၂၀၁၉ ခုနှစ်ထွက် အကြမ်းခံနိုင်ရည်မြင့်မားတဲ့ ဖုန်းများ

အကြမ်းခံနိုင်တဲ့ စမတ်ဖုန်းတွေဟာ သုံးစွဲသူတွေအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။ အကြမ်းခံနိုင်ရည်မြင့်မားတဲ့ စမတ်ဖုန်းတွေက စွမ်းဆောင်ရည်မြင့်မားပြီး tool တွေစုံလင်လှပါတယ်။ ဖုန်းတွေကို မကြာခဏ ပြုပြင်စရာမလိုပါဘူး။ ဘက်ထရီလည်း ပိုမိုကြီးမားကာ ခံနိုင်ရည်ရှိပြီး ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေ အမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်။

DOOGEE S90

Doogee ကထုတ်လုပ်တဲ့ ဒေါ်လာ ၄၃၀ တန် S90 မှာ ကြီးမားတဲ့ ၆.၁၈ လက်မ ရုပ်ထွက်အရည်အသွေး 2246x 1080px နဲ့ဖြစ်ပါတယ်။ ဖုန်းကို လက်အိတ်ဝတ်ဆင်ပြီး အသုံးပြုနိုင်ပါတယ်။ အလေးချိန်က ၃၀၀ ဂရမ်ရှိပါတယ်။ S90 ကျောဘက်မှာ သံလိုက်ပါဝင်ကာ ဘက်ထရီ 5,000mAh ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် night vision ကင်မရာ၊ စပီကာ၊ ဝေါ်ကီတော်ကီ ဒါမှမဟုတ် printer တစ်ခုလည်း ပါဝင်လာပါတယ်။ ကြိုးအားသွင်းစနစ်နဲ့ NFC ထောက်ပံ့မှုအပြင် ချိန်သီး၊ ရေချိန်နဲ့ အမြင့်တိုင်းတာတဲ့ ကိရိယာတွေလည်း ထောက်ပံ့ပေးနိုင်ပါတယ်။

ZEBRA TC25 RUGGED SMARTPHONE

ဒေါ်လာ ၇၁၀ တန်ဖိုးရှိ Zebra TC25 ကတော့ မျက်နှာပြင် ၄.၃ လက်မ ရုပ်ထွက်အရည်အသွေး 800x 480 ရှိပြီး ဘက်ထရီ 3,000mAhနဲ့ဖြစ်ပါတယ်။ အကြမ်းခံနိုင်တဲ့အဆင့် IP65 ဖြစ်ပြီး ဖုန်ဒဏ်ခံနိုင်ရည်ရှိပါတယ်။ ဖုန်းနဲ့ ဆယ်လူလာဖုန်းလိုင်း မမိတဲ့အခါမှာ ဝေါ်ကီတော်ကီအဖြစ် အသုံးပြုနိုင်ပါတယ်။ အလေးချိန်မှာ ၁၉၅ ဂရမ်ရှိပြီး ၄ ပေအမြင့်က ကွန်ကရစ်ပေါ်ကို ပြုတ်ကျတဲ့ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဖုန်းမှာ ဘားကုဒ်ကို scan လုပ်နိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။

CUBOT QUEST

ဒေါ်လာ ၁၈၀ တန်ဖိုးရှိ Cubot Quest အလေးချိန်က ၂၁၃ ဂရမ်ရှိပါတယ်။ IP68 အဆင့်သတ်မှတ်ချက်ကြောင့် ဖုန်ဒဏ်နဲ့ ရေဒဏ်ခံနိုင်ပါတယ်။ ရေအောက်အနက် ၁.၅ မီတာမှာ နာရီဝက်အထိ စိမ်နိုင်ပါတယ်။ မျက်နှာပြင်အရွယ် ၅.၅ လက်မ 18:9 aspect နဲ့ ရုပ်ထွက်အရည်အသွေး 1440x 720 pixel ဖြစ်ပါတယ်။ Android 9.0 Pie ကိုအသုံးပြုထားပြီး လက်ဗွေလုံခြုံရေးနဲ့ face unlock ကလည်း မြန်ဆန်မှန်ကန်ပါတယ်။ ကြံ့ခိုင်မှုမြင့်မားတဲ့ ပိုလီယက်စတာအနားစွန်းကို အသုံးပြုထားတာကြောင့် ၁.၅ မီတာက ပြုတ်ကျတဲ့ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။

LAND ROVER EXPLORE

ဒေါ်လာ ၄၀၀ တန်ဖိုးရှိ Land Rover Explore ဖုန်းမှာ IP68 အဆင့်သတ်မှတ်ချက် ပါဝင်ပါတယ်။ ရေချိုနဲ့ ရေငန်ခံနိုင်ရည်ရှိသလို ဖုန်ဒဏ်လည်းခံနိုင်ပါတယ်။ ဘက်ထရီ 4,000mAh ဖြစ်တဲ့အတွက် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပါတယ်။ ဖုန်းရဲ့ toolbox အတွင်းမှာ အနီရောင် filter ပါဝင်ပြီး မျက်နှာပြင်လင်းထိန်မှုကို လျှော့ချပေးနိုင်ပါတယ်။ အလေးချိန်က ၂၃၂ ဂရမ်နဲ့ မျက်နှာပြင် ၅ လက်မ အပြင် ရုပ်ထွက်အရည်အသွေး 1920x 1080px ဖြစ်ပါတယ်။

ULEFONE ARMOR 6S

ULEFONE ARMOR 6S ဟာ ကြီးမားတဲ့ အကြမ်းခံဖုန်းဖြစ်ပြီး ဘက်ထရီ 5,000mAh ရှိပါတယ်။ ဖုန်းမှာ IP69K ပါဝင်တဲ့အတွက် အလွန်အကြမ်းခံပါတယ်။ ရေအောက်အနက် ၇ ပေမှာ ၂နာရီအထိ စိမ်နိုင်ပြီး ဖုန်ဒဏ်ခံနိုင်ပါတယ်။ ဒါ့အပြင် 9V/2A အားသွင်းမြန်ဆန်စနစ်နဲ့ NFC ပါဝင်လာပါတယ်။ အလေးချိန်က ၉.၄ အောင်စ ရှိပါတယ်။ မျက်နှာပြင်ကတော့ ၆.၂ လက်မ ရုပ်ထွက်အရည်အသွေး 2246x 1080px နဲ့ဖြစ်ပါတယ်။ ဖုန်းရဲ့ အသုံးအဝင်ဆုံး feature ကတော့ UV sensor ဖြစ်ပြီး နေရောင်နဲ့ ထိတွေ့မှုကန့်သတ်နိုင်ပါတယ်။

CAT S61

ဒေါ်လာ ၇၆၅ တန်ဖိုးရှိ CAT S61 မှာ အပူနဲ့ ပုံဖော်တဲ့ ကင်မရာပါဝင်ပြီး အမှောင်ထဲမှာ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ ဖုန်းမှာ လေဆာတိုင်းတာမှုနဲ့ လေအရည်အသွေး တိုင်းတာနိုင်တဲ့ feature တွေ ပါဝင်လာပါတယ်။ IP68 အဆင့်ပါဝင်တဲ့အတွက် ရေအောက် ၁၀ ပေအောက်မှာ ၁ နာရီကြာ စိမ်ထားနိုင်သလို ၆ ပေအကွာကနေ ပြုတ်ကျတဲ့ဒဏ်ကိုလည်း ခံနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၅.၂ လက်မ display ပါဝင်ပြီး ရုပ်ထွက်အရည်အသွေး 1920x 1080 ဖြစ်ပါတယ်။ ဖုန်းကို လက်အိတ်စွပ်ပြီး အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။

BLACK VIEW BV9700 PRO

ဒေါ်လာ ၃၈၀ တန်ဖိုးရှိ BV9700 Pro မှာ IP69 အဆင့်သတ်မှတ်ချက် ပါဝင်တဲ့အတွက် ရေအောက်အနက်ပေ ၁.၅ မီတာမှာ နာရီဝက် စိမ်ထားနိုင်ပါတယ်။ အမြင့်ပေ ၁.၅ မီတာကနေ ပြုတ်ကျတဲ့ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ မျက်နှာပြင်အရွယ်က ၅.၈၄ လက်မနဲ့ aspect ratio ကတော့ 19:9 ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 1080x 2280 pixels ဖြစ်ပါတယ်။ အလေးချိန်က ၂၈၃ ဂရမ်ပါ။ ဖုန်းကို USB C နဲ့ night vision ကင်မရာနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အနီးပတ်ဝန်းကျင်က ဓာတ်ငွေ့တိုင်းတာမှုအပြင် လေအရည်အသွေး တိုင်းတာမှုနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလည်း တိုင်းတာနိုင်ပါတယ်။

POPTEL P9000 MAX

ဒေါ်လာ ၂၆၀ တန်ဖိုးရှိ Poptel P9000 Max မှာတော့ မျက်နှာပြင် ၅.၅ လက်မ display ပါဝင်ပြီး ရုပ်ထွက်အရည်အသွေး 2920x 1080px နဲ့ဖြစ်ပါတယ်။ ဘက်ထရီကတော့ 9,000 ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၃၃၀ ဂရမ်ဖြစ်ပါတယ်။ ရေအောက်အနက် ၂ မီတာမှာ နာရီဝက်အထိ ရေစိမ်ခံနိုင်ပါတယ်။ အချက်အလက်တွေကို NFC ကတစ်ဆင့် လွှဲပြောင်းနိုင်ပါတယ်။ ကျောဘက်မှာ fingerprint sensor ပါဝင်လာပါတယ်။

-စိုးထက်
Ref: ZDNet