၂၀၁၈ iPhone က Android ဖုန္းေတြထက္ ပုိမုိေႏွးေကြးႏိုင္

[ Zawgyi ]

Apple ဟာ အသစ္ထြက္ရွိမယ့္ iPhone ေတြမွာ အေျပာင္းအလဲ ႀကီးႀကီးမားမားလုပ္ဖို႔ ရွိေနပါတယ္။ အဲဒီအေျပာင္းအလဲေၾကာင့္ မ်ိဳးဆက္သစ္ iPhone ေတြရဲ႕ ေဒတာ download လုပ္ႏႈန္းက Android ထုတ္ကုန္ေတြထက္ ေႏွးေကြးႏိုင္ပါတယ္။

စမတ္ဖုန္းေတြအတြက္ 4G ခ်စ္ပ္ေတြ ေထာက္ပ့ံေနတဲ့ Qualcomm က အသစ္ထြက္ရွိမယ့္ iPhone ေတြအတြက္ modem ေတြေထာက္ပ့ံဖို႔ ေမွ်ာ္လင့္မထားေၾကာင္း ဇူလုိင္ ၂၅ ရက္ (ဗုဒၶဟူးေန႔) က ေျပာပါတယ္။

“Apple က မ်ိဳးဆက္သစ္ iPhone ေတြမွာ ကၽြန္ေတာ္တုိ႔ modem ေတြမဟုတ္ဘဲ ၿပိဳင္ဘက္ modem ေတြကိုပဲ အသုံးျပဳဖို႔ရွိတယ္လို႔ သိရပါတယ္” လို႔ Qualcomm ဘ႑ာေရးအႀကီးအကဲ ေဂ်ာ႔ဒါးဗစ္က ေျပာခဲ့ပါတယ္။

Qualcomm ရဲ႕ခ်စ္ပ္လုပ္ငန္းအႀကီးအကဲျဖစ္သူ ခရစၥတီယာႏိုေအမြန္က Apple ကုိ ထာဝရ ဆုံး႐ႈံးသြားတာမဟုတ္ဘူးလို႔လည္း ဆိုပါတယ္။

“ဒီလုပ္ငန္းဟာ အလြန္အတက္အက်ရွိပါတယ္။ တကယ္လုိ႔ အခြင့္အေရးရွိခဲ့မယ္ဆိုရင္ ကၽြန္ေတာ္တို႔က Apple အတြက္ ခ်စ္ပ္ေထာက္ပံ့သူေတြ ျဖစ္လာႏိုင္ပါတယ္” လို႔ေျပာသြားခဲ့ပါတယ္။

Apple နဲ႔ Qualcomm ဟာ ၂၀၁၇ ခုႏွစ္အေစာပုိင္းကစၿပီး မူပုိင္ခြင့္အျငင္းပြားမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။ Qualcomm ဟာ အရင္က iPhone ေတြအတြက္ modem ေတြအားလုံးေထာက္ပံ့ခဲ့ေပမယ့္ အခုဆိုရင္ Apple က AT&T နဲ႔ T-Mobile မွာေရာင္းခ်မယ့္ ဖုနး္ထက္ဝက္ခန္႔မွာ 4G ခ်စ္ပ္ေတြကုိ အသုံးျပဳသြားမွာ ျဖစ္ပါတယ္။ အခုအေျပာင္းအလဲက Qualcomm နဲ႔ရင္ဆုိင္မယ့္ Apple အတြက္ တြန္းအားတစ္ခု ျဖစ္လာမွာပါ။ ဒါေပမဲ့ Apple ဟာ ကြန္ရက္ျမန္ႏႈန္းေတြကို ကန္႔သတ္ထားတာေၾကာင့္ ထိခိုက္ခဲ့ရတဲ့ သုံးစြဲသူေတြအတြက္ ေဝဖန္ခံခဲ့ရပါတယ္။

Qualcomm အေနနဲ႔ မ်ိဳးဆက္သစ္ iPhone ေတြအတြက္ modem ေတြ ေထာက္ပံ့မယ့္ ကုမၸဏီကုိ ထုတ္ေဖာ္မေျပာၾကားခဲ့ေပမယ့္ အဲဒီကုမၸဏီဟာ Intel ပဲျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

Apple အေနနဲ႔ ခ်စ္ပ္ေထာက္ပံ့သူ ေျပာင္းလဲလိုက္တာေၾကာင့္ အသစ္ထြက္ရွိမယ့္ iPhone ကို ဝယ္လိုအားနဲ႔အမီ ထုတ္လုပ္ဖုိ႔ ခက္ခဲႏိုင္ပါတယ္။ ဒါေၾကာင့္ ထုတ္ကုန္သစ္ထြက္ရွိဖို႔ အခ်ိန္အနည္းငယ္ ေစာင့္ဆုိင္းရႏိုင္ပါတယ္။ ဒါ့အျပင္ ျမန္ႏႈန္းစမ္းသပ္မႈေတြအရ Qualcomm အသုံးျပဳထားတဲ့ စမတ္ဖုန္းေတြဟာ Intel ပ႐ိုဆက္ဆာက္အသုံးျပဳထားတဲ့ ထုတ္ကုန္ေတြထက္ ကြန္ရက္ျမန္ႏႈန္း ပိုမုိျမန္ဆန္တယ္လို႔ သိရပါတယ္။

စုိးထက္
Ref: CNET

[ Unicode ]

Apple ဟာ အသစ်ထွက်ရှိမယ့် iPhone တွေမှာ အပြောင်းအလဲ ကြီးကြီးမားမားလုပ်ဖို့ ရှိနေပါတယ်။ အဲဒီအပြောင်းအလဲကြောင့် မျိုးဆက်သစ် iPhone တွေရဲ့ ဒေတာ download လုပ်နှုန်းက Android ထုတ်ကုန်တွေထက် နှေးကွေးနိုင်ပါတယ်။

စမတ်ဖုန်းတွေအတွက် 4G ချစ်ပ်တွေ ထောက်ပ့ံနေတဲ့ Qualcomm က အသစ်ထွက်ရှိမယ့် iPhone တွေအတွက် modem တွေထောက်ပ့ံဖို့ မျှော်လင့်မထားကြောင်း ဇူလိုင် ၂၅ ရက် (ဗုဒ္ဓဟူးနေ့) က ပြောပါတယ်။

“Apple က မျိုးဆက်သစ် iPhone တွေမှာ ကျွန်တော်တို့ modem တွေမဟုတ်ဘဲ ပြိုင်ဘက် modem တွေကိုပဲ အသုံးပြုဖို့ရှိတယ်လို့ သိရပါတယ်” လို့ Qualcomm ဘဏ္ဍာရေးအကြီးအကဲ ဂျော့ဒါးဗစ်က ပြောခဲ့ပါတယ်။

Qualcomm ရဲ့ချစ်ပ်လုပ်ငန်းအကြီးအကဲဖြစ်သူ ခရစ္စတီယာနိုအေမွန်က Apple ကို ထာဝရ ဆုံးရှုံးသွားတာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

“ဒီလုပ်ငန်းဟာ အလွန်အတက်အကျရှိပါတယ်။ တကယ်လို့ အခွင့်အရေးရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့က Apple အတွက် ချစ်ပ်ထောက်ပံ့သူတွေ ဖြစ်လာနိုင်ပါတယ်” လို့ပြောသွားခဲ့ပါတယ်။

Apple နဲ့ Qualcomm ဟာ ၂၀၁၇ ခုနှစ်အစောပိုင်းကစပြီး မူပိုင်ခွင့်အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ Qualcomm ဟာ အရင်က iPhone တွေအတွက် modem တွေအားလုံးထောက်ပံ့ခဲ့ပေမယ့် အခုဆိုရင် Apple က AT&T နဲ့ T-Mobile မှာရောင်းချမယ့် ဖုနး်ထက်ဝက်ခန့်မှာ 4G ချစ်ပ်တွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အခုအပြောင်းအလဲက Qualcomm နဲ့ရင်ဆိုင်မယ့် Apple အတွက် တွန်းအားတစ်ခု ဖြစ်လာမှာပါ။ ဒါပေမဲ့ Apple ဟာ ကွန်ရက်မြန်နှုန်းတွေကို ကန့်သတ်ထားတာကြောင့် ထိခိုက်ခဲ့ရတဲ့ သုံးစွဲသူတွေအတွက် ဝေဖန်ခံခဲ့ရပါတယ်။

Qualcomm အနေနဲ့ မျိုးဆက်သစ် iPhone တွေအတွက် modem တွေ ထောက်ပံ့မယ့် ကုမ္ပဏီကို ထုတ်ဖော်မပြောကြားခဲ့ပေမယ့် အဲဒီကုမ္ပဏီဟာ Intel ပဲဖြစ်နိုင်တယ်လို့ သိရပါတယ်။

Apple အနေနဲ့ ချစ်ပ်ထောက်ပံ့သူ ပြောင်းလဲလိုက်တာကြောင့် အသစ်ထွက်ရှိမယ့် iPhone ကို ဝယ်လိုအားနဲ့အမီ ထုတ်လုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ထုတ်ကုန်သစ်ထွက်ရှိဖို့ အချိန်အနည်းငယ် စောင့်ဆိုင်းရနိုင်ပါတယ်။ ဒါ့အပြင် မြန်နှုန်းစမ်းသပ်မှုတွေအရ Qualcomm အသုံးပြုထားတဲ့ စမတ်ဖုန်းတွေဟာ Intel ပရိုဆက်ဆာက်အသုံးပြုထားတဲ့ ထုတ်ကုန်တွေထက် ကွန်ရက်မြန်နှုန်း ပိုမိုမြန်ဆန်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: CNET