
၂၀၁၉ ခုနှစ်ဟာ မကြာခင် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ Samsung က Galaxy Fold ကိုရောင်းချခဲ့ပြီး Motorola Razr လည်း ပြန်လည် ထွက်ပေါ်လာပါတယ်။ Apple ကလည်း iPhone 11 ကင်မရာနဲ့ အကောင်းဆုံး တင်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာ နည်းပညာကုမ္ပဏီတွေက ထုတ်ကုန်များစွာ တွေ့ရပါတယ်။ အဲဒီနည်းပညာ ထုတ်ကုန်တွေကို အောက်မှာ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
ဒေါ်လာ ၂၃၅ တန်ဖိုးရှိ Apple AirPods Pro
AirPods ကို ၂၀၁၆ မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ သုံးစွဲသူနဲ့ ဝေဖန်သူတွေက ဆူညံသံလျှော့ချမှုစနစ်နဲ့ အစားထိုးနိုင်တဲ့ tip တွေထည့်သွင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ AirPods Pro မှာတော့ feature တချို့ကို Apple ထည့်သွင်းပေးလိုက်ပါတယ်။ ဒီဇိုင်းသစ်က အသံပိုင်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးပြီး ပတ်ဝန်းကျင်အတွင်းက နောက်ခံဆူညံသံကို လျှော့ချပေးပါတယ်။ ဒါ့အပြင် နားရွက်နဲ့သင့်တော်အောင် တပ်ဆင်နိုင်မယ့် tip တွေပါဝင်လာပါတယ်။
ဒေါ်လာ ၂၀၀ တန်ဖိုးရှိ Nintendo Switch Lite
အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ Nintendo Switch ဟာ ပိုမိုသေးငယ်ပြီး dock ထဲထည့်သွင်းကာ တီဗီပေါ်မှာ ဂိမ်းကစားနိုင်ပါတယ်။ ဘက်ထရီသက်တမ်းလည်း ကောင်းမွန်သလို အရောင်လည်း စုံလင်လာပါတယ်။ မျက်နှာပြင်ကလည်း ၅.၅ လက်မအထိ ရှိပြီး Joy-Con လည်းပါဝင်လာပါတယ်။
ဒေါ်လာ ၄၀၀ တန်ဖိုးရှိ Sonos Move
Sonos စပီကာတွေဟာ နေအိမ်သုံး အကောင်းဆုံးစပီကာဖြစ်ပါတယ်။ Sonos စပီကာတွေ အများစုက ကြီးမားပြီး အလွယ်တကူ မသယ်ဆောင်သွားနိုင်ပါဘူး။ အခု Sonos Move ကလည်း အသံပိုင်းဆိုင်ရာ ကောင်းမွန်ပြီး အလွယ်တကူ သယ်ဆောင်နို်ငပါတယ်။ Wi-Fi, Bluetooth ဒါမှမဟုတ် Apple ရဲ့ AirPlay 2 ကိုအသုံးပြုပြီး Move ကနေ သီချင်းနားထောင်နို်ငပါတယ်။
ဒေါ်လာ ၁၃၀ တန်ဖိုးရှိ Amazon Echo Buds
၂၀၁၉ ခုနှစ်မှာ ကြိုးမဲ့ earbuds များစွာထွက်ပေါ်လာပါတယ်။ Amazon ရဲ့ Echo Buds ကလည်း အသံပိုင်းဆိုင်ရာကောင်းမွန်သလို Apple AirPods Pro ထက်ဈေးနှုန်းသက်သာပါတယ်။ အခု earbuds မှာ Alexa ပါဝင်လာပြီး iOS နဲ့ Android ထုတ်ကုန်တွေမှာ အသုံးပြုနိုင်ပါတယ်။
ဒေါ်လာ ၉၉၉ တန်ဖိုးရှိ Apple iPhone 11 Pro Max
iPhone 11 Pro Max မှာကင်မရာ feature တွေများစွာစုံလင်ပါတယ်။ Night Mode ကလည်း အလွန်ကောင်းမွန်လာပါတယ်။ ဒါ့အပြင် iPhone 11 Pro Max ဟာ ဒီနှစ်အတွင်း ထွက်ရှိသမျှ ဘက်ထရီသက်တမ်း အကောင်းဆုံးဖုန်းလည်း ဖြစ်ပါတယ်။
ဒေါ်လာ ၈၄၀ တန်ဖိုးရှိ Samsung Galaxy Note 10 Plus
၂၀၁၉ ခုနှစ်ရဲ့ အကောင်းဆုံး Android ဖုန်းဖြစ်တဲ့ Note 10 Plus ဒီဇိုင်းက အလွန်ကောင်းမွန်ပါတယ်။ စွမ်းဆောင်ရည်နဲ့ feature များစွာပါဝင်လာပါတယ်။ ကင်မရာပိုင်းကလည်း ဖန်တီးမှုပိုင်းအားကောင်းအောင် လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေနှစ်သက်တဲ့ S-Pen လည်းပါဝင်လာပါတယ်။
ဒေါ်လာ ၃၉၉ တန်ဖိုးရှိ DJI Mavic Mini
Mavic Mini ဟာ ဒရုန်းအသေးစားပြီး ၄ ကီလိုမီတာ ခရီးအကွာအဝေးအထိ အသုံးပြုနိုင်ပါတယ်။ ဘက်ထရီသက်တမ်းက နာရီဝက်ဖြစ်ပါတယ်။ ဒရုန်းကို စတင် စမ်းသပ်အသုံးပြုမယ့်သူတွေအတွက် အလွန်သင့်တော်တဲ့ ထုတ်ကုန်ဖြစ်ပါတယ်။
ဒေါ်လာ ၁၉၅ တန်ဖိုးရှိ Fossil Hybrid HR
Fossil Hybrid HR ဟာ စမတ်နာရီဖြစ်သလို သာမန်နာရီလို့လည်း ပြောနိုင်ပါတယ်။ နာရီမှာ လက်တံတွေပါဝင်ပြီး ဘက်ထရီသက်သာစေမယ့် စွမ်းအင်ချွေတာရေး display ကိုအသုံးပြုထားပါတယ်။ ဖုန်းနဲ့ ချိတ်ဆက်ထားတဲ့အခါ သတိပေးချက်တွေ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ရာသီဥတုနဲ့ calendar အသေးစိတ်ကို ပြသပေးပါတယ်။
ဒေါ်လာ ၂၀ တန်ဖိုးရှိ Wyze Sense
ပြတင်းပေါက် ဒါမှမဟုတ် တံခါးတွေကို စောင့်ကြည့်ပေးတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ Wyze Sense starter kit က လှုပ်ရှားမှုကို ခြေရာခံပေးပါတယ်။ အင်တာနက်နဲ့အားလုံးကို ချိတ်ဆက်ဖို့ Wyze ရဲ့လုံခြုံရေးကင်မရာတွေထဲက တစ်လုံးပဲ လိုအပ်ပါတယ်။
ဒေါ်လာ ၄၅ တန်ဖိုးရှိ Amazon Echo Dot
နာရီပါဝင်လာတဲ့ Echo Dot ထုတ်ကုန်မှာ Amazon ရဲ့ Alexa အအသုံးပြုနိုင်ပြီး အင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ ထုတ်ကုန်ကို ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် မေးခွန်းမေးတာ ဒါမှမဟုတ် သီချင်းနားထောင်တာလည်း ပြုလုပ်နိုင်ပါတယ်။
ဒေါ်လာ ၆၀ တန်ဖိုးရှိ Ring Indoor Cam
Ring လုံခြုံရေးကင်မရာတွေ အကောင်းဆုံးထုတ်ကုန်တွေထဲ တစ်ခုဖြစ်ပါတယ်။ အဲဒီကင်မရာတွေကို အိမ်ပြင်မှာ အသုံးပြုကြပါတယ်။ Ring ရဲ့အိမ်တွင်း ကင်မရာကလည်း ဈေးနှုန်းသက်သာပြီး သုံးစွဲသူက တပ်ဆင်ကာ နေအိမ်ကို စောင့်ကြည့်နိုင်ပါတယ်။
စိုးထက်
Ref: ZDNet