၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး iPhone နဲ့ Android app များ

နာမည်ကျော် နည်းပညာဝက်ဘ်ဆိုက် Mashable က ၂၀၁၉ ခုနှစ်ရဲ့ထူးခြားတဲ့ မိုဘိုင်း app တွေကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီ app တွေထဲမှာ Android သာမကဘဲ iOS အတွက်လည်း ပါဝင်လာပါတယ်။ ဒါ့အပြင် ဂိမ်းတွေလည်း ပါဝင်လာပါတယ်။

Call of Duty: Mobile

Actvision အနေနဲ့ ပျော်စရာကောင်းပြီး လွတ်လပ်စွာကစားနိုင်တဲ့ Call of Duty: Mobile ဂိမ်းကို ဖန်တီးနိုင်ခဲ့ပါတယ်။ Call of Duty ဂိမ်းကို နှစ်ပေါင်းများစွာ ကစားလာခဲ့တဲ့ ကစားသူတွေအနေနဲ့ ရင်းနှီးကျွမ်းဝင်စေမယ့်အရာတွေ ဂိမ်းထဲမှာ ပါဝင်လာပါတယ်။ ဂိမ်းထဲမှာ Black Ops နဲ့ Modern Warfare ဂိမ်းတွေ၊ မြေပုံတွေပါဝင်လာပါတယ်။ ဒါ့အပြင် နာမည်ကျော် battle royale ဂိမ်းက လက်နက်တွေလည်း ထည့်သွင်းထားပါတယ်။ Call of Duty: Mobile ဂိမ်းမှာ ဇွန်ဘီတွေကို ပစ်ခတ်ကစားနိုင်မယ့် mode လည်းပါဝင်လာပါတယ်။ Call of Duty: Mobile ဂိမ်းဟာ ပထမ ၂ လ အတွင်း ၈၇ သန်း ရရှိခဲ့ပါတယ်။

အခမဲ့

iOS, Android

Disney+

Disney ရဲ့ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ဝန်ဆောင်မှုဟာ ၂ လအတွင်း ထွက်ရှိပြီးနောက် App Store ရဲ့ ထိပ်ဆုံးနေရာကို ရယူခဲ့ပါတယ်။ Disney+ မှာ ဆယ်စုနှစ်ပေါင်းများစွာက Disney classics ရုပ်ရှင်တွေအပြင် ထူးခြားတဲ့ မူလရုပ်ရှင်ကားတွေနဲ့ Marvel universe ရုပ်ရှင်တွေကို ကြည့်နိုင်ပါတယ်။

အခမဲ့

iOS, Android

Jumbo

သုံးစွဲသူက အွန်လိုင်းတစ်ကိုယ်ရေလုံခြုံရေးကို ကာကွယ်ချင်တယ်ဆိုရင် Jumbo ကိုအသုံးပြုသင့်ပါတယ်။ သုံးစွဲသူအချက်အလက်တွေကို ရယူနေတဲ့ Facebook နဲ့ Google လိုမျိုး account တွေကို app နဲ့ချိတ်ဆက်ထားပြီး တစ်ကိုယ်ရေ အချက်အလက်ကာကွယ်ဖို့ ဘယ်လို settings တွေအသုံးပြုသင့်တယ်ဆိုတာ ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရေ အချက်အလက်ကို ဘာကြောင့် ဂရုစိုက်သင့်တယ်ဆိုတာ ရှင်းလင်းပြောပြပေးမှာ ဖြစ်ကာ Facebook ပေါ်မှာ တင်တဲ့အရာတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောပြပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် account တွေထဲကတစ်ခု အချက်အလက်ပေါက်ကြားမှုကို သတိပေးပြီး tweet အဟောင်းတွေဖျက်ဖို့လည်း အကူအညီပေးသွားပါမယ်။

အခမဲ့

iOS, Android

Mario Kart Tour

Mario Kart Tour ဂိမ်းဟာ Mario Kart လိုပဲ ထင်ရှားတဲ့ဂိမ်းဖြစ်ပါတယ်။ စမတ်ဖုန်းတွေပေါ် ရောက်ရှိလာတဲ့ Nintendo classic ဂိမ်းဖြစ်ပါတယ်။ ဂိမ်းက ကစားရအလွန်လွယ်ကူပြီး အရင်ဗားရှင်းက အရာဝတ္ထုတွေလည်းပါဝင်လာပါတယ်။ Mario Kart လိုပဲ လက်တစ်ဖက်တည်းနဲ့ ကစားနိုင်ပါတယ်။

အခမဲ့

iOS, Android

MyShake

သိပ္ပံပညာရှင်တွေက ငလျင်ဖြစ်ပွားမှုကို မခန့်မှန်းနိုင်ပါဘူး။ ဒါပေမဲ့ MyShake က ငလျင်နဲ့ပတ်သက်တဲ့ သတိပေးမှုတွေကို ဆောင်ရွက်နို်ငပါတယ်။ MyShake ကို ယူစီဘာကလေသုတေသီတွေက ဖန်တီးခဲ့ပါတယ်။ စမတ်ဖုန်း sensor တွေနဲ့ algorithm တွေကနေ လူများစွာရဲ့ ငလျင်သိရှိမှုတို့ကို ပေါင်းစပ်ထားပါတယ်။ သုံးစွဲသူတွေက ငလျင် လှုပ်ခါတာကို သိရှိတဲ့အခါ သတင်းပို့နိုင်ပါတယ်။ ဒါ့အပြင်app က ဖုန်းရဲ့ sensor တွေကို အသုံးပြုပြီး အနီးအနားက တုန်ခါမှုကို ခြေရာခံနိုင်ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ MyShake ကို ငလျင်အစောပိုင်း သတိပေးချက်အဖြစ် အသုံးပြုနေကြပါတယ်။

အခမဲ့

iOS, Android

Recorder

Google ရဲ့ Pixel 4 မှာ နှစ်သက်စရာတွေ အများကြီးပါဝင်ပြီး Recorder app ကလည်း ထူးခြားပါတယ်။ Recorder app ကအချိန်နဲ့တစ်ပြေးညီ စကားပြောဆိုမှုတွေကို စာနဲ့မှတ်တမ်းတင်ပေးပါတယ်။ Recorder ကို Wi-Fi ဒါမှမဟုတ် data ချိတ်ဆက်မှုနဲ့ အသုံးပြုရပါမယ်။

အခမဲ့

Android (Google Pixel)

အခု app ကို Pixel ဖုန်းတွေအတွက် သီးသန့်အသုံးပြုနိုင်ပါတယ်။ အခြား Android ဖုန်းတွေအတွက် APK ကို download လုပ်ပြီး သုံးစွဲနိုင်ပါတယ်။

Sayonara Wild Hearts

Apple Arcade မှာပဲကစားနိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။ Sayonara Wild Hearts ဟာ Apple Arcade ကို လစဉ်ကြေးပေးသွင်းဖို့ တန်တဲ့ဂိမ်းဖြစ်ပါတယ်။ ကစားသူက နီယွန်မီးလင်းထိန်နေတဲ့ level အမျိုးမျိုးမှာ hearts တွေကို စုဆောင်းပြီး ရန်သူတွေကို နောက်ကောက်ချရမှာ ဖြစ်ပါတယ်။

iOS

တစ်လ ဒေါ်လာ ၄.၉၉ ကျသင့်မယ့် Apple Arcade လစဉ်ကြေး

Spectre

Spectre ဟာ iOS မှာအသုံးပြုနိုင်မယ့် ကင်မရာ app ဖြစ်ပါတယ်။ Spectre ကြောင့် tripod မလိုဘဲ Long-exposure ဓာတ်ပုံတွေရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် algorithm တွေအသုံးပြုပြီး ညဘက်မှာ အလင်းလှိုင်းတွေ ထနေတဲ့ long-exposure ဓာတ်ပုံတွေ ဒါမှမဟုတ် နေ့ဘက်မှာ လူအုပ်လိုက်ကို ပျောက်သွားစေမယ့် ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။

iOS ဒေါ်လာ ၂.၉၉

Tap In

Tap In ဟာ စိတ်တည်ငြိမ်အောင် ပြုလုပ်ဖို့ တရားထိုင်တဲ့ app တစ်ခုဖြစ်ပါတယ်။ အခြားတရားထိုင်တဲ့ app တွေလိုပဲ လေ့ကျင့်ခန်း ရာပေါင်းများစွာပါဝင်လာပါတယ်။ နေ့စဉ်တရားထိုင်အစီအစဉ်နဲ့ တိုက်ရိုက် တရားထိုင်တဲ့ကဏ္ဍတွေ ပါဝင်လာပါတယ်။

အခမဲ့

iOS

Yolo

Yolo ဟာ Snapchat သူငယ်ချင်းတွေကို နာမည်မသိစေဘဲ တုံ့ပြန်မှုတွေ သိနို်ငအောင် မေးခွန်းတွေ မေးမြန်နိုင်တဲ့ app တစ်ခုဖြစ်ပါတယ်။ သုံးစွဲသူက Bitmoji ဇာတ်ကောင်ကို အသုံးပြုနို်ငပါတယ်။ ဖြေကြားလိုက်တဲ့ အဖြေတွေက ရည်ရွယ်ထားတဲ့ inbox ကိုရရှိမှာဖြစ်သလို Stories post တွေမှာလည်း ဖြေကြားနိုင်ပါတယ်။

အခမဲ့

iOS, Android

စိုးထက်
Ref: Mashable