS App (၁၀) ခု

၂၀၁၉ ခုနှစ်ဟာ မကြာခင်ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒါကြောင့် Macrumors ဝက်ဘ်ဆိုက် အကြိုက်ဆုံး app တွေဝေမျှခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ Mac နဲ့ iOS app တွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Mac App များ

One Switch (၄.၉၉ဒေါ်လာ)

One Switch ဟာ Mac ရဲ့ menu bar မှာ switch အမျိုးမျိုးထည့်သွင်းပေးနိုင်တဲ့ app ဖြစ်ပါတယ်။ သုံးစွဲသူက desktop option တွေအတွက် toggle တွေထည့်သွင်းပြီး dark mode ကိုဖွင့်တာ၊ Mac ကိုနိုးကြားအောင် လုပ်တာအပြင် နားကြပ်နဲ့ချိတ်ဆက်တာ၊ Do Note Disturb နဲ့ Night Shift အပြင် Screen Saver အတွက်ခလုတတွေထည့်သွင်းနိုင်ပါတယ်။ သုံးစွဲသူက One Switch menu ကိုလိုသလို ချိန်ညှိနိုင်ပါတယ်။

Stack

Stack ဟာ web app တွေအတွက် အင်တာနက် launchpad ဖြစ်တဲ့ Mac app ဖြစ်ပါတယ်။ အဲဒီ app ကို အင်တာနက် OS လို့လည်း ခေါ်ကြပါတယ်။ Facebook, Messenger, Gmail, Slack စတဲ့ဝက်ဘ်ဆိုက်တွေကို tab တွေနဲ့ဖွင့်နိုင်ပါတယ်။ မတူညီတဲ့ ကဏ္ဍတွေနဲ့ app တွေကို စုစည်းထားနိုင်ပါတယ်။

Pock

Pock ဟာ Touch Bar ကိုအသုံးဝင်အောင် ဖန်တီးပေးမယ့် app တစ်ခုဖြစ်ပါတယ်။ သုံးစွဲသူရဲ့ dock ထဲမှာ folder အတွင်း ဖိုင်တွေနဲ့ app တွေကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ Pock ဟာစိတ်ကြိုက်ပြင်ဆင်နိုင်ပြီး သီချင်းတွေကို ထိန်းချုပ်ဖို့အတွက် widget ထည့်သွင်းနိုင်ကာ Wi-Fi ချိတ်ဆက်မှု ဘက်ထရီပမာဏလိုမျိုး အချက်အလက်အတွက် widget ကိုလည်းထည့်သွင်းနိုင်ပါတယ်။

Moom (ဒေါ်လာ ၉.၉၉)

Moom ဟာ Mac ပေါ်က window အရွယ်အစားကို ချိန်ညှိတာ အလွယ်တကူ ရွေ့တာတွေ ပြုလုပ်နိုင်ပါတယ်။ Moom လုပ်ဆောင်ချက်မှာ သတ်မှတ်ထားတဲ့ အရွယ်တွေနဲ့ တည်နေရာတွေပါဝင်လာပါတယ်။ ဒါ့အပြင် window display အရွယ်အစားတွေ ဖန်တီးဖို့ အကွက်တွေ ရေးဆွဲထားနိုင်ပါတယ်။ Mac ပေါ်က windo​w တွေကို ရွေ့လျားတာ၊ zoom လုပ်တာအမျိုးမျိုးပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် window ကိုဒုတိယမြောက် display ထဲရွေ့တာအပြင် အရွယ်ချုံ့ချဲ့တာတွေလည်း ပြုလုပ်နိုင်ပါတယ်။

Little Snitch (၄၅ဒေါ်လာ)

Little Snitch ဟာ Mac ပေါ်က အင်တာနက်စီးဆင်းမှုစောင့်ကြည့်ပေးပါတယ်။ ဘယ်လိုမျိုး app တွေက ဘယ်နေရာဆီ အချက်အလက်ကို ပေးပို့နေတာ မြင်နိုင်ပါတယ်။ ဒါကြောင့် အင်တာနက်ချိတ်ဆက်မှုတစ်ခုလုံးကို မြင်တွေ့ပြီး ထိန်းချုပ်နိုင်ပါတယ်။ Mac ကနေ approve ဒါမှမဟုတ် ကန့်သတ်တာ ပြုလုပ်ပါတယ်။ ဒါ့အပြင် ချိတ်ဆက်မှုတွေ ဘယ်လိုပြုလုပ်လဲဆိုတဲ့ ကမ္ဘာမြေပုံကို မြင်နိုင်ပြီး သတိပေးချက်တွေ ရယူတာ ဒါမှမဟုတ် နောက်ကွယ်မှာ အသုံးပြုတာစတဲ့ mode တွေပါဝင်လာပါတယ်။

iOS App များ

Spotify Stations

ဒီနှစ်အစောပိုင်းမှာ ထွက်ရှိလာတဲ့ Spotify ရဲ့သီးသန့် app ဖြစ်ပါတယ်။ သုံးစွဲသူက Pandora လိုမျိုး စိတ်ကြိုက်သီချင်းတွေနဲ့ အဆိုတော်တွေနဲ့ ရေဒီယိုစတေရှင်တွေဖန်တီးနိုင်ပါတယ်။

Microsoft Math Solver

သင်္ချာဘာသာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ ကျောင်းသားတွေအတွက် အသုံးဝင်မယ့် app ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ရိုက်ကူးထားတဲ့ သင်္ချာပြဿနာတွေကို Microsoft Math Solver ကဖြေရှင်းပေးနိုင်ပါတယ်။ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ တစ်ဆင့်ချင်း ရှင်းပြသွားပါမယ်။ ဒါ့အပြင် app ကလေ့ကျင့်နိုင်အောင် အလားတူ သင်္ချာပြဿနာကို ထုတ်လုပ်ပေးနိုင်ပါတယ်။

Halide (ဒေါ်လာ ၅.၉၉)

Halide ဟာ shutter speed, ISO နဲ့ white balance အပြင် live histogram အတွက် ထိန်းချုပ်မှုတွေကို လုံးဝကိုင်တွယ်နိုင်မယ့် ကင်မရာ app ဖြစ်ပါတယ်။ App ရဲ့ interface က အလွယ်တကူ အသုံးပြုနိုင်ပြီး RAW, JPG, TIFF ဒါမှမဟုတ် HEIC format နဲ့ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ iPhone အသစ်တွေအတွက် depth control တွေရှိပြီး manual နဲ့ autofocus tool အပြင် iPhone XR တွေမှာ အသုံးပြုနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်၊ အစားအစာနဲ့ အခြားအရာအတွက် အသုံးပြုနိုင်တဲ့ Depth Caputre feature လည်းပါဝင်လာပါတယ်။

Unsplash

Unsplash ဟာလူမှုအသိုက်အဝန်းအခြေခံ ဓာတ်ပုံဝေမျှတဲ့ app ဖြစ်ပါတယ်။ မူပိုင်ခွင့်အခမဲ့ ဓာတ်ပုံတွေရှိပြီး wallpaper ဒါမှမဟုတ် အခြားကိစ္စတွေမှာလည်း အသုံးပြုပါတယ်။ Unsplash ဟာ iOS app အပြင် Mac wallpaper တွေအတွက် ဝက်ဘ်ဆိုက်လည်း ဖြန့်ချိထားပါတယ်။

What the Golf (Apple Arcade မှာအခမဲ့ကစားနိုင်)

တစ်လ ၄.၄၄ဒေါ်လာကျသင့်မယ့် Apple Arcade မှာပေးသွင်းမယ့်ငွေနဲ့ တန်စေမယ့် ဂိမ်းတွေ ရှိပါတယ်။ အဲဒီဂိမ်းတွေထဲက What the Golf ဂိမ်းကတော့ ပျော်စရာဂိမ်းတစ်ခုဖြစ်ပါတယ်။

စိုးထက်

Ref: MacRumors